NEWS

Dishang Fashion Myanmar စက်ရုံလုပ်သားများ တစ်လ တစ်ရက်သာ နားခွင့်ရ

CoverLogo
617 Views
 
Dishang Fashion Myanmar အထည်ချုပ်စက်ရုံက တနင်္ဂနွေနေ့ နားရက်တွေမှာပါ လုပ်ကိုင်ခိုင်းတာကြောင့် တစ်လမှာ တစ်ရက်ပဲ အနားရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ တနင်္ဂနွေနေ့ အလုပ်ဆင်းရတဲ့ ရက်တွေမှာ ကြိုပို့ယာဉ်ကို စက်ရုံဘက်က စီစဉ်ပေးတာမရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“တစ်လကို တနင်္ဂနွေ အနည်းဆုံး ၃ပတ် အလုပ်ဆင်းရပါတယ်။ ပိတ်ရက် အချိန်ပိုဆင်းရတိုင်း အလုပ်လာဖို့ ဖယ်ရီ မစီစဉ်ပေးပါဘူး။ ဖယ်ရီခဆိုပြီး ၃၀၀ ပဲ ပေးပါတယ်။ စူပါတွေက ဖယ်ရီတောင်း ပေးဖူးပါတယ်။ ရုံးပေါ်က မရီရီက “သူ့တိုတွေက မလုပ်ပေးနိုင်ဘူး။ အခွင့်အရေးအကုန် လိုချင်နေလား။ စူပါတွေဖြစ်နေပြီး အလုပ်သမားတွေကို မနိုင်ကြဘူးလား"လို့ ပြောတယ်ခဲ့တယ်။ အဲဒါ ခေါင်းဆောင် တွေ က ပြန်ပြောပြတာပါ။ လို့ အလုပ်သမား တွေက ပြောပါတယ်။
 
မရီရီ ဆိုသူက စက်ရုံမှူးရဲ့ ရုံးပေါ်ကစကားပြန်ဖြစ်သလို စက်ရုံရဲ့ စီမံခန့်ခွဲသူ ဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အလုပ်သမားရုံးရဲ့ တနဂ်နွေ(ပိတ်ရက်)ရက် အလုပ်ဆင်း ခွင့်ပြုမိန့်ကို စက်ရုံကြော်ငြာသင်ပုန်းမှာ မတွေ့ရဘူးလို့လို့လည်း ပြောပါတယ်။
 
“စက်ရုံက ဥပဒေနဲ့အညီ လုပ်ဆောင်နေတာကို မကြာခဏ ပြောတာနေတာပဲ ။ စက်ရုံအဝင် လက်မှတ်ထိုး ရတိုင်း နှစ်ခါထိုးရတယ်။ အတုတစ်ခု၊ အစစ်တစ်ခု ဆိုပြီး နှစ်ခါထိုးပေးရပါတယ်။ ဘာကြောင့်လဲဆိုတာတော့ စက်ရုံက ရှင်းပြတာ မရှိဘူး” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အလုပ်ချိန် မနက် ၇ နာရီခွဲကနေ ညနေ ၄ နာရီခွဲဖြစ်ပြီး နေ့လယ်စာ စားချိန် နာရီဝတ်ပဲ နားရတာကြောင့် တနေ့ အလုပ်ချိန် ၈ နာရီခွဲအထိ လုပ်ကိုင်ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အချိန်ပို ည ၇ နာရီခွဲ အထိ လုပ်ကိုင်ရတိုင်း နာရီဝတ် နားချိန်ရပေမဲ့ ၁၅ မိနစ်သာ နားခွင့်ရပြီး ကျန်တဲ့ ၁၅ မိနစ်ကို အချိန်ပိုကြေး ပေးပြီး လုပ်ကိုင်ခိုင်းတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် အချိန်ပိုခေါ်ယူမှုတွေ ၊ နေ့စား ပြန်လွှတ်တာနဲ့ ပတ်သတ်ပြီး အလုပ်သမားသမားတွေကို စက်ရုံက လက်မှတ်အတုတွေ ထိုးခိုင်းနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“တနေ့က နေ့စားအလုပ်သမားတွေကို စနေနေ့ ည ၈ ခွဲမှ အလုပ်ဆင်းရတာကို ည ၈ နာရီအထိပဲ ဆင်းခိုင်းတယ်ဆိုပြီး လက်မှတ် ထိုးခိုင်းတယ်။ ကုန်အမှတ်တံဆိပ် ကိုယ်စားလှယ်တွေ လာလို့ ပြန်လွှတ်ရင် ၅၀၀၀ ပဲပေးတာကို ၁၀၀၀၀ ပေးပါတယ်ဆိုပြ လက်မှတ်ထိုးခိုင်းနေပြန်တယ်။ ကုန်အမှတ်တံဆိပ်ကိုယ်စားလှယ်တွေ ဧည်သည်တွေလာမှမို့ စက်ရုံက သူတို့ကို ကူညီပါဆိုပြီး လက်မှတ်ထိုးခိုင်းနေတာ။ အခုတာ့ နေ့စားအလုပ်သမားတွေ အလုပ်မခေါ်တော့ဘူး၊ အင်တာဗျူးတွေ ရပ်ထားတယ်။ ”လို့ အလုပ်သမားတွေက ပြောပါတယ်။
 
