NEWS

Chi Mei အထည်ချုပ် QR မန်နေဂျာ မှာ အတင်းအကျပ် အချိန်ပိုဆင်းခိုင်း

CoverLogo
352 Views
 
ရွှေပြည်သာစက်မှုဇုန်က Chi Mei အထည်ချုပ်မှာ QC မန်နေဂျာက အတင်းအကျပ် ဖိအားပေး အချိန်ပို ဆင်းခိုင်းနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ လုပ်ငန်းခွင်အတွင်းအချိန်ပို အဓိက ဆင်းပေးရတဲ့ ဌာနတွေက စက်လိုင်းတွေ၊ QC နဲ့ မီးပူတိုက် ဌာနတွေ ဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“QC ဌာနမှာဖြစ်တာက မန်နေဂျာကိုယ်တိုင်တော့ အချိန်ပို တခါမှမဆင်းဘူး၊ အလုပ်သမားတွေကို အတင်းအကျပ်ဆင်းခိုင်းတာ ၊ မဆင်းရင် “ေ-ာက်ထည်တွေက နင်တို့ကြောင့် ပုံတာ၊ ငါကြောင့်မဟုတ်ဘူး။ မဆင်းလို့မရဘူး ’ လို့ ပြောပါတယ်။
 
QC လုပ်ငန်းခွင်ထဲမှာ အလုပ်သမား ၅၀ ကျော် လုပ်ကိုင်နေပြီး၊ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း မိုးအလင်းအချိန်ပို ၈ ကြိမ်နဲ့ အခု ဇန်နဝါရီလမှာတော့ နှစ်ကြိမ် လုပ်ကိုင်ထားခဲ့ရတယ်လို့ အလုပ်သမားတွေက သိရပါတယ်။ နေ့စဉ် အချိန်ပို ၂ နာရီလုပ်ကိုင်ရပြီး နေ့လယ်စာ နားချိန်ပြီးကတည်းက ဆက်တိုက်လုပ်ကိုင်ရတာလို့ အလုပ်သမားတွေက ပြောပါတယ်။
“နေ့တိုင်း အချိန်ပိုက ၂ နာရီလုပ်တယ်၊ ထမင်းစားပြီးကတည်းကဆို နားချိန်မပေးတော့ဘူး။ စက်ရုံဘက်ကတော့ အချိန်ပို အတင်းမဆင်းခိုင်းဘူး၊ ဌာနက ခေါင်းဆောင်တွေညှိလုပ်ဆိုတဲ့ သဘောမျိုးလုပ်ခိုင်းတယ်။ ဒါပေမဲ့ ခေါင်းဆောင်တွေကိုယ်တိုင် အတင်းအကျပ် ခိုင်းနေတာကိုတော့ မပြောဘူး.” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
ညပိုင်း အချိန်ပိုဆင်းရတိုင်း ထမင်းဖိုး ၃၀၀၀ နဲ့ နေအိပ်ပြန်ဖို့ ကားခ ၅၀၀ ကို စက်ရုံဘက်က ထောက်ပံပေးပေမဲ့ လုံလောက်တဲ့ ပမာဏ မဟုတ်ဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် လုပ်ငန်းခွင် ခွဲခြားတွေလည်း ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
 
“လုပ်ငန်းခွင်ထဲက QC တွေထဲမှာ စက်လိုင်း QC တွေပဲ ဆုကြေးရတယ်။ တခြားဌာနက QC တွေက တော့ မရကြဘူး။ တကယ်ဆို စုပေါင်းလုပ်ရတဲ့ အလုပ်က အားလုံးမျှမျှတတ ပေးဖို့ပါ.” လို့ ပြောပါတယ်။
 
CHI MEI INTERNATIONAL COMPANY LIMITED အထည်ချုပ် စက်ရုံက ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန် (၃)၊ ပုလဲလမ်းက Honor Apparel အထည်ချုပ် စက်ရုံနေရာမှာ ဖွင့်လှစ်ထားတဲ့ စက်ရုံလို့ သိရပါတယ်။ တရုတ် နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး အလုပ်သမား ၉၀၀ ကျော်နဲ့ Rafinat, knox village အထည်တွေ ချုပ်လုပ် ခဲ့တယ်လို့ သိထားပါတယ်။
 

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026