NEWS

Dishang Fashion Myanmar အထည်ချုပ် နေ့စားလုပ်သား ၅၀ ကို အလုပ်ရပ်နား

CoverLogo
816 Views
 
လုပ်ခလစာတိုးပေးဖို့ တောင်းဆိုမှုတွေ ဖြစ်ပွားပြီးနောက် နေ့စားလုပ်သား ၅၀ ဝန်းကျင်ကို Dishang Fashion Myanmar အထည်ချုပ်စက်ရုံက အလုပ်ကနေ ရပ်နားလိုက်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံမှာ နေ့စားလုပ်သား ၁၀၀ ဝန်းကျင် လုပ်ကိုင်နေပြီး ဒီထဲက နေ့စားလုပ်သား တဝတ်လောက်ကို ဒီကနေ့မှာ စက်ရုံက အလုပ်ရပ်နားလိုက်တာ ဖြစ်ပါတယ်။
 
“ ၃၀ ရက်နေ့က နေ့စားခတွေ ရှင်းပေးတော့ တခါတည်း အလုပ်မလာဖို့ ပြောလိုက်တာ။ အကြောင်းပြချက်မရှိလည်း မရှိဘူး။ တစ်ပတ်အလုပ်နားလိုက်တယ်တဲ့။ ဘာမှ ကြိုမပြောခဲ့ဘူး။ အလုပ်ဖြုတ်တဲ့ HR မန်နေဂျာကလည်း စက်ရုံမှူးနဲ့ မရီရီ (စကားပြန်၊ လက်ထောက် စက်ရုံမှူး) က အဲလို ပြောခိုင်းလို့ ဆိုပြီး ထုတ်လိုက်တာပဲ” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
Iron ဌာနက နေ့စားအလုပ်သမားတွေကို အမြဲတမ်းခန့်အပ်ခဲ့ပြီး ကျန်တဲ့ အလုပ်သမားတွေကို အလုပ်မခန့်ဘဲ အခုလို မကြာခဏ အလုပ်ထုတ်တာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
နေ့စားလုပ်သားတွေထဲမှာ လုပ်သက် တစ်နှစ်ပြည့်တဲ့ အလုပ်သမားတွေနဲ့ လုပ်သက် ၃ လကေျာ် အလုပ်သမားတွေပါဝင်နေပြီး လခစားအလုပ်သမားအဖြစ် မခန့်ထားတဲ့ အပြင် အခုလို အလုပ်ရပ် နားလိုက်တာလို့ ဆက်ပြောပါတယ်။ ဒါ့အပြင် ဒေးကြေး ကျပ်တစ်သောင်း နဲ့အချိန်ပိုနာရီ တနာရီ ကျပ် ၂၁၀၀ ပဲ ခံစားခွင့်ရှိပြီး ကျန်တဲ့ ဥပဒေပါ အခွင့်အရေးတွေ မရဘူလို့ နေ့စားအလုပ်သမားတွေက ပြောပါတယ်။
 
“ လစား မခန့်တဲ့အပြင် အလုပ်ပါနားလိုက်တယ်။ အလုပ်ပြုတ်တော့ လာမဲ့ ငါးရက်နေ့ ပေးရမဲ့ အဆောင်ခတွေ၊ စားကြွေးတွေ ပေးဖို့ ရှိနေတာ၊ ဒုက္ခတွေ ရောက်နေပြီ” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
Dishang Fashion Myanmar က နေ့စား အလုပ်သမားတွေမှာ ခွင့်တစ်ရက်ယူလည်း အလုပ်ပြုတ်တဲ့ အပြင် ရက်ပေါင်ကြေးပါ တင်ထားရတာလို့ ဆိုပါတယ်။ ဒါ့အပြင် အော်တစ် (ကုန်အမှတ်တံဆိပ် ကိုယ်စားလှယ်) တွေလာလို့ စက်ရုံက အိမ်ပြန်လွှတ်ပြီး နေ့တဝက်စာ ကျပ် ငါးထောင်ပဲ ပေးထားတယ် လို့ နေ့စားလုပ်သား တချို့က ပြောပါတယ်။
 
“ Wcc ကို ပြောခိုင်းတော့လည်း တစ်ပတ်ဆိုလည်း တစ်ပတ်နားလိုက်ပေါ့တဲ့၊ တစ်ပတ်ပြည့်ရင် ပြန်ခေါ်မှာလားဆိုတော့လည်း အသေအချာမသိဘူးလို့ ပြောနေတာ။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
နေ့စားလုပ်သားတွေ ရပ်နားထားတာက အလုပ်လိုအပ်ချက် ကြောင့် ရပ်နားထားတာ ဖြစ်ပြီး လာမဲ့ ဗုဒ္ဓဟူးနေ့မှာ ပြန်လည်လုပ်ကိုင်ခိုင်းမှာ ဆိုတာကို ကြားသိထားတယ်လို့ စက်ရုံဘက်က တာဝန်ရှိသူ တဦးကပြောပါတယ်။
 
“ စက်ရုံမှာ နေ့စားမရှိလို့မရဘူး။ နှစ်ယောက်လုပ်ရမဲ့နေရာမှာ တစ်ယောက်တည်း နွားလိုခိုင်းချင် နေတာ။ ဒါမျိုး မလုပ်နိုင်ပါဘူး” လို့ စက်ရုံအလုပ်သမားတဦးက ပြောပါတယ်။
 
Dishang Fashion Myanmar အထည်ချုပ် စက်ရုံက လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန် ၊ မင်းကြီးမဟာမင်းခေါင်လမ်းမှာရှိပြီး နေ့စားလုပ်သားအပါအဝင် အလုပ်သမား ၁၀၀၀ ဝန်းကျင် လုပ်ကိုင်နေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက အချက်အလက်တွေအရု Bestseller တံဆိပ် အထည်တွေ ချုပ်လုပ်နေတယ်လို့ Myanmar Labour News က သိထားပါတယ်။

Related posts

Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026