ပူပြင်းတဲ့ ကာလတွေမှာ စက်ရုံအတွင်းက အလုပ်သမားတွေ အပူဒဏ်အပြင်းအထန်ခံစားရပြီး ကျန်းမာရေး ပြဿနာတွေနဲ့ ရင်ဆိုင်ရပေမဲ့ သောက်ရေမလုံလောက်တာ ခွဲခြားဆက်ဆံတာတွေ ကြုံရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“အခုရာသီဥတု အရမ်းပူချိန် လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေ မူးလဲတာတွေ ရှိပါတယ်။ စက်ရုံက ဓာတ်ဆား တိုက်တော့လည်း အလုပ်သမား ၁၀၀၀ လောက် အတွက် မလောက်မငနဲ့ ။ လုပ်ငန်းခွင်ထဲမှာ ပန်ကာလည်း ထားမပေးပါဘူး ။ မီးပူတိုက်တဲ့နေရာတွေဆို ပန်ကာမရှိပါဘူး။ ရေလိုက်ကာနဲ့လည်း မနီးပါဘူး။ ရေလိုက်ကာ တွေလည်း မကောင်းဘူး။ အရမ်းပူလို့ အလုပ်လုပ်ရတာ အဆင်မပြေပါဘူး။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
လိုင်း ၁ ကနေ လိုင်း ၁၀ အတွင်းက အလုပ်သမားတွေ မူးလဲတာတွေကြုံရတိုင်း အောစူပါ ဆိုသူက ဂိတ်ပတ်စ် မပေးတဲ့ အပြင် “မလုပ်နိုင်ရင်ထွက်၊ မလုပ်နိုင်ရင် မလာနဲ့” လို့ ပြောဆိုတယ်လို့ သိရပါတယ်။ လုပ်ငန်းခွင်အတွင်း အဲဒီ အောစူပါက ငွေတိုး ပေး၊ ဈေးရောင်းတာတွေ ပြုလုပ်လေ့ရှိပြီး ဈေးမဝယ်တဲ့ အလုပ်သမားတွေကို ခွဲခြားဆက်ဆံတာတွေ ပြုလုပ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ တစ်ပတ်မှာ နှစ်ကြိမ် သုံးကြိမ် သောက်ရေ ပြတ်လတ်လေ့ရှိပေမဲ့ အရေးပေါ် စီမံပေးတာ မရှိဘူးလို့ အလုပ်သမား တွေက ပြောပါတယ်။
 
“ ဒီလို မိုးရွာချိန်ဆိုရင် စက်ရုံထဲက ထမင်းစားတဲ့နေရာတွေမှာ ရေတွေ၊ ရွံတွေနဲ့ ထမင်းစားရတာ အဆင်မပြေပါဘူး။” လို့လည်း အလုပ်သမားတဦးက ပြောပြပါတယ်။
စက်ရုံအတွင်း အလုပ်သမားတွေကို စောင့်ကြည့်ကာ EC စာချုပ်ချိုးဖောက်တယ်လို့ အပြစ်ရှာ အလုပ်ထုတ်တာတွေ မကြာခဏ ဖြစ်ပေါ်နေပြီး ကိုယ်ဝန်ဆောင် အလုပ်သမားတွေကိုပါ မချန် အလုပ်ထုတ်နေတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ ရည်ရွယ်ချက် ရှိရှိအလုပ်ထုတ်တာတွေ ရှိနေတယ်။ HR မန်နေဂျာက WCC ကို စောင့်ကြည့်ခိုင်းတယ်။ WCC အဖွဲ့ဝင်က အလုပ်သမားတွေကို ဓါတ်ပုံရိုက်ပြီး ရုံးပေါ်တင်လိုက်တာ။ အဲ့နောက် ကိုယ်ဝန်ဆောင် အလုပ်သမားပါမချန်ဘူး၊ EC စာချုပ် ဖောက်တယ်ဆိုပြီး ဖိအားပေး အလုပ်ထုတ်တော့တာ။ ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ အလုပ်သမားနဲ့ စက်ရုံကြားက ဆောင်ရွက်ပေးတဲ့ COC အမတယောက်ကို အလုပ်ထုတ်တာကို စက်ရုံကြော်ငြာသင်ပုန်းမှာ တွေ့တယ်။” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
Dishang Fashion Myanmar အထည်ချုပ် စက်ရုံက COC ဝန်ထမ်း အလုပ်ထုတ်ရတာက စက်ရုံနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို ပြင်ပကို ပြောလို့ Bestseller အထည်တွေ ၈၀၀၀ ပဲ အပ်တယ်ဆိုပြီး စက်ရုံအတွင်း မမှန်သတင်းတွေလွှင့် နေတယ်လို့ လည်း အဲ့ဒီအလုပ်သမားက ပြောဆိုပါတယ်။
 
Dishang Fashion Myanmar အထည်ချုပ် စက်ရုံက တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး လက်ရှိ Bestseller တံဆိပ်အထည်တွေကို လုပ်သား ၉၀၀ ဝန်းကျင်က ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။

Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026