NEWS

ALLAND FASHION စက်ရုံကအလုပ်သမား ၄၀၀ ကျော် အလုပ်သမားအခွင့်အရေးများချိုးဖောက်ခံနေရ

CoverLogo
708 Views

ဖန်ချက်ဝန်ဦးရွေအိုလမ်း၊ လှိုင်သာယာမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ ALLAND FASHION LIMITED အထည်ချုပ်စက်ရုံဟာ စက်ရုံ အလုပ်သမား(၄၀၀)ကျော်အပေါ် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများစွာကို ကျူးလွန်နေတယ်လို့ အလုပ်သမားတွေ ထံကသိရပါတယ်။  

အဆိုပါ စက်ရုံဟာတရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး defacto အမှတ်တံဆိပ် ကိုချုပ်လုပ်နေတာလို့ ဆိုပါတယ်။

အလုပ်သမားများခံစားခွင့်ရှိတဲ့ ရှောင်တခင်ခွင့်၊ ဆေးခွင့်များကို ခံစားခွင့်မရရှိခြင်း၊ အလုပ်သမားများနေမကောင်းဖြစ်လျှင် (သို့မဟုတ်) မကြောင်းအမျိုးမျိုးကြောင့် အလုပ်မဆင်းနိုင်ပါက ရှောင်တခင်ခွင့်မပေးဘဲ ရက်ပျက်သာရတဲ့အတွက် အလုပ်သမားများမှာအလုပ်တစ်ရက်ပျက်လျှင် ဒေးကြေး (၄၈၀၀)ကျပ်နဲ့ ရက်မှန်ကြေး (၂၀၀၀၀)ကျပ်၊ စုစုပေါင်း (၂၄၈၀၀)ဖြတ်တောက်ခံနေရတယ်လို့ သိရပါတယ်။ 

ဒါ့အပြင်အောစူပါ၊ စူပါများက စံချိန်ကိုအလုပ်သမားများ မချုပ်လုပ်နိုင်သော အထည်အရေတွက်များတောင်းခံကာ စက်လိုင်းတစ်လိုင်းကို လူဦးရေ(၃၀)ကျော်နဲ့ ဂျာကင်ထည်များချုပ်ရတာဖြစ်တယ်လို့ဆိုပါတယ်။

ချုပ်လုပ်နိုင်ဖို့စက်ချုပ်သမားထပ်မဖြည့်ပေးဘဲ စံချိန်ကိုမရရအောင် အောစူပါ၊ စူပါများမှ ဖိအားပေးခြင်း၊ အော်ဟစ်ဆဲဆိုပြီး စံချိန်ကိုတောင်းခံခြင်းတွေပြုလုပ် နေတာလို့ဆိုပါတယ်။

"စံချိန်ကိုသာမရမက ဆဲဆို၊ အော်ဟစ်ပြီးတောင်းခံနေပြီး လူမလောက်တဲ့လိုအပ်ချက်ကို မသိတာလား၊ မသိချင်ယောင်ဆောင်တာလား မသိဘူး၊ အလုပ်သမားကိုတော့ ဖိနှိပ်ပြီးတော့စံချိန်ကိုမရမက တောင်းခံနေတာ"လို့အလုပ်သမားကပြောပါတယ်။

အလုပ်သမား တွေကို ကျွမ်းကျင်ကြေးပေးထားတယ်လို့ အမည်တပ်ထားပေမဲ့ ကျွမ်းကျင်ကြေး ဘယ်အဆင့်ဆိုတာမသိရဘဲ အောစူပါ၊ စူပါများနှင့်အဆင်ပြေသော အလုပ်သမားအချို့ကိုသာ ကျပ်၂၀၀၀၀ ထည့်ပေးပြီး တကယ်ကြိုးစားချုပ်လုပ်သော အလုပ်သမားများမှာ ခံစားခွင့်မရပဲ ဘက်လိုက်ပြီးပေးနေတယ်လို့ ကျေနပ်မှုမရှိတဲ့အလုပ်သမားကပြောပါတယ်။

