NEWS

Asdet Myanmar Garment အချိန်ပို အတင်းအကျပ် ခိုင်းစေခြင်း

CoverLogo
360 Views
 
Asdet Myanmar Garment အထည်ချုပ်စက်ရုံက နေစဉ် အချိန်ပို ၅ နာရီလုပ်ကိုင်ရတဲ့ အပြင် စနေနေ့တွေ မှ, မိုးအလင်း လုပ်ကိုင်ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် နေ့လယ် ထမင်းစား ပြီးကတည်းက အချိန်ပိုနားချိန်အထိ ၈ နာရီနီးပါး တဆက်တည်းလုပ်ကိုင်ရတယ်လို့လည်း အလုပ်သမားတွေက ပြောထားပါတယ်။
 
“အချိန်ပို ည ၁၀ နာရီအထိက နေတိုင်း လုပ်ခိုင်းတယ်။ အလုပ်သမားတွေကို အလှည့်ကျ ခေါ်တယ်ဆိုပေမဲ့ ၅ ရက်လုံးလည်း ဆင်းရနိုင်တယ်။ ၃/ ၄ ရက်လည်း ဖြစ်နိုင်တယ်။ စနေနေ့ အောလင်းဆင်းရတာလည်း အလှည့်ကျပဲ တလ နှစ်ရက်လည်းဆင်းရတယ်၊ ၃ ရက်ဆင်းရတာလည်း ရှိတယ်။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
Asdet Myanmar Garment အလုပ်သမားတွေရဲ့ အချိန်ပို လုပ်ကိုင်ချိန် တွက်ချက်ရာမှာ အလုပ်သမားဥပဒေနဲ့ အလုပ်ရုံ စစ်ဆေးရေးဦးစီးဌာနက ညွှန်ကြားထားတဲ့ အချိန်ပို အလုပ်ချိန် တပတ် နာရီ ၂၀ ထက် အတော်များများ ကျော်လွန်တာကို တွေ့ရပါတယ်။
 
“နေ့လည်ကနေ ည အထိ တဆက်တည်းလုပ်ရတာက ၇ နာရီ။ အချိန်ပိုက တနေ့ ၅ နာရီ အောလင်းဆိုရင် မနက် ၄ ခွဲ ဆို တစ်ညတည်း အချိန်ပို ၁၅ နာရီကျော်လုပ်ရတယ် ။ အချိန်ပိုတွေ တအားအများကြီးလုပ်ရတယ်လို့ ပြောတာပါ.” လို့ ပြောပါတယ်။
 
အချိန်ပို ည ၁၀ ခွဲ ဆင်းရပါက မနက် ၅ နာရီမှ ပြန်ခွင့်ရသလို အောလင်း အချိန်ပို ဆင်းတဲ့ အလုပ်သမားတွေမှာ လည်း မနက် ၆နာရီ မှ ပြန်ခွင့်ရတယ်လို့ ပြောပါတယ်၊ အချိန်ပို ဆင်းလို့ နေထိုင်စားသောက်ရေး အခက်အခဲ တွေ ကြုံရပြီး ငြင်းဆန်လို့လည်း မရဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အိမ်ပြန်ရင် လဲကိုယ့် အစီစဉ်နဲ့ကိုယ် ပြန်ရတယ်။ ည ၁၀နာရီထိ ဆင်းရတဲ့သူတွေကို စက်ရုံမှာ အိပ်ခိုင်းတယ် ။ စက်လိုင်းထဲမှာ အိပ်ရတာ။ အိပ်ရတာ မလုံခြုံဘူး။ နောက်နေ့ ထမင်းချိုင့် ထည့်ဖို အဆင်မပြေဘူး။ မဆင်းနိုင်လို့ ပြောလည်း မရဘူး။ အလုပ်သမားတွေရဲ့ ဆန္ဒကို မေးတာမရှိဘူး။ အတင်းအကျပ် လက်မှတ်ထိုး ဆင်းခိုင်းတာ.” လို့ ပြောပါတယ်။
 
အချိန်ပို ဆင်းမယ်ဆိုတဲ့ လက်မှတ်ကို အလုပ်သမားတွေကိုယ်တိုင် မသိလိုက်ဘဲ လိုင်းခေါင်းဆောင်စူပါတွေက အလုပ်သမားကိုယ်စားထိုး ပြီး ဆင်းခိုင်းတယ်လို့ မဆင်းနိုင်တဲ့ အလုပ်သမားတွေမှာ အိုတီ ထမင်းကျွေးဖိုး ကျပ် ၃၀၀၀ လျှော်ပေးရတယ်လို့လည်း ပြောပါတယ်။
 
အချိန်ပိုတွေ လုပ်ရတာများလို့ ခွင့်ယူလို့လည်းမရဘူး။ နေမကောင်းလို့ ပြန်ရင် ဂိတ်ပတ်စ် အလွယ်တကူ မရဘူး ။ ဥပဒေပါ ခွင့်တွေ ယူတော့ စူပါတွေက မကြိုက်ဘူး။ သုံးရက်ဆို အလုပ်ပြုတ်မယ်လို ခြိမ်းခြောက်တယ်။ အချိန်ပိုအလွန်အကျွံ ခေါ်ယူမှုတွေကို WCC အဖွဲဝင်တွေက အလုပ်သမားတွေကို ကိုယ်စားပြု ညှိနှိုင်း ပေးတာ မရှိသလို အလုပ်သမားရုံးတွေကို တိုင်ကြားခဲ့ပေမဲ့ စက်ရုံဘက်က အပြောင်းအလဲ လုပ်ပေးတာ မရှိဘူးလို့ အလုပ်သမားတွေ ပြောပါတယ်။
 
Asdet Myanmar Garment စက်ရုံ က ရန်ကုန််မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ မီးသတ်ဝိုင်းအနီး ၊ မီသတ်ကန်လမ်းမှာ ဖွင့်လှစ်ထားပြီး အလုပ်သမာ ၉၀၀ ကျော်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံ ဖြစ်ပါတယ် ။
 

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026