NEWS

Arao အထည်ချုပ်စက်ရုံ ဌာနခေါင်းဆောင်များအား ရာထူးချ

CoverLogo
201 Views
 
Arao Garment စက်ရုံ က လုပ်သက်ရင့် ဌာနခေါင်းဆောင်တွေကို ရာထူးလျှော့ချတဲ့ အပြင် လစာပါ လျှော့ချ ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ Hahae စက်ရုံကနေ Arao Garment အနေနဲ့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပြီးနောက် အလုပ်သမားတွေရဲ့ လုပ်သက်တွေကို အသိအမှတ်မပြုတဲ့ အပြင် လုပ်ခလစာနဲ့ ရာထူးကို လျှော့ချခဲ့တာ ဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
"စက်ရုံ ဖွင့်တာ နှစ်ကြာပြီ လုပ်သက်လည်း ကြာပြီ ။ စက်ရုံ နာမယ်ပြောင်းပြီးမှ cutting ဌာန ခေါင်းဆောင် တွေ များနေလို ဆိုပြီး ခေါင်းဆောင် ၈ဦးကို ရာထူးချ၊ လစာ လျှော့မယ်ဆိုပြီး ပိုင်ရှင်က ပြောတယ်။ ဘယ်လိုပုံစံ ဖြစ်မလဲ မသိဘူး။ လုပ်နိုင် ရင်လုပ်၊ မလုပ်နိုင် ရင် မလုပ်နဲ့ ဆိုတဲ့ သဘော ဖြစ်နေတယ်။” လို့ ပြောပါတယ်။
 
စက်ရုံ အပြောင်းအရွှေ့ မှာ အလုပ်မသားတွေရဲ့ လုပ်သက် သက်တမ်းမဆက်ဘဲ ဆက်လက် လုပ်ကိုင် ခိုင်းစေခဲ့လို့ အလုပ်သမား အားလုံး နစ်နာခဲ့ကြရတဲ့ အပြင် လက်ရှိ ခေါင်းဆောင် ၈ဦးကို ရာထူးချ လစာ လျှော့မယ်လို့ မန်နေဂျာက အသိပေးထားတာ ဖြစ်ပါတယ်။ ဒီဆောင်ရွက်မှုက EC စာချုပ် ချိုးဖောက်ဖြစ်ပေမဲ့ အလုပ်သမား တွေကို အဲဒီ EC စာချုပ်မိတ္တူ ပေးထားတာ မရှိဘူးလို့ လည်း ပြောပါတယ်။
 
“ EC စာချုပ်က စက်ရုံစဖွင့်ထဲက အခုချိန်ထိ မပေးတာ။ ဘယ်မှ တိုင်လို မရဘူး၊ တိုင်လဲ အလကားပဲလို့ မန်နေဂျာက ပြောထားတယ်။ သူဌေးက လူကြီးတွေနဲ့ သေချာ ပြောဆိုပြီး မှ လုပ်တာဆိုပြီးပြောပါတယ်” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
၂၀၁၃ ခုနှစ်၊ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေအရ အလုပ်စတင်ခန့်အပ်တဲ့နေ့မှ ရက်ပေါင်း ၃၀ အတွင်း အလုပ်ရှင်နဲ့ အလုပ်သမားအကြား EC စာချုပ်ကို ချုပ်ဆိုရမှာ ဖြစ်ပါတယ်။ အဲဒီစာချုပ်ကို စာချုပ်ကို အလုပ်ရှင်က တစ်စောင်၊ အလုပ်သမားက တစ်စောင် စုစုပေါင်း အနည်းဆုံး ၂ စောင် (သို့မဟုတ်) ၃ စောင် ချုပ်ဆိုပြီး အလုပ်သမားအတွက် မူရင်းအတိုင်း တစ်စောင် ပေးအပ်ရမှာ ဖြစ်ပါတယ်။
 
အလုပ်သမားအတွက် EC စာချုပ် မပေးတာကြောင့် အလုပ်သမားဘက်က နစ်နာနေတယ်လို့လည်း ပြောပါတယ်။
“အများပြည်သူ အလုပ်ပိတ်ရက်တွေ အချိန်ပို ခေါ်ရင် အိုတီ ၂ဆ ပေးတာမျိုးမရှိဘူး။ အဲဒီနေ့မှာ အိုတီ ၄နာရီပဲ ပေးတယ်။ EC စာချုပ်ကို လက်မှတ်သာထိုးခိုင်းခဲ့တာ လက်ထဲ ပေးထားတာ မရှိဘူး။” လို့ ပြောထားပါတယ်။
 
Arao Garment စက်ရုံက ကိုရီးယား -မြန်မာ ပိုင် စက်ရုံဖြစ်ပြီး ဒဂုံဆိပ်ကမ်းမြိုနယ်၊ ဒဂုံ ဆိပ်ကမ်း စက်မှုဥယျာဥ် (ကျီစု) ၊ ကနောင်မင်းသားကြီးလမ်းမှာ လုပ်ငန်းလုပ်ကိုင်နေပါတယ်။ အလုပ်သမား ၃၀၀၀ နီးပါးက POLHAM,JAJU,TISSAIA စတဲ့ တံဆိပ်အထည်တွေ ချုပ်လုပ်နေတယ်လို့လည်း ပြောထားပါတယ်။

Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026