NEWS

Bohua Fashion အထည်ချုပ် အလုပ်သမား ၄၀၀ ကျော် အလုပ်သမားအခွင့်အရေးများချိုးဖောက်ခံနေရ

CoverLogo
739 Views

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ဗန်မော်အတွင်းဝန်လမ်း အမှတ်(-) တွင် ဖွင့်လှစ်ထားသော Bohua Fashion စက်ရုံက အလုပ်သမား ၄၀၀ ကျော် ဟာ အလုပ်သမားအခွင့်အရေးများချိုးဖောက်ခံနေရတယ်လို့ အလုပ်သမားတွေကို အကူအညီပေးနေသူနဲ့ အလုပ်သမားတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

အဆိုပါစက်ရုံဟာအလုပ်သမား(၄၀၀)ကျော်ဖြင့် RESERVED, CALLIOPE တံဆိပ် အင်္ကျီများကို ချုပ်လုပ်နေတဲ့တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်ကာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားခြင်းလည်းမရှိတဲ့စက်ရုံဖြစ်တယ်လို့ သိရပါတယ်။  

စက်ရုံမှာ အလုပ်သမားက (၄၀၀)ကျော်အတွက် လျှောက်လမ်းမရှိခြင်း၊ အရေးပေါ်ထွက်ပေါက်အတွက်နေရာမရှိခြင်း၊ အလုပ်သမားများ ထမင်းစားစားပွဲခုံအလုံလောက်မရှိခြင်း၊  အလုပ်သမားများအာလုံးဆီမှာ ECစာချုပ်မရှိခြင်း၊ ယခင်အလုပ်သမား များဆီသာ EC စာချုပ်ချုပ်ထားသော်လည်း အလုပ်သမားများ လက်ထဲတွင်မပေးထားပဲ အလုပ်ရှင်ကပြန် လည်းသိမ်းထားခြင်းနဲ့အလုပ်သမားများ အသုံးပြုသော အိမ်သာတွေကလဲ ညစ်ပတ်နေပြီးသန့်ရှင်းမှုမရှိခြင်း  မိန်းကလေး ယောကျာ်းလေးအိမ်သာလဲ အိမ်သာလေးလုံးသာရှိပြီး  သန့်ရှင်းမှုမရှိခြင်း ၊ လုပ်ငန်းခွင်ထဲတွင်လည်း  အလုပ်သမားများအတွက် ဆေးခန်းမရှိသလို အခြေခံထားရှိရ မည့်ဆေးဝါးများလဲထားရှိခြင်း မရှိဘူးလို့ သိရပါတယ်။ 

လုပ်ငန်းခွင်ထဲတွင် နေ့စားအလုပ်သမား ၁၀၀ နီးပါးကို ခိုင်းစေထားကာ  အချို့အလုပ်သမားတွေဟာ တစ်နှစ်ကျော် နှစ်နှစ်နီးပါးအထိရှိနေပေမဲ့ အတည်ပြုဝန်ထမ်း မခန့်အပ်ထားဘူးလိူ့လည်းသိရပါတယ်။ 

အဲ့ဒီအလုပ်သမားများကို အလုပ်ရှင်ဘက်က မလိုအပ်တော့ပါက ဥပဒေမဲ့အလုပ်ထုတ်ပစ်ပြီးမှလူသစ်အနေနဲ့ ပြန်လည်ခေါ်ယူတယ်လို့ သိရပါတယ်။ 

"snap၊ Iron၊ packing ဌာနမှာဆိုရင် နေ့စားသမားတွေချည်းလိုလိုဘဲခိုင်းစေတယ်။ အသက်မပြည့်သေးတဲ့  ကလေးအလုပ်သမားတွေကိုလည်း အလုပ်အရမ်းခိုင်းလို့ ကလေးအလုပ် သမားတွေအချိန်ပိုအိုတီလည်းဆင်းရလို့ ပင်ပန်းပြီးဖျားကြတယ်" လို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ  အလုပ်သမားများမချုပ်လုပ်နိုင်သော အထည်စံချိန်များမတရားတောင်းခံမှုရှိပြီး   စက်လိုင်းတစ်လိုင်းကို လူဦးရေ (၄၅)ယောက်ရှိပြီး  အထည်စံချိန်ကို တစ်နာရီ (၄၀)အထိတောင်းခံသောအထည်စံချိန်မှာ အလုပ်သမားများဘယ်လိုမှမရနိုင်တဲ့ စံချိန်တောင်းတာဖြစ်နေခြင်း၊ အထည်များမှာခက်ခဲ့ခြင်း၊ လက်ဝင်ခြင်း၊ စံချိန်မတရားတောင်းခံထားတဲ့အတွက် ပြည့်မှီနိုင်ရန်ခက်ခဲခြင်းစတာ​တွေပြုလုပ်တာဖြစ်ပြီး တောင်းခံသော စံချိန်မပြည့်လျှင် တရုတ်မစက်ရုံမှူးကိုယ်တိုင် အလုပ်သမားများကိုဆဲဆို တယ်လို့လည်း သိရပါတယ်။  

