NEWS

A&C အထည်ချုပ် လူမှုဖူရေးကြေး လစဉ် ဖြတ်တောက်ပေမဲ့ ဆေးခွင့် မပေး

CoverLogo
317 Views
 
A&C အထည်ချုပ် စက်ရုံအလုပ်သမားတွေ နေမကောင်းလို့ ဆေးခွင့်တောင်းပါက ဆေးခွင့်မပေးဘဲ အလုပ်အကိုင်ကိုပါ ခြိမ်းခြောက်ပြောဆိုတယ်လို့ သိရပါတယ်။ စက်ရုံအတွင်း ဆေးခန်း၊ သူနာပြုနဲ့ ဆေးဝါးအပြည့်အစုံရှိနေပေမဲ့ ဆေးဝါးနဲ့ ကုသမှု အလွယ်တကူ မရဘူးလို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“ဆေးခွင့်ယူရင်လဲ ခေါင်းဆောင်တွေက နင်တို့နေကောင်းအောင်ကုလိုက်၊ မလာနဲ့တော့ ဆိုပြီးပြောတယ် ။ စက်ရုံမှာ နေမကောင်းရင် ဆေးခန်းမှာ နားခွင့်မပေးဘူး။ သူနာပြုဆရာမက ဆေးခန်းမှာ အမြဲမရှိနေဘူး။ ဆေးတောင်းရင်လဲ လွယ်လွယ်မရဘူး။ နေမကောင်းတဲ့သူက လူကြုံနဲ့ ဆေးတောင်းလည်း မပေးဘူး။ နေမကောင်းလည်း အလုပ် လုပ်ခိုင်းတယ်။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
SSB လူမှုဖူလုံရေးကြေးကို လစဥ် ကျပ်သုံးတောင် ဖြတ်တောက်နေပြီး လုပ်ငန်းခွင်အတွင််းက ကိုယ်ဝန်သည် အလုပ်သမားတွေကိုလည်း တန်းတူ စံချိန်တောင်း ခိုင်းစေကာ ခွင့်ရက်လို့ဆိုပြီး ခေါင်းဆောင်တွေက ပြောဆိုတယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
စက်ရုံမှာ သုံးတဲ့ စက်ကတွေ အလုပ်သမားတွေနဲ့ သုံးဖို့ မလုံလောက်လို့ ဆိုပြီး အလုပ်ချိန်ကို နေ့ဆင်း ညဆိုင်း ခွဲဆင်းပေးရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ညဆိုင်းဆင်းရတဲ့ အလုပ်သမားတွေကို ကြိုပို့ယာဉ် စီစဉ်မပေးဘဲ ခရီးစရိတ် ကျပ် နှစ်ထောင်ပဲ ပေးလို့ အလုပ်ဆင်းဖို့ အခက်အခဲတွေ ရှိနေတာလို့ ပြောပါတယ်။
 
“ညဆိုင်း ဆင်းရတာဟာ ၈လပိုင်း ထဲမှာ စပြီး ဆင်းရတာ၊ စက်ကြီးတွေက မလောက်လို့ နေ့ဆိုင်း ညဆိုင်း ခွဲလိုက်တာ။ အဲ့လိုဆင်းရလို့ ဖယ်ရီ မပေးဘူး၊ လမ်းစရိတ် ၂၀၀၀ ပဲပေးတယ်။ စက်ရုံကနေကားဂိတ်ကို ကယ်ရီ ငှားရင် ၁၀၀၀ ပေးရတယ် ။ လိုင်းကားက ၂ဆင့် စီးရတဲ့ လမ်းကြောင်းနဲ့ ၂၀၀၀ က မလောက်ဘူး။ ပြီးတော့ ညနေပိုင်းပြန်တာ မှောင်တော့အန္တရာယ်လဲ များတယ်။ ” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
စက်ရုံလုပ်သက် နှစ်ကြေးကို ၄၈၀၀ ကျပ်နဲ့ပဲ တွက်ပေးပြီး စက်ရုံဘက်က EC စာချုပ်ကို လက်ဝယ်ပေးထားတာ မရှိဘူးလည်းလို့လည်း ပြောပါတယ်။
 
စက်ရုံအတွင်း သုံးရေ သောက်ရေ ပြဿနာတွေ ဖြစ်ပေါ်နေပြီး ဒီလို အခက်အခဲတွေအတွက် စက်ရုံတာဝန်ရှိသူတွေက ခွဲခြားပြောဆိုတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“လုပ်သက် ၄နှစ် ၅နှစ် ရှိတဲ့ အလုပ်သမားတွေကိုတောင် EC စာချုပ် ပေးမထားဘူး။ နှစ်ကြေးကို ၄၈၀၀ နဲ့ ရှင်းတယ်။ WCC အဖွဲ့ကလည်း ဆောင်ရွက်ပေးတာမရှိဘူး။ သောက်ရေများ သန့်ရှင်းမှုမရှိဘူး။ အိမ်သာလည်း မသန့်၊ အိမ်သာရေလည်း ခဏခဏ ပြတ်တယ်။ ရုံးခန်း သုံး အိမ်သာက ရေယူတော့ HR က ပြောဆိုပြီး မပေးပြန်ဘူး။” လို့ ပြောပါတယ်။
A&C အထည်ချုပ် စက်ရုံက ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာ စက်မှုဇုန်၊ လမ်း၁ မှာရှိပြီး Camel Active တံဆိပ် အထည်တွေ ချုပ်လုပ်နေတဲ့ တရုတ်နိုင်ငံသားပိုင် အထည်ချုပ် စက်ရုံ တစ်ရုံ ဖြစ်ပါတယ်။
 

Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026