NEWS

CTUM အမည်၊ အမှတ်တံဆိပ်၊ အလံ ၊ ကိုယ်ပိုင်အလံ၊ ပိုင်ဆိုင်မှုများကို တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းအနေ နဲ့ဖြစ်စေ သုံးစွဲပါက အရေးယူရေး လုပ်ဆောင်မည်

CoverLogo
374 Views

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ရဲ့ အမည်၊ အမှတ်တံဆိပ်၊ အလံနဲ့ ကိုယ်ပိုင်အလံ ၊ ပိုင်ဆိုင်မှု စတာတွေကို ဗဟိုကော်မတီရဲ့ ခွင့်ပြုချက်မရှိဘဲ လူပုဂ္ဂိုလ်တစ်ဦးချင်းကဖြစ်စေ၊ အဖွဲ့အစည်းအနေနဲ့ဖြစ် စေ သုံးစွဲပါက ပြည်တွင်းနဲ့ အပြည်ပြည်ဆိုင်ရာ တရားဥပဒေများအရ အရေးယူနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ထုတ် ပြန်ထားပါတယ်။ 

လက်ရှိမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ရဲ့ အမည်ကို အဖွဲ့ချုပ်က နှုတ်ထွက်ပြီး သူတွေက စစ်တပ်အလိုကျ လုပ်ဆောင်ပေးနေတဲ့ကိစ္စရပ်တွေမှာ သုံးစွဲနေတာ ကြောင့် ဒီအခြေအနေမှာ CTUM အဖွဲ့ချုပ်က တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်သွားမယ်လို့ ဖေဖော်ဝါရီလ(၁၄)ရက်က ထုတ် ပြန်လာတာပဲ ဖြစ်ပါတယ်။ 

“အကြမ်းဖက်စစ်တပ်က အဖွဲ့ချုပ်ရဲ့ ဒုတိယအကြိမ်ညီလာခံသက်တမ်းမှာ ရွေးချယ်တင်မြှောက်ထားတဲ့ ဗဟို ကော်မတီဝင်အားလုံးကို ရာဇသတ်ကြီးပုဒ်မ (၁၂၄-က) နိုင်ငံတော်ပုန်ကန်မှုနဲ့ ဖမ်းဝရမ်း ထုတ်ထားပါတယ်။ ဒါ့အပြင် ဗဟိုကော်မတီဝင်တွေရဲ့ နိုင်ငံကူးလက်မှတ် (passport) တွေကို ပယ်ဖျက်တာကိုလည်း နိုင်ငံတကာသံရုံး တွေကို ပေးပို့ထားပြီး အဖွဲ့ချုပ်ဥက္ကဌ ဦးမောင်မောင်ကိုလည်း နိုင်ငံသားအဖြစ်က ရပ်စဲကြောင်း ကြေညာထား ပါတယ်”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

စစ်ကောင်စီဟာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က Article 33 အရ အလုံးစုံစီးပွားရေးပိတ်ဆို့ အရေးယူတာက အလုပ်သမားတွေက လက်မခံဘူးလို့ ပုံဖော်ဖို့အတွက် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ဒီအခြေအနေ မှာ တရားဝင်ဖွဲ့စည်းထားတဲ့ အလုပ်သမားအဖွဲ့ချုပ်က တာဝန်ရှိသူတွေကိုတော့ ဖမ်းဝရမ်းတွေ ထုတ်ထားပြီး အဖွဲ့ အစည်းနာမည်ကို အလွဲသုံးစား လုပ်ဆောင်နေတာလို့ ဆိုပါတယ်။ 

ဒီအခြေအနေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM)ကလည်း အဖွဲ့ချုပ်အမည်နဲ့ အမှတ် တံဆိပ်ကို အဖွဲ့ချုပ်က နှုတ်ထွက်ပြီးသူတွေက အသုံးချနေတာကို ဇန်နဝါရီလ (၃၀) ရက်မှာ အမည်စာရင်းနဲ့တကွ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 


Related posts

Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026
Cover
Heng Run Garment အထည်စံချိန်မပြည့်လို့ လုပ်ခမပေးဘဲ အချိန်ပို ဆင်းခိုင်း
May 19, 2026
Cover
Sambo Myanmar အထည်ချုပ်စက်ရုံ ညည့်နက်အချိန်ပို ညစာမကျွေးဘဲ ခိုင်း
May 18, 2026
Cover
Casico Garment ထောက်ပံ့ကြေး ကျပ် ၁၀၀၀ ကို ၇ လကျော်ကြာ မပေးဘဲ တောင်းဆိုသည့် အလုပ်သမားများအား ဒေးကြေးမပေး
May 18, 2026
Cover
Yangon Nadia Clothing အထည်ချုပ် နိုင်ငံခြားသား စက်ရုံမှူးမှ ဆဲဆိုခိုင်း
May 18, 2026
Cover
အလုပ်သမားအခွင့်အရေးကြောင့် အထည်အော်ဒါမရတော့တဲ့ KINGSRICH ( Myanmar) FASHION စက်ရုံ ပိတ်သိမ်းဖို့အသိပေး
May 16, 2026