NEWS

Dishang Fashion (Myanmar) အလုပ်သမားတွေ ဒေးကြေးတောင်းဆိုမှု ပြေလည်မှုရရှိ

CoverLogo
702 Views
 
Dishang Fashion (Myanmar) အထည်ချုပ်မှာ လုပ်ခလစာ‌ ဒေးကြေးတိုးမြှင့်ရေးအပါအဝင် တောင်းဆိုချက်တွေကို ၈ ရက်မြောက်တောင်းဆိုပြီးနောက်မှာ ပြေလည်မှုရခဲ့တယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။
 
ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ လုပ်ခနည်းပါးမှုတို့ကြောင့် စားဝတ်နေရေးအခက်တွေ့နေရလို့ အလုပ်သမားတွေ အလုပ်ရပ်ပြီး ဒေးကြေးတိုးပေးဖို့ တောင်းဆိုခဲ့ကြတာပါ။
 
ရလာဒ်အနေနဲ့ အလုပ်သမားတွေတောင်းဆိုတဲ့ ဒေးကြေး ၁၃၀၀၀ ကျပ် မရရှိခဲ့ဘဲ အဲ့ဒီအောက်လျှော့နည်းတဲ့ နှုန်းထားနဲ့သာ အလုပ်ရှင် နဲ့ သဘောတူစာချုပ်ချုပ်ဆို နိုင်ခဲ့တာလို့ သိရပါတယ်။
 
"ဒေးကြေး ၄၈၀၀ ၊ ထောက်ပံ့ကြေး ၂၀၀၀၊‌ ထောက်ပံ့ကြေး ၄၂၀၀ ကျပ် စုစုပေါင်း ၁၁၀၀၀ ကျပ် ပါ၊ ကျွမ်းကျင်ကြေး အဆင့်လိုက် ၅၀၀ ကျပ် ၊ ရက်မှန်ကြေး ၁၀၀၀၀ တိုးတယ်"လို့ အလုပ်သမားကပြောပါတယ်။
 
တောင်းဆိုမှုပြုလုပ်ခဲ့တဲ့ မေ ၂၀ ကနေ ၂၆ ရက်နေ့ အထိ No Work No Pay ဖြစ်လို့ လုပ်ခမရရှိဘူးလို့ သဘောတူစာချုပ်မှာ ထည့်သွင်းချုပ််ဆိုထားတာတွေ့ရပါတယ်။ အခြားသော လုပ်ငန်းခွင်ဆိုင်ရာ အခွင့်အရေးအချို့လည်း လိုက်နာ သဘောတူဖို့ အလုပ်ရှင် အလုပ်သမား နှစ်ဖက် သဘောတူစာချုပ်မှာ ဖော်ပြထားပါတယ်။
 
Dishang Fashion အလုပ်သမားတွေ ၂၀၂၅ခုနှစ်၊ မေလ၊ ၁၉ ရက်နေ့ မှ စပြီးဒေးကြေး တိုင်အနေနဲ့ ဒေးကြေး တိုးပေးဖို့ ၊ ကျွမ်းကျင်ကြေး အဆင့်လိုက် ၁၀၀၀ ကျပ် တိုးပေးရန်၊ ရန်မှန်ကြေး ၂၀၀၀၀ ကျပ် တိုးပေးရန်၊ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီအဖွဲ့ပြန်ဖွဲ့ပေးရန်၊ အထည်စံချိန်များကိုပုံသေ သတ်မှတ်၍ ထပ်မံ့တိုးမတောင်းရန်၊ ဥပဒေပါခွင့်များပေးရန်နှင့် ဂိတ်ပတ်ယူလျှင် လျင်မြန်လွယ်ကူစေရန်၊ အစရှိတဲ့ တောင်းဆိုချက် (၁၂) ခုကို တောင်းဆိုမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။
 
Dishang Fashion (Myanmar) Co.,L.td အထည်ချုပ်စက်ရုံက တရုတ်နိုင်ငံသား ပိုင်စက်ရုံဖြစ်ပြီး လှိုင်သာယာမြို့နယ် ရွှေသံလွင်စက်မှုဇုန် မင်းကြီး မဟာမင်းခေါင်လမ်းမှာဖွင့်လှစ်ထားပြီး အလုပ်သမား ၉၀၀ ဝန်းကျင် နဲ့ ONLY , bestseller အမှတ်တံဆိပ်အထည်တွေ ချုပ်လုပ်နေတယ်လို့ သိရပါတယ်။
 

Related posts

Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026