NEWS

Dishang Fashion (Myanmar) အထည်ချုပ် အချိန်ပိုကြိုပို့ အဆင်မပြေ၊ ကုန်ကျစာရိတ် များပြား

CoverLogo
428 Views
 
Dishang Fashion (Myanmar)Co.,Ltd ပိုင် အထည်ချုပ်စက်ရုံမှာ အချိန်ပိုလုပ်ကိုင်ရပြီး အပြန်ကြိုပို့ယာဉ် အဆင်မပြေလို့ အလုပ်သမားတွေမှာ ကုန်ကျစာရိတ်များပြားနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံက နေ့စဉ် အချိန်ပို ၃ နာရီ လုပ်ကိုင်ရပြီး ည ၇ နာရီခွဲမှ အိမ်ပြန်ရတယ်လို့လည်း ပြောပါတယ်။
 
“အချိန်ပိုဆင်းကြရတဲ့သူတွေထဲမှ တချို့အရမ်းဝေးတဲ့ နေရာက အလုပ်သမားတွေလည်းပါတယ်။ ပြန်ရင် ပတ်ပို့တဲ့ ကားနဲ့ ပြန်ရတာ။ ပတ်ကားက စီးနေကြနေရာတွေ ပို့မပေးတော့ဘူး။ ဆင်းရမဲ့ နေရာကနေ တော်တော် ဝေးဝေးမှာ ဆင်းရတယ်။ ပတ်ကားနဲ့ဆို ဆင်းတဲ့နေရာ ရောက်ရင်တောင် ၉ နာရီလောက်ရှိနေပြီ။ အချိန်မရှိတော့ ဆိုင်ကယ်ကယ်ရီ၊ သုံးဘီးငှားပြန်ရတာ။ အချိန်ပိုခ တဝက်လောက်က ကုန်နေပြီ။” လို့ ပြောပါတယ်။ ။
 
အလုပ်ခေါ်စဉ်က ဖယ်ရီပေးမယ်လို့ ပြောဆိုခဲ့ပေမဲ့ သတ်မှတ်နေရာအတွက်ကို စီစဉ်ပေးတာမရှိခဲ့ဘူးလို့လည်း မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် - IWFM ကို အလုပ်သမားတွေက ပြောပါတယ်။
“စက်ရုံဘက်က သတ်မှတ်လူဦးရေပြည့်ရင် ဖယ်ရီပေးမယ်ပြောထားပြီး သတ်မှတ်လူဦးရေ ပြည့်လည်း သတ်မှတ်နေရာအတွက် စီစဉ်ပေးတာ မရှိပါဘူး။ မန်နေဂျာက အဆင်ပြေအောင် ဆောင်ရွက်မပေးဘူး။ အလုပ်သမားတစ်ယောက်ကို ၁၅,၀၀၀ ပေးပြီး ကားသမားနဲ့ ညှိစီးခိုင်းတော့ တခြား အလုပ်သမားတွေနဲ့ဆို အဆင်မပြေကြဘူး။ အလုပ်သမားတွေက စက်ရုံရော WCC ရော ပြောပြလည်း မရပါဘူး။ ” လို့ IWFM တာဝန်ရှိသူက ပြောပါတယ်။
 
စက်ရုံဘက်က အလုပ်သမားတွေ အလုပ်ထွက်ပါက လစာ၊ ရပိုင်ခွင့်တွေ ထုတ်ယူဖို့ အစီအစဉ်က အလုပ်သမားတွေက နစ်နာနေရတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“အလုပ်ထွက်ရင် တပတ်ကြိုပြော ။ လစာလွှဲစာကို ရေးထားပေးရတယ်။ ဒါပေမဲ့ အရေးပေါ် အလုပ်ထွက်ရရင် ကြိုမပြောနိုင်တော့ဘူး။ တရက်လောက်ပဲ ကြိုပြောနိုင်ရင် လစာအတွက် ကိုယ်စားလှယ်လွဲစာ စက်ရုံက မပေးတော့ဘူး။ မိသားစုက ရဖို့ရှိတဲ့ လစာလည်း ထုတ်မရတော့ဘူး။ ဒါအလုပ်သမား လစာတွေကို စက်ရုံက မတရား ယူနေတာ” လို့ ပြောပါတယ်။
 
