NEWS

Casico Garment ထောက်ပံ့ကြေး ကျပ် ၁၀၀၀ ကို ၇ လကျော်ကြာ မပေးဘဲ တောင်းဆိုသည့် အလုပ်သမားများအား ဒေးကြေးမပေး

CoverLogo
304 Views
Casico Garment စက်ရုံ က ထောက်ပံကြေး ကျပ် ၁၀၀၀ ကို ၇ လကျော်ကြာ မပေးဘဲ တောင်းဆိုမှု ပြုလုပ်ခဲ့တဲ့ အလုပ်သမား ၃၅ ယောက်က လုပ်ငန်းခွင် ဝင်ရောက်ခဲ့ပေမဲ့ ဒေးကြေးမပေးခဲ့ဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ပြီးခဲ့တဲ့ အပတ်က ထောက်ပံ့ကြေး မပေးတာကို စက်လိုင်း ၂ လိုင်းက အလုပ်သမား ၃၅ ယောက် တောင်းဆို ခဲ့တာ၊ သုံးရက်ကြာတယ်၊ နောက်အလုပ်ထုတ်မယ် ပြောပြီး၊ ပြီးတော့ အဲ့ တစ်ထောင်ကို ပေးပြိး အလုပ် မထုတ်တော့ဘူး၊ လေးရက်မြောက်နေ့ အဆင်ပြေလို့ လုပ်ငန်းခွင်ဝင်တော့ ပေးမဝင်ဘူး။ ပြီးတော့ ဒေးကြေး မပေးဘူး ဆို ပြီး WCC အဖွဲ့က တယောက်က လာပြောတယ်” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
ဝန်ကြီးဌာနက ထောက်ပံ့ကြေး တရက် ကျပ် တစ်ထောင်နှုန်း တလကျပ် ၃၀၀၀၀ ကို ၂၀၂၅ ခုနှစ် အောက်တိုဘာလကတည်းက ခံစားခွင့်တာပြုခဲ့တာဖြစ်ပါတယ်။ လက်ရှိ ထောက်ပံကြေးတောင်းဆိုခဲ့ အလုပ်သမားတွေကို သီခြားလိုင်းမှာ လုပ်ကိုင်ခိုင်းနေတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“တလသုံးသောင်းဆိုတာ နည်းလား၊ ၇ လဆိုတာ ၂ သိန်းကျော်ရှိနေတယ်။ ဒါကို မရလို့ ဆောင်းဆိုတာ ။ နောက်ဆုံး အလုပ်ဝင်ဖို့ လာပြောလို့ အလုပ်လည်းဝင်ရော ၊ ဒေးကြေးမပေးဘူး ဖြစ်တယ်။ ညီမတို့က သူတို့ခေါ်လို့လာခဲ့တာ။ အခု ဒီ ၃၅ ယောက်ကို သီးသန့်ခွဲထားလိုက်တာပဲ” လို့ ပြောပါတယ်။
 
စက်ရုံအတွင်းတောင်းဆိုမှု ပြုလုပ်ခဲ့တဲ့ အလုပ်သမားတွေကို အော်ဒါ အကြောင်းပြချက်နဲ့ အလုပ်ကနေ ထုတ်ပယ်နေလို့ စိုးရိမ်မှုတွေ ရှိနေတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အရင်တောင်းဆိုခဲ့တဲ့ အလုပ်သမားတွေကို အလုပ်ထုတ်တော့ နို့တစ်တော့ပေးပါတယ်။ ဒါပေမဲ့ အလုပ်ထုတ် ခဲ့တာ။ အခုလည်း ညီမတို့ကို သီးသန့်ခွဲထားတယ်။ အဲလို အော်ဒါနည်းတယ်ဆိုပြီး အလုပ်ထုတ်ပေမဲ့ နေ့စားအလုပ်သမားတွေကို အများကြီး ခန့်ထားတယ်။ “ လို့ ပြောပါတယ်။
 
အလုပ်ထုတ်ထားတဲ့ အလုပ်သမာ ၃၀ ဝန်းကျင်ရှိပြီး ခန့်ထားတဲ့ နေ့စားအလုပ်သမားတွေကိုတော့ စက်လိုင်း၊ Finishing စတဲ့ ဌာနတွေမှာတွေ့ ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“နေ့စားထဲမှာ ကလေး အလုပ်သမားတွေ ရှိတယ်၊ ၁၀ ယောက်ရှိတယ်၊ အသက်မပြည့်သေးဘူး၊ လူကြီးတွေနဲ့ တန်းတူ လုပ်နေရတာပါ” လို့ ပြောထားပါတယ်။
 
Casico Garment Co.l.td အထည်ချုပ်စက်ရုံက ရန်ကုန်မြို့၊ လိူင်သာယာမြို့နယ်၊ စက်မူဇုန်(၃) မှာ လုပ်ငန်း လုပ်ကိုင်နေပြီး လက်ရှိ အလုပ်သမား ၁၀၀ ဝန်းကျင်က Defacto တံဆိပ် အထည်တွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026