NEWS

ADK/ JW အထည်ချုပ် ညည့်နက် နှင့် ပိတ်ရက်များပါ လုပ်ကိုင်ခိုင်း

CoverLogo
540 Views

လူကြီးမင်းများရှင့် ။ 
ညီမတို့က မင်္ဂလာဒုံ၊ ဇေကမ္ဘာဝန်းထဲမှာ ရှိတဲ့ ADK/ JW အထည်ချုပ် စက်ရုံက အလုပ်သမားတွေပါ ရှင့်။
လစာတွေ  ကွာဟာမှုနဲ့  အလုပ်သမားတွေကို အချိန်ပို (OT) တွေ အလွန်အကျွံ လုပ်ခိုင်းတာကို  ပြောပြချင် ပါတယ်။ 
ကျွန်မတို့က စက်ချုပ် အလုပ်သမားတွေ မဟုတ်ပါဘူး။  စက်ရုံထဲက တခြားဌာနက အလုပ်သမားတွေပါ။ 
စက်ရုံက လိုင်းသမား( စက်ချုပ်အလုပ်သမား)တွေရဲ့ လစာနဲ့ ကျွန်မတို့လို့ တခြားဌာနက အလုပ်သမားတွေရဲ့ လစာက  မတရား ကွာခြားနေပါတယ်။ လိုင်းသမားတွေဆို လစာ ငါးသိန်းကျော် ၊ ခြောက်သိန်းနီးပါအထိ  ရပါတယ်။
ကျွန်မတို့လစာက ပြီးခဲ့တဲ့ ၆လပိုင်း(ဇွန်လ)ကဆို သုံးသိန်းငါးသောင်း မပြည့်ပါဘူး။  တော်တာ်ကြီး ကွာဟ နေတာ၊ ငါးသောင်းလောက် ကွာရင် တော်ပါသေးတယ်။ အခုဟာက ထက်ဝက် နီးပါး ဆိုတော့ တော်တော် ဆိုးပါတယ်။ 
တခြား စက်ရုံတွေမှာဆို ၆ ခွဲ ပုံမှန်ပြန်ရတာတောင်၊ လစာ  ၄သိန်း ကျော်လောက်  ရပါတယ်။
ဒီလထဲမှာ ညီမတို့ ဆန္ဒပြ တောင်းဆိုလို့ သုံးသောင်း တိုးရပါတယ်။
ဆန္ဒပြလို့ဆိုပြီး ခေါင်းဆောင်(all super)တွေက ကျွန်မတို့ကို ပြောဆိုပါတယ်။ အလုပ်သမားတွေ ဆန္ဒပြတာ ခေါင်းဆောင်တွေ  လစာ အဖြတ်ခံရတယ်လို့ ပြောပါတယ်။ 
စက်လိုင်းက အကူဝန်ထမ်းတွေနဲ့ ကျွန်မတို့နဲ့ လစာ အတူတူပါပဲ။ အလုပ်အများကြီး လုပ်ရပြီး လစာနည်းနည်းပဲ ရနေတာပါ။ 
ပုံမှန် အလုပ်ချိန်နဲ့  OT ချိန်က ညနေ ၆ခွဲအထိပါ။ တရက်ခြား ၇ နာရီခွဲအထိလုပ်ရပါတယ်။ လိုင်းသမားတွေ အလုပ် က ပြန်လို့ရပေမဲ့ အကူဝန်ထမ်းတွေကျန်ခဲ့ပါတယ်။ 
ကျွန်မတို့ ည ၁၁နာရီ၊ ၁၂နာရီအထိ ဆင်းရပါတယ်။ အိပ်ရေးတွေလည်း ပျက်ပါတယ်။ အိမ်ပြန် ထမင်းချိုင့် ပြန်လုပ်ရတာ အချိန်မရလို့ စက်ရုံမှာ ဝယ်စားရတာ များပါတယ်။ အဲလိုဆိုတော့ လူပင်ပန်းပြီး ရတဲ့ အချိန်ပိုကြေး ကုန်တာပဲ အဖက်တင်ပါတယ်။
စက်ရုံက တလမှာ ပိတ်ရက် တနင်္ဂနွေ လေးရက်ထဲက နှစ် ရက်ပဲ ပိတ်ပေးပါတယ်။ တလမှာ နှစ်ရက်ပဲ အနားရတာပါ။  တစ်ရုံလုံး ဆင်းရပါတယ်။
ညီမတို့ရတဲ့ Dayကြေး က ၅၆၀၀ပါ။ အချိန်ပိုကြေးက ၁၅၀၀ ပါ။ လိုင်းသမားတွေက ဒေးကြေး ၆၀၀၀နဲ့ အချိန်ပိုကြေး ၁၆၀၀ ပါ။  တခြားစက်ရုံတွေက ကြေး ၇၃၀၀ ၊ ၆၅၀၀ တွေ တိုးပေးပါတယ်။ 
စက်ရုံက Dayကြေး မတိုးပေးပါဘူး။ တခြားခံစားခွင့်တွေကို မဖြစ်စလောက် တိုးပါတယ်။ အဲ့လိုတိုးတာက အိုတီ မလုပ်ရင် မရတော့ပါဘူး ။  အဲ့ကြရင် လစာ အရမ်းနည်းသွားပါတယ်။ 
