NEWS

DA MEI အထည်ချုပ် အချိန်ပို မဆင်းလို့ အောစူပါ ဆ

CoverLogo
204 Views
 
 
ရင်ဖွင့်ချင်လို့ပါ၊ တိုင်စရာလေးရှိလို့ပါ ။
 
လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၅ ၊ စံပါယ်လမ်း ၊ အမှတ် 154 က ဒါးမိန်း (DA MEI Myanmar Co.,Ltd ) အထည်ချုပ်စက်ရုံကပါ။
 
တရားမဝင် အချိန်ပိုခေါ်နေတာပါ။ မဆင်းချင်လို့ မရဘူး။ စက်ရုံ အချိန်ပို Otခေါ်လို့ မဆင်းရင် ၊ အော်စူပါ က “ဖေ”နဲ့ ကိုင်တုတ်ဆဲပါတယ်။
 
အိုတီ မဆင်းနဲ့ အလုပ်သမားကို ပုံမှန် အိုတီမပေးတော့ဘဲ အိမ်ပြန်ခိုင်းပါတယ်။ HR တွေက သူဌေး ခိုင်းတာပဲ လုပ်ပါတယ်။ အလုပ်သမားတွေကို ဥပဒေအတိုင်း ဆောင်ရွက်မပေးပါဘူး။
 
Cctv နဲ့ အချိန်ပြည့် စောင့်ကြည့်တယ်။ ပြီးရင် မိုက်နဲ့အော်ခေါ်ပြီး ဝမ်တိန် ထိုးခိုင်းတယ်။ အလုပ်ရက်ပျက်ရင် ဝမ်တိန် ထိုးရတယ် ။
 
အော်စူပါ၊စူပါတွေ ခွင့်ပေးလည်း ဝမ်တိန်ထိုးရတယ်။ မှတ်ပုံတင် အစစ်ကိုလည်း အတုလို့ ပြောပြီး အလုပ်ထုတ်တယ်။ တချို့ဆို လုပ်သက် တစ်နှစ်ကျော်မှ မှတ်ပုံတင် အတုဆိုပြီး အလုပ်ထုတ်ခံရပါတယ်။
 
ပြီးခဲ့နှစ်က စက်ရုံသတင်း တက်လာတော့ ရုံးကလာစစ်တာ မရှိဘူး ။ ဘယ်ကမှ လာတာ မရှိဘူး။ပိုက်ဆံ လာဘ်ထိုးလိုက်ရင် ပြီးကော ဆိုပြီး ခေါင်းဆောင်တွေက ပြောပါတယ်။
 
သတင်း တက်တော့ (၂၁ နိုဝင်ဘာ ၂၀၂၅ )၊ စက်ရုံ သူဌေးမက စက်ရုံအလုပ်သမားတွေကို Cmt တွေ အတင်းမန့်ခိုင်းခဲ့တယ် ၊ ခေါင်းဆောင်တွေနဲ့ နီးစပ်သူတွေ မန့်ကြပါတယ်။
 
ညီမတို့ကို ကူညီပေးပါ ။

Related posts

Cover
နေရွှေဝင်းအထည်ချုပ် အလုပ်သမားများအား အလုပ်ထုတ်ခြင်းသည် ဥပဒေဖေါက်ဖျက်မှု ဖြစ်  (အတွေးအမြင် )
May 12, 2026
Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026