ဒါ့အပြင် အောစူပါတောင်းသော အထည်ပြည့်မီအောင်မပေးနိုင်ပါက ညနေ့အလုပ်ဆင်းချိန် (၇)နာရီမှာ အလုပ်သမားကိုပြန်မလွတ်ပဲ ညဘက်(၁၂)နာရီအထိ အချိန်ပိုအိုတီအလကားဆင်းခိုင်းကာ ပြန်လွတ်ချိန်တွင်လည်း ဖယ်ရီကားအပေးခြင်းကြောင့် ညအချိန်မတော်ပြန်ရလို့ တစ်ချို့အလုပ်သမားများမှာ လမ်းမှာဖုန်းအလုခံရခြင်း၊ ပိုက်ဆံအလုခံရခြင်းများကြုံနေရသလို အလုပ်ရှင်ဘက်မှ တာဝန်ယူချင်းမရှိတဲ့အပြင် အမြဲလိုလို အချိန်ပိုအိုတီဆင်း နေရတာလို့ ဆိုပါတယ်။

အလုပ်သမားများအလုပ်ထွက်လျှင်လည်း အလုပ်ဆင်းထားတဲ့ရက်အတွက် ပိုက်ဆံလာထုတ်ချိန်တွင် အလွယ်တကူထုတ်ပေးခြင်းမရှိပဲ အချိန်ဆွဲထားပြီး ပိုက်ဆံ (၁၀၀၀၀)ကျပ်ပေးမှသာအလုပ်သမားကိုသာ ဦးစားပေးထုတ်ပေးတယ်လို့ဆိုပါတယ်။ 

လုပ်ငန်းခွင်ထဲတွင် အသက်မပြည့်သေးသော ခလေးလုပ်သား (၃၀)ဦးကိုခိုင်းစေနေခြင်း၊ အလုပ်သမားများကိုလည်း ယနေ့အထိ ဒေးကြေး (၄၈၀၀)ကျပ်ဖြင့်သာ အလုပ်လုပ်ကိုင်နေရပြီး ဒေးကြေးတိုးပေးခြင်းမရှိတဲ့အပြင် အလုပ်သမားများဆီက ရတဲ့နည်းလမ်းဖြင့်ခေါင်းပုံဖြတ်နေခံနေရတယ်လို့ သိရပါတယ်။ 

အဲဒီလိုအခွင့်ရေးချိုးဖောက်မှုများစွာကြောင့်

အလုပ်သမားများက

၁။ အလုပ်သမားများ ခံစားခွင့်ရက်နှင့်ဆေးခွင့်များခံစားခွင့် ပေးရန်။

၂။ စံချိန်တောင်းခံရာတွင် ချုပ်လုပ်နိုင်သော စံချိန်ကိုသာတောင်းခံရန်နှင့် စံချိန်ကိုတောင်းရာတွင် ဆဲဆိုပြီးမတောင်းရန်။

၃။ အောစူပါ၊ စူပါများမှ ဆဲဆိုခြင်း၊ အော်ဟစ်ခြင်းများ မပြုလုပ်ရန်။

၄။ အလုပ်ထွက်သောအလုပ်သမားများ လစာလာထုတ်လျှင် ပိုက်ဆံမတောင်းခံရန်။

၅။ ကျွမ်းကျင်ကြေးပေးရာတွင် အလုပ်သမားများကို တရားမျှတမှုဖြင့်ပေးရန်နှင့် ကျွမ်းကျင်ကြေးအဆင့်ကို တစ်ခါထဲခွဲပေးရန် စတဲ့တောင်းဆိုချက်၅ကိုလည်း တောင်းဆိုလိုတယ်လို့ သိရပါတယ်။

 

#MyanmarLabourNews


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026