NEWS

Bright Future Gt Appeal အထည်ချုပ်စက်ရုံမှာ အချိန်ပို အောလင်း နေ့စဉ် ဆင်းနေရ

CoverLogo
267 Views
 
Bright Future Gt Appeal အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေရဲ့ ဆန္ဒမပါဘဲ အချိန်ပို အောလင်း အတင်းအကျပ် လုပ်ကိုင်ခိုင်းနေတယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများ အဖွဲ့ချုပ် STUM အဖွဲ့ ဆီက သိရပါတယ်။
အလုပ်သမားတွေက အချိန်ပိုဆင်းခိုင်းတာကို ဇူလိုင်လ (၂၂) ရက် ညပိုင်းက STUM အဖွဲ့ကို အကြောင်းကြားခဲ့တာလို့ သိရပါတယ်။
 
“အလုပ်စဆင်းကတည်းက OT အောလင်း ခေါ်နေတာတဲ့။ သာဓုကန်စက်မှုဇုန်က ဇာမဏီရုံခွဲမှာပါ။ အချိန်ပိုကို အတင်းခေါ်ထားလို့ ပြောပြထား”လို့ ပြောပါတယ်။
 
စက်ရုံက Japan အမှတ်တံဆိပ် Bodyfine ကို ချုပ်လုပ်နေတယ်လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ အလုပ်သမားဥပဒေအရ တပတ် အချိန်ပို အလုပ်ချိန် (၂၀)နာရီ မကျော်ဖို့ သတ်မှတ်ထားပါတယ်။ တပတ် အလုပ်ချိန် ၄၄ နာရီဖြစ်ပြီး တရက်နားခွင့် ပြုထားပါတယ်။
 
ဇွန်လအတွင်း ရွှေပြည်သာမြိုနယ်ထဲက စက်ရုံတွေမှာ အချိန်ပို ညလုံးပေါက်ခေါ်ယူမှုတွေကြောင့် စက်ရုံလုပ်သားတချို့ ကျန်းမာရေး ထိခိုက်မှာ စိုးရိမ်ကြောင်း STUM ဆီ အကြောင်းကြားမှုတွေ ရှိနေတယ်လို့ အလုပ်သမားတွေက ပြောကြားထားပါတယ်။
 
Bright Future Gt Apparel Company Limited က ရန်ကုန်မြို့ ၊ ရွှေပြည်သာမြိုနယ်၊ သာဓုကန်စက်မှုဇုန်၊ ပုလဲလမ်း၊ အသဘာဝ မှတ်တိုင်အနီးတွငမှာ ဖွင့်လှစ်ထားပါတယ်။
 

Related posts

Cover
Sudey စက်ရုံ အလုပ်သမားများ လစာဖြတ်တောက်ခံရ
Oct 08, 2025
Cover
Sudey စက်ရုံ အလုပ်သမားများ လစာဖြတ်တောက်ခံရ (ရုပ်သံ သတင်း)
Oct 08, 2025
Cover
ရွှေပေါက်ကံစက်မှုဇုန်မှ HYUN TEX အထည်ချုပ်ရုံသစ်တွင် ညအချိန်ပို အတင်းအကျပ် ခိုင်းစေ (ရုပ်သံသတင်း)
Oct 07, 2025
Cover
ရွှေပေါက်ကံစက်မှုဇုန်မှ HYUN TEX အထည်ချုပ်ရုံသစ်တွင် ညအချိန်ပို အတင်းအကျပ် ခိုင်းစေ
Oct 07, 2025
Cover
အရုပ်စက်ရုံတွင် ဝန်ထမ်းများ လစာဖြတ်တောက်ခံရမှုနှင့် ခြိမ်းခြောက်မှုများ ကြုံတွေ့နေရ (ရုပ်သံသတင်း)
Oct 06, 2025
Cover
HERMITE အရုပ်စက်ရုံတွင် ဝန်ထမ်းများ လစာဖြတ်တောက်ခံရမှု နှင့် ခြိမ်းခြောက်မှုများ ကြုံတွေ့နေရ
Oct 06, 2025
Cover
Wan Xin" စက်ရုံပိတ်သိမ်းပါက ဥပဒေအတိုင်း လျှော်ကြေးပေးဖို့ အလုပ်သမားတွေတောင်းဆို
Oct 06, 2025
Cover
Wan Xin" စက်ရုံပိတ်သိမ်းပါက ဥပဒေအတိုင်း လျှော်ကြေးပေးဖို့ အလုပ်သမားတွေတောင်းဆို ( ရုပ်သံသတင်း)
Oct 06, 2025