NEWS

Asdet ( Myanmar ) Garment .Co . Ltd. စက်ရုံတွင် ခွင့်နှင့် ဂိတ်ပတ်စ် အားလုံး ရက်ပျက်သတ်မှတ်ပြီး ရက်မှန်ကြေး ဖြတ်မယ်ဟု ပြော

CoverLogo
441 Views
 
Asdet ( Myanmar ) Garment .Co . Ltd စက်ရုံမှာ ဂိတ်ပတ်စ်ယူတာ၊ ခွင့်ယူတာ ပျက်ရက်သတ်မှတ်ပြီး ရက်မှန်ကြေး အကုန်ပြုတ်မယ်လို့ စက်ရုံတာဝန်ရှိတယ် ပြောဆိုတယ်ဆိုပြီး အလုပ်သမား‌တွေက ပြောပါတယ်။ စက်ရုံက ဒေးကြေး ကျပ် ၉၀၀၀ကျပ် ရက်မှန်ကြေး ကျပ် ၃၀၀၀၀ တိုးပေး အပြီး အခုလို ပြောခဲ့တယ်လို့ မြန်မာနိုင်ငံအထွေထွ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် FGWM ကို အလုပ်သမားတွေက ပြောကြားခဲ့တာ ဖြစ်ပါတယ်။
 
" ဆေးခွင့်နဲ့ပျက်ပျက် ၊ ဂိတ်ပတ်နဲ့ပဲထွက်ထွက်၊ ရှောင်တခင် ခွင့်နဲ့ပဲ ပျက်ပျက် ရက်မှန်ကြေးအကုန်ပြုတ်မယ်လို့ ပြောတယ် ၊ခွင့်တိုင်တယ်ဆိုတာ လစာ အဖြတ်ခံရမှာစိုးလို့တိုင်တာ အခုဟာကမတရားသဖြင့် ကြီးပါ တခါမှတောင်မကြားဖူးပါဘူး “ဆိုပြီး အလုပ်သမားတွေက ပြောပါတယ်။
 
ရက်မှန်ကြေးက ဥပဒေမှာတော့ ပြဌာန်းမထားပေမဲ့ ခွင့်နဲ့ ရက်ပျက်ပါက လုပ်ခလစာပေးရမယ်ဆိုပြီး ခွင့်ရက်နဲ့အလုပ်ပိက်ရက် နည်းဥပ‌ဒေ ပါတယ်လို့ FGWM အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
 
" ဥပဒေက မှာက ခွင့်ရက်နဲ့အလုပ်ပိတ်ရက်ဥပဒေအတိုင်းခံစားခွင့်ရှိတယ်ဆိုတာပါ ။အဲ့တော့ ရက်မှန်ကြေးကို ဘာခွင့်နဲ့ပျက်ပျက်မဖြတ်ဖို့တောင်းဆိုကြတဲ့အခါ၊ ခွင့်ရက်နဲ့အလုပ်ပိတ်ရက်ဥပဒေအတိုင်းပေးကြရတယ်။ အဓိကတော့ အလုပ်သမားကပဲတောင်းဆိုယူရတာပါ။ " လို့ ပြောပါတယ်။
 
စက်ရုံမှာ စက်လိုင်း ၂၄ လိုင်း၊ လူဦးရေ ၇၀၀ ဝန်းကျင်က SMOG ၊ CHAPTER ၊ everme အမှတ်တံဆိပ် တွေချုပ်လုပ်‌ နေပါတယ်။
 
Asdet ( Myanmar ) Garment .Co . Ltd. စက်ရုံ ရန်ကုန်မြို့ ၊ လှိုင်သာယာမြို့နယ် ၊ ရွှေလင်ဗန်းစက်မှုဇုန် ဦးအောင်သူ လမ်းမှာ လုပ်ငန်း လုပ်ကိုင်နေပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံ လို့ သိထားပါတယ်။
 

Related posts

Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026