ဒါ့အပြင် အလုပ်သမားများအလုပ်ချိန်ဟာ  အလုပ်စခေါ်စဥ်က အလုပ်စခေါ်စဉ်က နံနက်  ၈ နာရီကနေ ညနေ ၆း၃၀အထိဆိုပေမဲ့ တစ်ကယ်အလုပ်ချိန်ဟာ   နံနက်၈နာရီမှ ည၉နာရီအထိဆင်းရခြင်း၊ နေ့စဥ်လိုလို အချိန်ပိုအိုတီကို တစ်နေ့၄နာရီမှ၅နာရီ အထိဆင်း ပေးနေရခြင်း၊ လုပ်ငန်းခွင်ထဲ စီမံအုပ်ချုပ်သူ HRမှ လုပ်ငန်းအကြောင်းနားမလည်ဘဲ သူတို့အလုပ်မပြုတ်ဖို့အရေး အလုပ်သမားများကို ဖိနှိပ်ပြီးလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် လက်ရှိချုပ်နေသော တံဆိပ်များမှာ တစ်ခြားရုံတွေက တံဆိပ်များကိုယူချုပ်နေတာဖြစ်ပြီး " သတင်း ဖော်ပြခံရလဲ ဘယ်သူ့ကိုမှမကြောက်လို့ ဒီနိုင်ငံမှာစီးပွားရေးလာလုပ်တာ စောက်ဂရုမစိုက်ဘူး" ဆိုကာ  ကြွေးကြော်နေတယ်လို့လည်း မျက်မြင်တွေ့ရှိတဲ့အလုပ်သမားကပြောပါတယ်။

အလုပ်သမားများက အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရတာတွေကြောင့် အလုပ်သမားတွေဟာ 

၁။ အလုပ်ရှင်ဘက်မှ အလုပ်သမားများချုပ်လုပ်နိုင်သော စံချိန်ကိုသာတောင်းခံရန်၊
၂။ အလုပ်ဘက်ရှင်တောင်းခံသော စံချိန်မပြည့်လျင် တရုတ်မစက်ရုံမှူးကိုယ်တိုင် အလုပ်သမားများကို ဆဲဆိုနေခြင်းမပြုလုပ်ရန်။
၃။ အလုပ်ရှင်ဘက်မှ အလုပ်သမားများကို ညတိုင်းအချိန်ပိုအိုတီ ၉နာရီအထိဆင်းခိုင်းခြင်း မပြုလုပ်ရန်။
၄။ အလုပ်သမားများ အသုံးပြုသော အိမ်သာတွေကလဲညစ်ပတ်နေခြင်းကို အလုပ်ရှင်ဘက်မှဆောင်ရွက်ပေး ရန်။
၅။ အလုပ်ရှင်ရှင် အလုပ်သမားနှစ်ဦးသဘောတူစာချုပ်ကို အလုပ်သမားများ လက်ဝယ်တွင်ပေးရန်နှင့် (ec )မချုပ်လုပ်ရသေးသော အလုပ်သမားများကို ecစာချုပ်ချုပ်ပေးရန်။ ။၆ အလုပ်ရှင်ဘက်မှ တစ်နှစ်ကျော် နှစ်နှစ်နီးပါးရှိနေသော အလုပ်သမားများကို အတည်ပြုဝန်ထမ်းခန့်အပ် ပေးရန်။ ၇။ အလုပ်သမားများအတွက် လုပ်ငန်းခွင်ထဲတွင် ဆေးပေးခန်းထားရှိပေးရန်စတဲ့တောင်းဆိုချက်များကိုလည်းတောင်းဆိုထားပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026