NEWS

Casico Garment Co.,Ltd အထည်ချုပ် နိုဝင်ဘာလစာ မပေး

CoverLogo
238 Views
 
Casico Garment Co.,Ltd အထည်ချုပ်စက်ရုံက နိုဝင်ဘာလအတွက် လုပ်ခစာ လက်ရှိအချိန်အထိ ထုတ်ပေးတာမရှိဘူးလို့ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM) ကို အလုပ်သမားတွေက ပြောပါတယ်။ အထည်ချုပ်စက်ရုံတွေ ပုံမှလစာတွေကို လဆန်း ၅ ရက်မှာ ထုတ်ပေးလေ့ရှိတယ်လို့ အထည်ချုပ် အလုပ်သမားအသိုင်းအဝိုင်းက ပြောပါတယ်။
 
"လစာ ထုတ်ရက် ၅ ရက်နေမပေးတာ ၃လရှိ နေပြီ။ အခု ၁၁လပိုင်း လ စာဆို ဒီကနေ့ အထိ မရသေးတာ။ အဆောင်ခ၊ စာကြွေးတွေဆို လကုန်ပြီး ၅ ရက်နေ့ဆို တောင်းကြတယ်။ အခုတော့ အရှက်လည်းရတယ်။ ယုံကြည်မှုလည်း မရှိကြတော့ဘူး။ တလည်းမဟုတ် နှစ်လလည်း မဟုတ်နဲ့ ဒုက္ခရောက်နေတယ်” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
ဒီလို လစာမရတာ ၊ ပေးရမဲ့ လစာတွေမပေးတာတွေကို အလုပ်သမားရုံးမှာ တိုင်ကြားထားတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
Casico Garment Co.,Ltd စက်ရုံက ဆိပ်ကမ်းသာလမ်း၊ စက်မှုဇုန်၃၊ လှိုင်သာယာမြို့နယ်မှာ ဖွင့်လှစ်ထားပြီး အလုပ်သမားများ ၄၀၀ ကျော် လုပ်ကိုင်နေတယ်လို့ သိရပါတယ်။ လုပ်ငန်းခွင်အတွင်း အထည်စံချိန် ကို ဆဲဆိုတောင်းခံလို့ ဖိအားတွေနဲ့ လုပ်ကိုင်နေရတယ်ဆိုပြီးလည်း အလုပ်သမားတွေက ပြောပါတယ်။
 
“စက်လိုင်းမှာ ၄၅ ယောက်ချုပ်တယ်၊ ဘဲမွှေးထည် တနာရီ ၆၀အထိတောင်းတယ်၊ ချုပ်သမားတစ်ဦးကို သုံးပွိုင့်ကနေ လေးပွိုင့်အထိချုပ်ရတယ်။ တနေကုန်ချုပ်ပြီး တောင်းတဲ့ စံချိန်က အချိန်ပို မပါဘဲ ချုပ်ရတာ ။ မပြည့်တာနဲ့ စူပါ၊ အောစူပါတွေက အကုန်ဆဲတော့တာ၊ နားမခံနိုင်ပဲ” လို့ ပြောပါတယ်။
 
ဒါ့မပြင် ဥပဒေပါ ခံစားခွင့် ၊ ဆေးခွင့်အပါအဝင် ခွင့်ရက်တွေ အလုပ်တစ်ရက်ပျက်ပါက ဒေးကြေးအပြင် တခြားခံစားခွင့်တွေ ဖြတ်တောက်နဲ့ ကျပ် ၁၀၀၀ တိုးမြှင့်ပေးရမယ်လို့ အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကိုလည်း စက်ရုံဘက်က လိုက်နာတာ မရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ရက်ပျက်တာနဲ့ ဒေးကြေး ရက်မှန်ကြေး ၆၀,၀၀၀ ဖြတ် တယ်။ တိုးပေးရမယ်ဆိုတဲ့ စကစက ထောက်ပံ့ကြေး ကျပ် ၁၀၀၀ ကို မပေးဘူး.” လို့ ပြောပါတယ်။
 
လုပ်ငန်းခွင်အတွက် သောက်ရေမှာ သန့်ရှင်းမှု မရှိဘဲ သောက်သုံးနေရလို့ ကျန်းမာရေးပြဿနာတွေ လည်း ဖြစ်ပွားနေတယ်လို့ အလုပ်သမားတွေက ပြောကြားထားပါတယ်။ Casico Garment Co.,Ltd အထည်ချုပ်စက်ရုံက တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး KENTA တံဆိပ် ဘဲမွှေးထည်တွေ ချုပ်နေတယ်လို့ သိထားပါတယ်။
 
 
 
 
 

Related posts

Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026