NEWS

Alpha Best Global Limited ဖိနပ်စက်ရုံတွင် လုပ်ခလစာ တိုးမြှင့်ပေးရေး တောင်းဆို

CoverLogo
845 Views
 
Alpha Best Global Limited ဖိနပ်စက်ရုံမှာ လုပ်ခလစာ တိုးမြှင်ပေးဖို့ တောင်းဆိုနေတယ်လို့ အလုပ်သမား တွေက ပြောပါတယ်။ စက်ရုံတွင်းက အလုပ်သမားတွေက အခြေခံလစာ တိုးပေးဖို့ လုပ်ငန်းခွင်အတွင်းမှာပဲ မတ်လ ၁၇ ရက်က စတင်ပြီး တောင်းဆိုမှုတွေ ပြုလုပ်နေတာလို့ သိရပါတယ်။
“အခြေခံလစာ ဒေးကြေးကျပ် ၁၀၀၀၀ တောင်းဆိုထားတာ။ ဒီမနက်တော့ စက်ရုံဘက်က ရက်မှန်ကြေးကိုပဲ ၄၀၀၀၀ အထိ တိုးပေးမယ်။ ဒေးကြေးကို နဂိုအတိုင်းပဲ ပေးမယ်ဆိုပြီး ပြောထားလို့၊ ဆက်ညှိနှိုင်း နေပါတယ်။ တောင်းဆိုမှုက နှစ်ခုတည်းပဲ ။ တရုတ်ဆရာမကို ပြန်ခန့်ပေးဖို့နဲ့ ဒေးကြေးတိုးပေးဖို့ပါ ။” လို့ အလုပ်သမားတဦးက ပြောပါတယ်။
တောင်းဆိုမှုတွေ မပြုလုပ်မီက ဒေးကြေး ၇၈၀၀ ၊ အိုတီကြေး တစ်နာရီ ၁၇၅၀ နဲ့ ရက်မှန်ကြေး ကျပ် ၁၅၀၀၀ သာ စက်ရုံဘက်က သတ်မှတ်ပေးထားတယ်လို့ သိရပါတယ်။
“အခု ကုန်စျေးနှုန်းတွေနဲ့ ရတဲ့ လုပ်အားခ ဘယ်လို မမျှတလို တောင်းဆိုရတာ။ အေးအေးဆေးဆေး ကျွန်မတို့ တောင်းဆို နေပါတယ်။ စက်ရုံထဲမှာ ကိုယ့်နေရာ ကိုယ်နေ၊ မီးပိတ် အလုပ်မလုပ်ဘဲ တောင်းဆိုနေတာ။ ဘာမှ ဆူဆူပူပူ မလုပ်ပါဘူး ။ မနေ့ နေ့လည်ထမင်းစားနားချိန်အပြီး၊ နေ့လယ် ၁နာရီကစပြီး တောင်းဆိုနေတာပါ။” လို့ အလုပ်သမားတွေက ပြောပါတယ်။
စက်ရုံအတွင်း အလုပ်သမား၁၀၀၀ ဝန်းကျင်လုပ်ကိုင်နေပြီး ဒီကနေ့ မတ် ၁၈ ရက် မနက်မှာ အလုပ်သမား ၁၀၀ ကျော် တောင်းဆိုမှုမှာ ပါဝင်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ တောင်းဆိုမှုပြုလုပ်နေတဲ့ အလုပ်သမားတွေ အလုပ် မလုပ်ပါက နေအိမ်ပြန်ဖို့ စက်ရုံကြီးကြပ်ရေးမှူးတွေက ပြောဆိုတဲ့အပြင် စက်ရုံတာဝန်ရှိသူကလည်း ဒေးကြေးတိုး မပေးနိုင်ဘူးဆိုပြီး ငြင်းဆိုနေတယ်လို့ နောက်ဆုံးအခြေအနေကို သိရှိတဲ့ အလုပ်သမားတဦးက ပြောပါတယ်။
“နောက်ဆုံးညှိနှိုင်းမှုကတော့ ဒေကြေးမတိုးပေးနိုင်ဘူးတဲ့၊ မနက်ဖြန် အလုပ်ဆင်းမယ်ဆို လာ၊ မလုပ်ဘူးဆို မလာနဲ့လို့ စက်ရုံဘက်က ပြောနေတယ်။ တရုတ်ဆရာမကို ပြန် အလုပ်ခန့်ပေးဖို့ လုံးဝ မဖြစ်နိုင်ဘူး ဆိုပြီး ငြင်းတယ်။ ရက်မှန်ကြေးပဲ တိုးပေးမယ်ပြောတော့ ဘယ်လောက်တိုးပေးနိုင်မှာလဲ။ ဒေးကြေးတိုးပေးဖို့ပဲ၊ တခြားစက်ရုံတွေဆို ၁၀၀၀၀ အထိ ပေးနေတယ်။ အလုပ်ချိန် မနက် ၇နာရီစတာက ည ၈နာရီ မှ ပြန်ရတယ်။ တခြား စက်ရုံတွေထက် စောပြီး အလုပ်ဝင်ရတယ်။ ပြန်တော့လည်း တခြားစက်ရုံတွေထက် နောက်ကျမှ ပြန်ရတယ် ။ လုပ်အားခကိုတော့ တခြားစက်ရုံတွေ ပေးသလို မပေးဘူး " လို့ အလုပ်သမားတဦးက ပြောပါတယ်။
Alpha Best Global Limited စက်ရုံက ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်မှာရှိပြီး GEOX အမှတ်တံဆိပ် ဖိနပ်တွေချုပ်တဲ့ တရုတ်နိုင်ငံသားပိုင် ဖိနပ်စက်ရုံ ဖြစ်တယ်လို့ အလုပ်သမားတွေက ပြောထား ပါတယ် ။

Related posts

Cover
Golden Maple Leaf Myanmar အထည်ချုပ် လုပ်သားများ အလုပ်ချိန်တွင် စစ်မှုထမ်း စုဆောင်းခံရ
Feb 26, 2026
Cover
Hige Fashion Accessories Myanmar စက်ရုံ ကိုယ်ဝန်ဆောင် အလုပ်သမားအား အလုပ်ထုတ်
Feb 26, 2026
Cover
Dishang Fashion (Myanmar) အထည်ချုပ် အချိန်ပိုကြိုပို့ အဆင်မပြေ၊ ကုန်ကျစာရိတ် များပြား
Feb 25, 2026
Cover
Max Technology စက်ရုံမှာ မိလ္လာကန် ပြည့်လျှံလို့ အလုပ်သမား ၁၀၀၀ ကျော် ဒုက္ခရောက်နေ
Feb 25, 2026
Cover
Titan Tree Myanmar (Tha Shu) အထည်ချုပ် လစာတိုးမြှင့်ပေးရေး ဆောင်းဆိုမှု ခြိမ်းခြောက်ခံနေရ
Feb 25, 2026
Cover
Golden Propitious (Myanmar) အထည်ချုပ် အလုပ်သမားများ ဆန္ဒမပါဘဲ အချိန်ပို လုပ်ကိုင်နေရ
Feb 24, 2026
Cover
Hanfex Garment အချိန်ပို အတင်းအကျပ် လုပ်ကိုင်ခိုင်း၊ မဆင်းလို့ အလုပ်ထုတ်
Feb 23, 2026
Cover
Myanmar Belle International အထည်ချုပ် တောင်းဆိုချက်များ စာချုပ်ပြီး ဖေါက်ဖျက်
Feb 23, 2026