NEWS

AJ အထည်ချုပ်စက်ရုံ အချိန်ပို အလွန်အကျွံခေါ်၊ အလုပ်သမားရုံးသို့ တိုင်စာတင်လည်း မထူးခြား

CoverLogo
331 Views
 
Asia Just Co.Ltd အထည်ချုပ်စက်ရုံမှာ ဖိအားပေး အချိန်ပို လုပ်ကိုင်ခိုင်းနေတယ်လို့ မြန်မာနိုင်ငံ အထွေထွေ အလုပ်သမားသမဂ္ဂများအဖွဲချုပ် FGWM ကို အလုပ်သမားတွေက ပြောကြားပါတယ်။
 
“အများပြည်သူ ရုံးပိတ်ရက်တွေ နှင့် အခါကြီး ရက်ကြီး ရက်တွေပါ မကျန်ဘူး အချိန်ပိုခေါ်တယ်။ အလုပ်သမား တွေက မဆင်းချင်ကြဘူး။ ဒါကို သဘောဆန္ဒမပါဘဲ လက်မှတ်ထိုး ဆင်းခိုင်းတာ။” လို့ အလုပ်သမားတွေက ပြောပါတယ်။
စက်ရုံက စီစဉ်ပေးထားတဲ့ အဆောင်နေ အလုပ်သမားတွေက အရင်ကတည်းက အချိန်ပို အမြဲ လုပ်ကိုင်ပေးရပြီး လက်ရှိ အဆောင်မနေတဲ့ အလုပ်သမားတွေပါ မဖြစ်မနေ အချိန်ပို ဆင်းခိုင်းနေတာလို့ FGWMကို အလုပ်သမားတွေက ပြောပါတယ်။
 
“စက်ရုံက အဆောင်မှာနေရတော့ မဖြစ်မနေ အိုတီဆင်းပေးရတယ် မဆင်းရင် အခန်းကိုလာရှာတယ်။’’ လို့ အလုပ်သမားတွေက ပြောပါတယ်။
 
လက်ရှိ နိုင်ငံရေးအခြေအနေက မကောင်းဘဲ၊ စစ်မှုထမ်းစုဆောင်းနေတဲ့ အချိန်မှာ အခုလို အချိန်ပိုတွေ အလွန်အကျွံ ခိုင်းစေနေတာကို အလုပ်သမားတွေက စိုးရိမ်တယ်လို့ ပြောဆိုပါတယ်။ အခုလို ခိုင်းစေနေလို့ ရွှေပြည်သာ အလုပ်သမားရုံးကို တိုင်ကြားပေမဲ့ အခြေအနေတွေ ထူးမလာဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“စစ်သားစုဆောင်းနေတော့ အချိန်ပိုဆင်းခိုင်းတာကို အတော်လေးစိုးရိမ်နေကြတယ်။ ဒါကို အလုပ်သမားတွေက ရွှေပြည်သာအလုပ်သမားရုံးကို တိုင်ခဲ့တာပဲ၊ ရုံးကလူကြီးတွေ စက်ရုံကိုလာတယ် ဘာမှမဖြေရှင်းဘဲ ပြန်သွား တယ်” လို့ အလုပ်သမားတစ်ဦးကပြောပြထားပါတယ်။
 
စက်ရုံရဲ့ စူပါ ၊လီတာ ရာထူးတွေကို ငွေကြေးပေး ရယူထားကြပြိး စက်လိုင်းအတွင်းက အလုပ်သမားတွေကို စောင့်ကြည့် ဖိအားပေး ခိုင်းစေနေတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“အထည်စံချိန်တောင်းတာနဲ့ အလုပ်သမားတွေကို စက်လိုင်းလီတာတွေက မျက်စိဒေါက်ထောက်ကြည့်နေတာ။ စူပါတွေကစ သူတိုပြောတဲ့ စံချိန်ရဖို့ စောင့်ကြည့်တယ်။ သူတို့ မကြိုက်တဲ့ အလုပ်သမားဆို ဖိအားပေးပြီး စိတ်ညစ်အောင်လုပ်တယ်။
 
အလုပ်သမားကို သူ့ဘာသာသူ အလုပ်ကထွက်အောင်ကို လုပ်ကြတယ်။” လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။
Asia Just Co.Ltd အထည်ချုပ်စက်ရုံက အလုပ်သမားတွေအပေါ်လုပ်ခလစာခေါင်းပုံဖြတ်တာ၊ ခေါင်းဆောင် တွေရဲ့ အကျင့်ပျက် ခြစားမှုတွေ၊ စည်းကမ်းဖောက်တယ်ဆိုပြီး အလုပ်သမားတွေအပေါ် နိုင့်ထက် စီးနင်း ပြုမူတာနဲ့ ကိုယ်ထိလက်ရောက် အပြုအမှုတွေကြောင့် အလုပ်သမားတွေက စုပေါင်းတောင်းဆိုမှု ပြုလုပ်ခဲ့ဖူး ပါတယ်။
 
Aj စက်ရုံက ဥရောပအထည်တွေ ချုပ်လုပ်နေပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေတာ နှစ်ပေါင်း၂၀ ကျော် ရှိနေပါပြီ။ စက်ရုံက ရန်ကုန်မြို့ ၊ ရွှေပြည်သာစက်မှုဇုန်၊ စက်မှုဇုန် ၃၊ တွင်းတိုက်ဝန် ဦးထွန်းညိုလမ်းမှာ ရှိပြီး လုပ်သား ၁၈၀၀ ဝန်းကျင် လုပ်ကိုင်နေတယ်လို့ သိထားပါတယ်။

Related posts

Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026