NEWS

Chi Mai အထည်ချုပ်စက်ရုံမှူး ဆဲဆို ခြိမ်းခြောက် ခိုင်းစေ

CoverLogo
578 Views
 
Chi Mai အထည်ချုပ်စက်ရုံမှူးနှင့် စကားပြန် အမျိုးသမီးက အလုပ်သမားတွေကို ဆဲဆို ခြိမ်းခြောက် ခိုင်းစေနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ လုပ်ငန်းခွင် လိုအပ်ချက် ဖြစ်ပေါ်တိုင်း ပြန်လည် ဖြေရှင်းခွင့် မရဘဲ တဘက်သတ် ပြောဆိုတာ ခံနေရတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အထည်စံချိန်တွေကို မဖြစ်နိုင်တာ တောင်းတယ်။ မပြည့်တဲ့ အကြောင်းအရင်းရှင်းပြဖို့ကို ကိုယ်က မပြောခင် စက်ရုံမှူးက အော်ပြီး၊ ပြီးရင် ဆဲတဲ့ (တရုတ်) စကားလုံးတွေပြောတယ်။ ကြားကနေ စကားပြန်အမျိုးသမီး ထပ်အော်သေးတယ်။ လစာဖြတ်မယ်ဆိုတာ အနိမ့်ဆုံး သုံးတဲ့ စကားလုံး ပါ။အလုပ်ပါထုတ်မယ်တောင် ပြောတာ။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
လုပ်ငန်းခွင်အတွင်း စက်ရုံမှူးနဲ့ စကားပြန် နှစ်ယောက်စလုံးကနှိမ့်ချဆက်ဆံပြီး ဆဲဆို ခြိမ်းခြောက်တာတွေက အရှက်ရ စိတ်ထိခိုက်ရတယ်လို့လည်း အလုပ်သမားတွေ က ပြောပါတယ်။
 
“စူပါတွေကို လစာကိုဖြတ်မယ်လို့ ပြောတယ်။ တရုတ်လိုဆဲတယ်။ လစာဖြတ်မယ်။ ပြီးသွားရင် ညီမတို့ အဲ့လိုခြိမ်းခြောက်တယ်။ နောက်တစ်ခုက ညီမတို့ all line (နောက်မနက် ၄ နာခွဲအထိ) ဆင်းရတယ်။ ဆင်းရတာက ဘယ်အချိန်လို့ သတ်မှတ်ချက်မရှိဘူး။ အလုပ်ပြီးတဲ့ အချိန်ပဲ။ အချိန်နာရိ ပြောဘူး ။ ထမင်းဖိုး နှစ်ထောင်ပေးတယ်။ ဒါကလည်း အဆင်မပြေဘူး။” လို့ ပြောပါတယ်။
 
ထမင်းဖြူ တထုတ် ကျပ် ၁၂၀၀ အထိပေးရလို့ စက်ရုံက ပေးတဲ့ ထမင်းဖိုးကျပ် ထမင်းဖိုး ၂၀၀၀ က လုံလောက်မှု မရှိ ဖြစ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အလုပ်ချိန်က မနက် ၈ နာရီကနေ ညနေ ၆ ခွဲထိဖြစ်ပြီး နေ့လယ်စာ စားပြီးကတည်းက တဆက်လည်း လုပ်ကိုင်ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“နေလယ် ထမင်းစာချိန်က နှစ်ချိန် ခွဲထားတယ်။ ၁၁ ခွဲနဲ့ ၁၂ ။ အဲ့ကနေ နားချိန်မပေးတော့ဘူး။ အချိန်ပိုပြီးတဲ့ အထိလုပ်ရတယ်။ စနေနေ့ကို ၅ ခွဲ။ တနင်္ဂနွေကတာ့ တခါတရံ ဆင်းရတယ်။ အောလင်းကတော့ ပြီးခဲ့တဲ့လမှာ သုံးကြိမ်ဆင်းခဲ့ရတယ်။” လို့ ပြောပါတယ်။
 
လက်ရှိ စက်ရုံဘက်က ဒေးကြေး ၉၅၀၀ ၊ အချိန်ပိုကြေး တနာရီ ကျပ် ၂၀၀၀၀ နှုန်းနဲ့ ရှင်းပေးနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံအတွင်း ဌာနတိုင်း အလုပ်အချိန်အတူ၊ စံချိန်အတူ လုပ်ကိုင်ရပေမဲ့ ဂရိတ်ကြေး နဲ့ ရက်မှန်ကြေးတွေ ကိုတော့ ခွဲခြားရှင်းပေးနေတယ်လို့လည်း ပြောပါတယ်။
 
“တခြားဌာနတွေက ရက်မှန်ကြေး ၃၀၀၀၀ ပဲ ရတယ်၊ စက်လိုင်းကတော့ ၄၀၀၀၀ ပေးတယ်။ ဂရိတ်ကြေးလည်း အဲ့လိုပဲ စက်လိုင်းက ဂရိတ် (C) အနိမ့်ဆုံးက ၆၀၀၀၀ ပေးထားတယ်။ တခြားဌာနတွေမှာတော့ ဂရိတ် (A) တောင် ၆၀၀၀၀ ပဲရတယ်” လို့ ပြောပါတယ်။
 
စက်ရုံအတွင်း WCC အဖွဲ့ ဖွဲ့စည်းထားတာ မရှိတာကြောင့် လုပ်ခွင်အတွင်း ဆဲဆိုမှုတွေ၊ ခွဲခြားဆက်ဆံမှုတွေ ကြုံနေရပေမဲ့ တင်ပြ ပြောဆိုနိုင်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
Chi Mai Internalional Co.,Ltd အထည်ချုပ် စက်ရုံကတော့ ရန်ကုန်မြို့၊ ရွှေပြည်သာ စက်မှုဇုန် ၃ ၊ ၁၄ လမ်းဆုံ မှတ်တိုင်အနီးမှာ ရှိပြီး လုပ်သား ၁၀၀၀ ဝန်းကျင် လုပ်ကိုင်နေပါတယ်။

Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026