NEWS

Delo Myanmar garment စက်ရုံ အချိန်ပို အများအပြားခေါ်ခိုင်း

CoverLogo
355 Views
 
Delo Myanmar garment စက်ရုံကပါ ရှင့်။
အချိန်ပို ညနက်အထိ ခေါ်ခိုင်းတော့ အလုပ်သမားတွေ အဆင်မပြေဖြစ်ရပါတယ်။
အော်ဒါကို ရက်ကပ်မှ ယူတယ် ၊ ရောက် လာပါတယ်။
 
အရမ်းအရေးကြီးလိုပါ ဆိုပြီး အတင်းအကျပ် အချိန်ပိုတွေ ဆင်းခိုင်းပါတယ်။
အထည်စံချိန် တွေကို အဆမတန် ၁ နာရီကို အထည် ၁၀၀တောင်းတယ်။ မရရင် အပြောခံရပါတယ်။
ညဘက်တွေ ခေါ်ရင် လိုင်းထဲက အလုပ်သမား အားလုံးမခေါ်ပါဘူး၊ လူရွေးခေါ်တာပါ။ မဆင်းရလို့ ပြောတာမဟုတ်ပါဘူး။
 
လူနည်းနည်းနဲ့ ချုပ်ရတော့ တအားပင်ပန်းပါတယ်။
တနင်္ဂနွေ ပိတ်ရက် မနားရပါဘူး။ အမြဲတမ်းလိုလို အချိန်ပိုဆင်းရပါတယ် ရှင့်။
တစ်လမှာ တနင်္ဂနွေ ပိတ်ရက် ၄ ရက် ရှိရင် ၁ ရက်လောက်ပဲ နားရပါတယ် ။
မဆင်းရင်လဲ ပြောခံရပါတယ် ရှင့် ၊
 
ညဘက် အချိန်ပိုတွေ ဆိုရင် ၈ နာရီခွဲအထိ ခေါ်ပါတယ်ရှင့် ။
သမီးတို အိမ်ပြန်ရင် ဘယ်သူမှလဲ မရှိတော့ပါဘူးရှင့် ။ ဈေးတွေလည်း သိမ်းနေပါပြီ ။
ပြန်မှ ချက်ပြုတ်စားရတာ ဒီကြားထဲ မီးကလဲ ပျက်တော့ အဆင်မပြေဘူးရှင့်။
ည ဘက် နေတိုင်းလိုလို ဆင်းနေရရင် အရမ်းပင်ပန်းပါတယ်ရှင့်။
 
ညဘက်ဆင်းရရင်တော့ ထမင်းကျွေးပါတယ်။ မဝရေဆာ ကျွေးပါတယ်ရှင့်။
စနေနေ့ ဆို တခြားစက်ရုံတွေ ၄ နာရီခွဲ ဆင်းပေးတယ်။ သမီးတို့ စက်ရုံ ၄ နာရီခွဲ ပြန်မလွတ်ပါဘူးရှင့်၊ လ တိုင်း လိုလို ပါပဲရှင့် ။
 
ဒီလိုသာ ရည်ရှည်သာ သွားနေရင် အဆင် မပြေပါဘူးရှင့်။
ညနက်ပြန်ရတာ ယောက်ကျားလေးတွေ အတွက် အန္တရာယ် များပါတယ်။ ပေါ်တာ ကြောက်ကြရတယ်။ စစ်သားစုဆောင်းတာတွေ ကြုံရတာတွေလည်း ရှိပါတယ်။
စက်ရုံပိုင်ရှင်က တရုတ်လူမျိုးပါ။
 
အလုပ်သမား ၅၀၀ ဝန်းကျင်လောက် အလုပ်လုပ်နေပါတယ်။
Delo Myanmar အထည်ချုပ်စက်ရုံ (garment factory) က လှိုင်သာယမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန်၊ မင်းဧရာလမ်း(အောက်ထိပ်မှတ်တိုင်)မှာပါရှင့်။
 

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026