NEWS

Bontech အထည်ချုပ်စက်ရုံ အချိန်ပိုအလွန်အကျွံခေါ်နေ

CoverLogo
879 Views

BONTECH MANUFACTURING COMPANY LIMITED  အချိန်ပို အောလင်းအောနိုက်တွေကို အလုပ်သမားတွေရဲ့ သဘောဆန္ဒမပါဘဲ အတင်းကျပ်ခေါ်ယူ ခိုင်းစေနေတယ်လို့ အလုပ်သမား တွေက ပြောပါတယ်။ 

“အောနိုက်ကို တစ်လ အကြိမ် (၂၀)နီးပါးခေါ်တယ်။  အောနိုက်မခေါ်ရင် ည ၉ ခွဲအထိခေါ်တယ်။ ဒါက စက်လိုင်းတွေ။ တခြားဌာနတွေဆို  ည(၈)/(၇ခွဲ) အဲလိုတွေ ခေါ်ခိုင်းတာ"  လို့ အလုပ်သမားတဦးက ပြောပါတယ်။  

အချိန်ပို မဆင်းနိုင်တဲ့  အလုပ်သမားတွေကို ဂရိတ်ချတာ၊ အထည်ဆုကြေး ဖြတ်ေတာက်တာ၊ လုပ်ငန်းခွင်မှာ စောင့်ကြည့် ခွဲခြားဆက်ဆံတာ စက်ရုံဘက်က  ပြုလုပ်တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ 

ပြီးခဲတဲ့လပိုင်းက အချိန်ပိုနဲ့ အောနိုက်တွေ အများအပြား ခေါ်ခိုင်းတာကို အလုပ်သမားရုံးဆီ တိုင်းကြားခဲ့ တာကြောင့် လာရောက်စစ်ဆေးပေမဲ့ ပြောင်းလဲမှုမရှိသလို  အချိန်ပို အောက်နိုက်(ည ၁၂) တွေကို အောက်တိုဘာ ၃၁ ရက်အထိ စက်ရုံဘက်က ခိုင်းစေနေခဲ့တယ်လို့ သိရပါတယ်။ 

စက်ရုံဘက်က လုပ်သက်  (၃)လပြည့် လုပ်သားတွေကို အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ( EC ) ချုပ်ဆိုပေးတ, မရှိတဲ့ အပြင်  ထမင်းစားဖို့  နေရာထိုင်ခင်း လုံလောက်မှု မရှိသောကြောင့် အသွားအလာလုပ်တဲ့ ကြမ်းပြင်မှာပဲ  အလုပ်သမားတွေ ဖြစ်သလိုစားနေရတယ်လို့ ပြောဆိုပါတယ်။   

Bontech Manufacturing  အထည်ချုပ်စက်ရုံ ရန်ကုန်တိုင်း၊ရွှေပြည်သာမြိုနယ်၊ သာဓုကန်စက်မှုဇုန်၊ ပတ္တမြား လမ်းမှာ လုပ်သားဦးရေ (၇၀၀))ကျော်နဲ့ လည်ပတ်လုပ်ကိုင်နေပါတယ်။ 

 


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026