NEWS

Dishang Kenny Garment စက်ရုံ အလုပ်သမားများ တရက် ၁၆ နာရီ လုပ်ကိုင်ပေးနေရ

CoverLogo
997 Views
 
ရန်ကုန်မြို့ ၊ လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန်၊ မင်းကြီးမဟာမင်းခေါင်းလမ်းက Dishang Kenny Garment စက်ရုံမှာ တရက် အလုပ်ချိန် ၁၆ နာရီနီပါး လုပ်ကိုင်ပေးနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
Dishang Kenny အထည်ချုပ်စက်ရုံဟာ Dishang Groupရဲ့စက်ရုံတရုံဖြစ်ပြီး အလုပ်ဝင်ချိန်က မနက် ၇ ခွဲနာရီဖြစ်ပေမဲ့ ည၁၁နာရီ အထိ လုပ်ကိုင်ပေးနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံကတော့ တရုတ်နိုင်ငံသား ပိုင်ဆိုင်ပြီး အလုပ်သမား ၆၀၀ ကျော်နဲ့ SEASON REASON by Lin&Red၊ RESERVED၊ CLOSSHI တံဆိပ်တွေ ချုပ်လုပ်နေတယ်လို့ သိရပါတယ်။
 
“အလုပ်သမားရဲ သဘောဆန္ဒမပါပဲ အချိန်ပိုတွေဆင်းခိုင်းတယ်။ နေ့တိုင်းလို ဆင်းခိုင်းတာ။ ညနေ ၄ နာရီ ကနေ ညဘက် ၁၁ နာရီအထိ မဆင်းမနေရ ဖိအားပေး ဆင်းခိုင်းတာ။ ည ၁၁ နာရီအထိ ဆင်းပြီးရင် အလုပ်သမားတွေကို စက်ရုံထဲမှာပဲ အိပ်ခိုင်းတယ်။ မနက်ရောက်တော့ ပုံမှန် အတိုင်း ၇ နာရီခွဲ အလုပ်ဝင်ရ ပြန်ရော၊ ညနေကြ အချိန်ပိုဆိုပြီး ည ၁၁ နာရီအထိ ထပ်ဆင်းရ ပြန်တာ” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စနေနေ့တွေမှာ ညနေ ၅ နာရီအထိ လုပ်ကိုင်ပေးရပြီး တနင်္ဂနွေ ပိတ်ရက် မနားရပဲ အချိန်ပို လုပ်ကိုင် ပေးနေရတယ်လို့ ပြောပါတယ်။ အချိန်ပိုမဆင်းပါ အငြိုးထား ၊ ခွဲခြားဆက်ဆံတာတွေအပြင် အချိန်ပို မဆင်းနိုင် လို့ ပြောပါကလည်း စက်ရုံ တာဝန်ရှိသူတွေက အလုပ် ထုတ်ပယ်တာတွေ ပြုလုပ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
Dishang Kenny အထည်ချုပ်စက်ရုံ အလုပ်သမားတွေမှာ ရှောင်တခင်ခွင့်၊ ဆေးခွင့်မရတဲ့အပြင် အချိန်ပို အမြောက်အမြား ဆင်းရတာကြောင့် နေထိုင်းမကောင်းတာလည်း ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။ ခွင့်တိုင်ကြားပေမဲ့ ခွင့်မရတဲ့အတွက် ဒေးကြေး(၅၈၀၀)ကျပ်၊ ရက်မှန်ကြေး(၂၀၀၀၀)ကျပ်နဲ့ ကျွမ်းကျင်ကြေးပါ အဆင့်လိုက် ဖြတ်တောက်ခံနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
လုပ်ငန်းခွင်ထဲမှာ ကျွမ်းကျင်ကြေးကို အဆင့်လိုက် သတ်မှတ်ပေးထားပေမဲ့ စူပါတွေနဲ့ အဆင်ပြေတဲ့ အလုပ်သမားတွေကသာ သတ်မှတ်ကျွမ်းကျင်ကြေးရရှိ နေတယ်လို့ Dishang Kenny အထည်ချုပ် စက်ရုံ အလုပ်သမားတွေက ပြောပါတယ်။ နေ့စားအလုပ်သမားတွေ အများအပြားကို ခိုင်းစပြီး လုပ်သက် ၃ လကနေ ၂ နှစ် နီးပါးရှိ နေ့စားအလုပ်သမားတွေကိုလည်း အတည်ပြုဝန်ထမ်း ခန့်အပ်ပေးတာမရှိတာကြောင့် နစ်နာမှုတွေ ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အလုပ်သမားတွေ မချုပ်လုပ်နိုင်တဲ့ အထည်စံချိန်ကိုတောင်းခံပြီး၊ တောင်းတဲ့ စံချိန်မရပါက အောစူပါတွေရဲ့ ဆဲဆို၊ အော်ဟစ်တာခံရတဲ့အပြင် စံချိန်ပြည့်အောင် အချိန်ပို လုပ်ခမရဘဲ ချုပ်ပေးရတယ်လို့ Dishang Kenny စက်ရုံ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံ Fanishing ဌာနမှာလည်း အချိန်ပို လုပ်ခမပေးဘဲ ခိုင်းစေသလို စစ်တပ်ပေါ်တာဆွဲတဲ့ သတင်းနဲ့ လမ်းသွားလမ်းလာ နေရာတိုင်းမှာ လုံခြုံဘူးဆိုတဲ့ စိုးရိမ်မှုတွေ အလုပ်သမားတွေမှာ ဖြစ်ပေါ်နေတယ်လို့လည်း ပြောပါတယ်။
 
ခွင့်ရက်တွေ ရရှိဖို့၊ အောစူပါတွေက ဆဲဆို အော်ဟစ်တာတွေ မလုပ်ဖို့၊ အလုပ်သမား ဆန္ဒမပါပဲ အချိန်ပို မခေါ်ဖို့၊ အငြိုးထား ခွဲခြားဆက်ဆံတာ မလုပ်ဖို့၊ အချိန်ပိုအတွက် လုပ်ခရှင်းပေးဖို့ ကို Dishang Kenny အထည်ချုပ် စက်ရုံ အလုပ်သမားတွေက တောင်းဆိုထား ပါတယ်။

Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026