OT မဆင်းရင်လည်း အဆူခံရပါတယ်၊ ရုံးခန်း ရောက်ပါတယ်။ Finishion က အလုပ်သမားတွေဆို ပိုဆိုးပါတယ်။ ပိတ်ရက် မရှိ ၊ ညလုံးပေါက် အလုပ်ဆင်းနေ ရပါတယ်။ 
လိုင်းသမားတွေနဲ့ ကျွန်မတို့ အလုပ်သမားတွေ လစာကွာတာကို ပြောရင်လည်း “တခြား ဌာနက သူတွေ ဘာ ေ-ာက် လုပ် လုပ်ရလို့လည်း” လို့ ရုံးခန်းမှာ ထိုင်နေသူတွေက ပြောပါတယ်။
တနင်္ဂနွေ ပိတ်ရက် OT ခေါ်လို့  မဆင်းရင် လစာမှာ ပေးထားတာတွေ ဖြတ်မယ်လို့ ပြောပါတယ်။ အလုပ် နားချင်လို့ ၊ အိုကြေးမယူချင်လို့ အလုပ် မဆင်းတာတောင် စက်ရုံက အဲ့လို ဖြတ်ပါတယ်။
ပြီးခဲ့အပတ်က သုံးရက် ပိတ်တာတောင် တနင်္ဂနွေနေ့မှာ အလုပ်ဆင်းရပါတယ်။ မဆင်းရင် ပိုက်ဆံ ဖြတ်မယ်လို့ ပြောပါတယ်။ နေမကောင်းလို့ အလုပ်မဆင်း ဖြစ်ရင်တောင် လစာထဲက သုံး၊လေး၊ ငါးသောင်းလောက် ဖြတ် ပါတယ်။ 
ညနက် အလုပ်ဆင်းရင် စက်ရုံမှာ ဖြစ်သလို အိပ်ရပါတယ်။
စစ်ဆေးရေးအဖွဲ့တွေ လာစစ်လို့  မေးရင်လည်း အလိမ်အညာတွေပဲ ဖြေခိုင်းပါတယ်။ 
အမှန် ဖြေမိရင်  အဲ့အလုပ်သမားကို အလုပ်ထုတ်ပါတယ်။ 
အလုပ်စဝင်တဲ့သူကို ဒေးကြေး ၄၈၀၀ ပဲ ပေးပါတယ်။ ထောက်ပံကြေး ၁၀၀၀ မပေးပါဘူး။ အဲဒီ ၁၀၀၀ ကို ၃ လပြည့်မှ ပေးပါတယ်။
အလုပ်သမားတွေ အပေါ်  မတရားလုပ်တာ များနေပါတယ် ရှင့်။ 
# အချက်အလက် (Myanmar Labour News က ရရှိထားတဲ့ ADK/ JW စက်ရုံရဲ့ လစာ စာလစ်ထဲမှာ ဒေးကြေး ၅၆၀၀ လို့ သတ်မှတ် ထားတာ တွေ့ရပါတယ်။ တခြားရပိုင်ခွင့်တွေကို ခွဲခြားထားတာလည်း တွေ့ရပါတယ်။ လက်ရှိ အနည်းဆုံးလုပ်ခ တရက် ၈ နာရီ အလုပ်ချိန်အတွက် ၄၈၀၀ ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ကုန်မှာ တောက်ပံကြေး ကျပ် တစ်ထောင် ပေးရမယ်ဆိုတဲ့ ညွှန်ကြားချက်အရဆို ၅၈၀၀ ကျပ် ရရှိရမှာ ဖြစ်ပါတယ်။  နောက်ဆုံးရရှိထားတဲ့ အချက်အလက်တွေအရ ADK/ JW စက်ရုံကို တရုတ်နိုင်ငံသားပိုင်ဆိုင်ပြိး လုပ်သား ၅၀၀၀ ဝန်းကျင်  လုပ်ကိုင် နေပါတယ်။  Hang Ten, ZARA Brand တွေကို ချုပ်လုပ်ခဲ့ပါတယ်။ 
၂၀၂၂ ဇူလိုင်လမှာ  လုပ်ငန်းခွင်ထဲမှာ ဥပဒေပါခွင့်တွေ မရတာ၊ အထည်စံချိန်  အလွန်အကျွံ  တောင်းတာ စတဲ့ အခွင့်အရေးများချိုးဖောက်ခံလို့ အလုပ်သမား ၂၀၀၀ ကျော် စုပေါင်း တောင်းဆိုမှု ဖြစ်ပွားခဲ့ပါတယ်။ )
Photo- ၂၀၂၂ ခုနှစ်က ADK/ JW စက်ရုံမှာ အလုပ်သမားများ ဆန္ဒပြနေစဉ်


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026