NEWS

BOFEI GARMENT အထည်ချုပ်စက်ရုံက အလုပ်သမားအခွင့်ရေးချိုးဖောက်မှုတွေကျုးလွန်နေ

CoverLogo
837 Views

လှိုင်သာယာရွှေလင်းဗန်စက်မှုဇုန်၊ ဆိပ်ကမ်းသာလမ်းနှင့် မြတောင်ဝန်ကြီးဦးမိုလမ်းထောင့်တွင် ဖွင့်လှစ်ထားသော BOFEI GARMENT Co.,ltd စက်ရုံဟာ  အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေ ကျုးလွန်နေတယ်လို့  သိရပါတယ်။  

အဆိုပါ စက်ရုံဟာ တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်ကာ အလုပ်သမား(၄၀၀)ကျော်ဖြင့် sinsay, RE ကုန်အမှတ်တံဆိပ်ဘောင်းဘီများ ချုပ်လုပ်နေတဲ့စက်ရုံဖြစ်တယ်လို့ သိရပါတယ်။  

အဆိုပါစက်ရုံက အလုပ်သမားများ မချုပ်လုပ်နိုင်သော စံချိန်ကိုတောင်းခံနေခြင်း၊ စံချိန်တောင်းခံရာတွင် စက်လိုင်းတစ်လိုင်းကို အလုပ်သမားများ(၄၀)ဦးရှိပြီး ယခင်ကတစ်နာရီကို၁၅ထည်ကိုမနားမနေ အသဲအသန်ချုပ်လုပ်ရသော ဘောင်းဘီကို ယခုအခါတွင်စက်လိုင်းတစ်လိုင်းကို အလုပ်သမား(၄၀)ဖြင့်အထည်စံချိန်ကို ၃၀ အထိတောင်းခံနေခြင်းဖြစ်ပြီး  အလုပ်ရှင်ဘက်ကတောင်းခံသောစံချိန်မရလျှင် စူပါများက မိန်းခလေးများအတွက် မကြားဝံမနာသာ တွေကိုနေ့စဉ်နဲ့ အမျှဆဲဆိုနေခြင်းများ ခံနေရတယ်လို့ သိရပါတယ်။  

စက်ရုံထဲတွင် WCC ဖွဲ့စည်းထားခြင်းမရှိသလို  အလုပ်သမားသမဂ္ဂဖွဲ့စည်းထားခြင်းလည်းမရှိတာကြောင့်   အလုပ်သမားများနစ်နာမှုများကိုလည်း ဦးဆောင်ဆွေးနွေးပေးမည်သူများမရှိ ခြင်း၊ အလုပ်သမားများမှာလစဉ်လတိုင်း လူမှုဖူလုံရေးကြေးထည့်ဝင်ရသော်လည်း လူမှုဖူလုံရေးဆေးခွင့် များခံစားခွင့်မရှိခြင်း၊ အလုပ်ရှင်ဘက်မှအလုပ်သမားများကို အစည်းဝေးခေါ်ကာသေရေးရှင်ရေးကလွဲပီး မည်သူမှခွင့်ရော gatepass ရောမပေးဘဲ  လိုချင်ရင်လည်း ညနေ၄နာရီ၁၀မိနစ်မှသာပေးမယ်လို့ ဆိုထားတယ်လို့ သိရပါတယ်။  

ဒါ့အပြင် အလုပ်သမားများကနေထိုင်မကောင်းလို့ လူမှုဖူလုံရေးဆေးခန်းသွားလို့ခွင့်ရလျှင်လည်း အလုပ်ရှင်ဘက်မှ ခွင့်မပေးသည့်အတွက် ဒေးကြေး၊ ရက်မှန်ကြေးဖြတ်တောက်ခံရသည့်အပြင် အရေပေါ်ကိစ္စတစ်ခုခုရှိလို့ ရှောင်တခင်ခွင့်ယူလျှင်လည်း ဒေးကြေး(၅၆၀၀)ကျပ်၊ ရက်မှန်ကြေး(၁၀၀၀၀)ကျပ်ဖြတ်တောက်ခံရတယ်လို့  သိရပါတယ်။  

အလုပ်သမားများအသုံးပြုသော အိမ်သာမှာသန့်ရှင်းမှုမရှိခြင်းကြောင့် အလုပ်သမားများထမင်းစားသောနေရာနှင့် အရှေ့တည့်တည့်ဖြစ်နေသောကြောင့်အနံဆိုးများထွက်ခြင်း၊ အလုပ်သမားများထမင်း မစားနိုင်သည့်အထိအနံများထွက်ခြင်း၊ အလုပ်သမားများအတွက် ကျန်းမားရေးလည်း ထိခိုက်မှုရှိခြင်းကိုလည်း အလုပ်ရှင်ဘက်မှပြုပြုင်ဆောင်ရွက်ပေးခြင်းမရှိဘူးလို့လည်း သိရပါတယ်။ 

အဆိုပါစက်ရုံလုပ်ငန်းခွင်ထဲတွင်နေ့စား အလုပ်သမားများ၃၀ကျော်ရှိရာ  အတည်ပြုဝန်ထမ်းများကို တစ်ရက်ကိုဒေးကြေး (၄၈၀၀+ ထောက်ပံ့ကြေး၁၀၀၀)ကျပ်၊ အချိန်ပိုတစ်နာရီ(၁၄၀၀)ပေးထားပြီး ၃လပြည့်ပြီးသော နေ့စားသမားများကိုတော့  ဒေးကြေး(၄၈၀၀) ကျပ်၊ အချိန်ပိုကြေး(၁၂၀၀)ကျပ်ပဲပေးခြင်းကာ  စနေနေ့တွေဆိုလျှင်လည်းတစ်နေကုန်ဆင်း မှ(၄၈၀၀)ကျပ်ပဲရှင်းပေးတယ်လို့ သိရပါတယ်။  

ဒေးကြေးနဲ့အချိန်ပိုအိုတီကြေးတွေက အတူတူမရသော်လည်း အလုပ်လုပ် ကိုင်ရသည့်မှာပုံမှန်ဝန်ထမ်းတွေနဲ့အတူ အလုပ်လုပ်ကိုင်ရခြင်းဖြစ်ကာ  တရုတ်နိုင်ငံခြားသားများက လည်းအလုပ်သမားများကိုတိုက်ရိုက်အုပ်ချုပ်နေခြင်းဖြစ်တာကြောင့်  အလုပ်သမားများကကူညီဆောင်ရွက်ပေးနိုင်ရန်အတွက်  အလုပ်ရှင်လက်မှ၃လပြည့်ပြီးသောနေ့စားလုပ်သမားများကိုအတည်ပြုဝန်ထမ်းခန့်ပေးရန်၊  အလုပ်ရှင်ဘက်အိမ်သာနှင့် ထမင်းစားဆောင်ကို အကွာဝေးတစ်ခုဖြစ်အောင်ဆောင်ရွက်ပေးပါရန်၊ အလုပ်သမားများချုပ်လုပ်နိုင်သော အထည်စံချိန်ကိုတောင်းခံရန်၊  နိုင်ငံခြားသားများမှတိုက်ရိုက်မအုပ်ချုပ်ရန်နှင့်ဥပဒေပါခံစားခွင့်များကိုပေးရန်စတဲ့ တောင်းဆိုချက်လေးချက်ကိုတောင်းဆိုထားတယ်လို့ သိရပါတယ်။


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026