အလုပ်ရုတ်တရက် ထွက်လို့ လစာနစ်နာရတဲ့ အပြင် အချိန်ပို ဆင်းထားတဲ့ ထမင်းဖိုး ကျပ် ၁၀၀၀ ပါ စက်ရုံဘက်က ရှင်းမပေးတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံဘက်က ပွိုင့် ချုပ်လုပ်နိုင်သူ၊ စူပါ၊ လီတာတွေနဲ့ ညှိနှိုင်း ချုပ်နိုင်သူ၊ ပျက်ရက်နည်းသူတွေကို ဂရိတ်ကြေး တိုးပေးမယ်လို့ သတ်မှတ်ထားပေမဲ့ ဘတ်လိုက်မှုတွေ ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“စည်းကမ်းချက်နဲ့ ကိုက်ရင် ၃ လကျော်တာနဲ့ ပေးတယ်။ လုပ်သက်နည်းပေမဲ့ ကျွမ်းကျင်တဲ့သူ၊ ဂရိတ်နိမ့်ပေမဲ့ ဂရိတ်အမြင့်တွေလို့ ချုပ်နိုင်သူတွေတော့ ဂရိတ်အဆင့်မရကြဘူး။ အော်စူပါ၊ စူပါ၊ လီတာတွေရဲ့ နီးစပ်သူတွေ၊ သူတို့သွင်းပေးတဲ့ အလုပ်သမားတွေကိုတော့ ပွိုင့်အသေးနဲ့ အလွယ်ဆုံးချုပ်ရပြီး ဂရိတ် အမြင့်ဆုံးတွေ ပေးထားတယ်” လို့ ပြောပါတယ်။
 
အလုပ်ချိန်အတွင်း အလုပ်သမားတွေရဲ့ လက်ကိုင်ဖုန်းတွေကို သိမ်းဆည်းထားလို့ ဖုန်းဖျက်ဆီးတာ၊ လူမှုရေးဆုံးရှုံးရတာတွေ ရှိနေတယ်လို့ ဆက်ပြောပါတယ်။
 
“အလုပ်သမားတွေက ဖုန်းကို အနားထားခွင့်ပေးဖို့ ပြောတယ် ဖုန်းလာရင် စူပါက ကိုင်ပေးပေါ့၊ အဲ့ဒါမရဘူး စူပါဖုန်းနံပါတ်ပေးခိုင်းထားတယ်။ စူပါလည်း အလုပ်များနေတာ ဘယ်လိုကိုင်နိုင်မလဲ။ မိသားစုဝင် အရေးပေါ်ဖြစ်လို့ အသက်မမီလိုက်တာတွေတောင် ဖြစ်ခဲ့တာ။ စက်ရုံဘက်က သေချာစီမံမပေးတော့ အလုပ်သမားတွေ နစ်နာရတယ်” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံ ထွက်ပေါက်က ကျဉ်းမြောင်းတာကြောင့် အလုပ်သမားအချင်းချင်း ပြသနာတွေ ဖြစ်ပွားရတဲ့အပြင် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ပါက ထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။
 
“အော်တစ်တွေလာတုန်းက စက်ရုံ တံခါးမကြီးတွေကို ပြင်ဖို့ ပြောပေမဲ့ ပြင်မပေးဘူး။ စက်ရုံကလည်း ကျဉ်းကျဉ်းလေးပဲ ဖွင့်ပေးထားတယ်။ အလုပ်ဆင်းလို့ အထွက်မှာ တိုက်မိ၊ နင်းမိကြတော့ စကားများကြ၊ ရန်ဖြစ်ကြနဲ့။ နောက် တံခါးဘီးတွေက ပျက်နေတာ။ အရေးပေါ်ဆို ထွက်မရတာနဲ့ ပိတ်မိမဲ့ အနေအထား။” လို့ အ ပြောပါတယ်။
 
စက်ရုံမှာ အထွေထွေလုပ်သားဆိုပြီး အလုပ်ခန့်ထားပေမဲ့ စက်ရုံနဲ့ မသက်ဆိုင်တဲ့ လုပ်ငန်းတွေပါ လုပ်ကိုင် နေရတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“စက်ရုံ အထွေထွေလုပ်သားဆိုတာ ပိတ်လိတ်ချ၊ ကွန်တိန်နာတင်၊ လိုင်းတွေထဲမှာ လိုအပ်တာလုပ် ဒါမျိုးပေါ့။ အခုက အိမ်သာမြောင်း သန့်ရှင်းရေး၊ စက်ရုံ နရံဆေးသုတ်၊ စက်ရုံးဝန်းထဲက အမှိုက်ကအစ ရှင်းခိုင်းနေတယ်။ အလုပ်ခန့်တုန်းက ဒီအလုပ်မပါဘဲ ခိုင်းနေတာ။” လို့ ပြောဆိုထားပါတယ်။
 
စက်ရုံအတွင်း လုပ်ငန်းခွင်ညှိနှိုင်းရေးအဖွဲ့ရဲ့ ညှိနှိုင်းပေးမှုက အဆင်မပြေတာ များနေတာကြောင့် အလုပ်သမားတွေမှာ နစ်နာနေရတယ်လို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။
 
Dishang Fashion (Myanmar) Co.,L.td အထည်ချုပ်စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်။ ရွှေသံလွှင်စက်မှုဇုန် ၊ မင်းကြီးမဟာ မင်းခေါင်လမ်းမှာရှိပြီး တရုတ်နိုင်ငံသားပိုင်ဆိုင်တယ်လို့ သိရပါတယ်။ လက်ရှိ အလုပ်သမား ၉၀၀ က ONLY, PImKIe, FIRST DOWN, JaVa, a.v.v, niko and…, Field Gear Club တံဆိပ်အထည်တွေ ချုပ်လုပ်နေပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026