Denko Petrochemical Management ကုမ္ပဏီမှာ အလုပ်သမားတွေပါ ။ ကုမ္ပဏီက မြေကွက်အမှတ် (၁/ခ) ရွှေလင်ဗန်းစက်မှုဇုန် ၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့မှာပါ။
အလုပ်က မနက် ၈ နာရီခွဲကနေ ညနေ ၅ နာရီခွဲထိပါ။ ထမင်းစား တစ်နာရီနားပါတယ်။ စနေနေ့ အလုပ်ဆင်းရပါတယ် နေ့တစ်ဝက်အတွက် အချိန်ပိုခ မပေးပါဘူး။
ရှောင်တခင် ခွင့် မခံစားရပါဘူး။ လုပ်သက်ခွင့် ယူရင် တနင်္ဂနွေ အချိန်ပိုဆင်းတာနဲ့ ပြန်ချေပါတယ်။ နှစ်ကုန်သွားလို့ ခွင့်ရက်လက်ကျန်လည်း အသိမပေးသလို ခံစားခွင့်လည်းမပေးပါဘူး။
အလုပ်သမားတွေပဲ ဒီခံစားခွင့်တွေ ဆုံးရှုံးနေတာပါ။ လူကြီးပိုင်းတွေကတော့ အဲဒီခွင့်တွေ ရနေလို့ပါ။ ခွဲခြားဆက်ဆံခံရပါတယ်။ အလုပ်သမားဥပဒေတွေ မလိုက်နာပဲ ချိုးဖောက်ခံရလို့ပါ။
သက်ဆိုင်ရာကို အသိပေးပါတယ်။ အကူအညီပေးဖို့ တောင်းဆိုပါတယ်။








