NEWS

Casico Garment အထည်ချုပ် နားချိန် မပေးဘဲ အချိန်ပို အတင်းအကျပ် လုပ်ကိုင်ခိုင်း

CoverLogo
243 Views
 
Casico Garment Co.,Ltd အထည်ချုပ်စက်ရုံက ညလုံးပေါက် အချိန်ပိုကို နားချိန်မပေးဘဲ အတင်းအကျပ် လုပ်ကိုင်ခိုင်းတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံဘက်က အချိန်ပို ညနက် ၈ နာရီခွဲ အထိလုပ်ကိုင်ခိုင်းသလို့ တချို့ရက်တွေမှာ ညလုံးပေါက် လုပ်ကိုင်ခိုင်းနေတယ်လို့ သိရပါတယ်။
 
“နံနက်၈နာရီ အလုပ်တက်ရပြီး ညနေ၆ခွဲ အလုပ်ဆင်းတော့ အနားလည်း မပေးဘူး အိုတီကို ည ၈ခွဲအထိ ဆက်ဆင်းပေးရတယ်။ အချိန်ပို မဆင်းချင်လဲ့ အောစူပါတွေက မဖြစ်မနေဆင်းပေးမယ်လို့ ပြောဆိုပြီး ဖိအားပေး ဆင်းခိုင်းတယ်။ စနေနေ့ဆို ညနေ ၆ နာရီကနေ ညလုံးပေါက်ကို မဆင်းမနေရ ဆင်းပေးရတယ်.”လို့ ပြောပါတယ်။
 
အရေးပေါ် ဂိတ်ပတ်စ် အလွယ်တကူ မရတဲ့ အပြင် ခွင့်ရက်နဲ့ ခွင့် ခံစားခွင့်တွေမပေးဘဲ ဒေးကြေးနဲ့ အခွင့်အရေးတွေ ဖြတ်တောက်ခံရတယ်လို့ ပြောပါတယ်။
 
"ဂိတ်ပတ်စ် မပေးတော့ နေ့ဝတ်နဲ့ အိမ်ပြန်ရတယ်။ အဲလိုဆို ဂရိတ်ကြေး ဖြတ်တယ်။ ခွင့်ရက်တွေ၊ ခံစားခွင့် မပေးဘူး။ ဆေးခွင့်လည်းမပေးဘူး။ အလုပ်ပျက်တယ်ဆိုပြီး ဒေးကြေး၊ ရက်မှန်ကြေး၊ ကျွမ်းကျင်ကြေးတွေ ဖြတ်တယ်။ စုစုပေါင်း ၆၀၀၀၀ လောက်ဖြတ်တာ။ “ လို့ ပြောပါတယ်။
 
လုပ်ငန်းတွင်း စက်လိုင်း မန်နေဂျာနဲ့ အောစူပါ တို့က ရိုင်းဆိုင်းစွာ ဆဲဆို စံချိန် တောင်းတယ်လို့လည်း အလုပ်သမားတွေက ပြောဆိုပါတယ်။
 
“အလုပ်သမား ၃ဝ လောက်ရှိတဲ့ စက်လိုင်းကို တစ်နာရီ ဘဲမွှေးထည် ၉၀အထိ တောင်းတယ်။ အလုပ်သမား တစ်ယောက်ကို သုံးပွိုင့်၊ လေးပွိုင့် ချုပ်မှ စံချိန်ရတယ်။ စက်လိုင်းမန်နေဂျာက နားမခံနိုင်အောင် ဆဲတယ်။ ေ-ာက် နဲ့ နှိုင်းတယ်။ အောစူပါကလည်း အတူပါပဲ အဲ့လိုတွေ ဆဲနေတာ။” လို့ ပြောပါတယ်။
 
Casico Garment Co.,Ltd အထည်ချုပ်စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၃ ၊ ဆိပ်ကမ်းသာ လမ်းမှာ ရှိပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံလို့ သိရပါတယ်။ အလုပ်သမား ၄၀၀ ဝန်းကျင်နဲ့ Lutique, Radwear တံဆိပ် ဘဲမွှေးထည်တွေ ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။
 

Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026