NEWS

textile palace co ltdမှ အလုပ်သမားများပေးစာ

CoverLogo
2.5K Views

ရန်ကုန်တိုင်းဒေသကြီးမှော်ဘီမြို့နယ် မြောင်းတကာစက်မှုဇုန်အတွင်း textile palace co ltd တွင်

၁။ဟာဝါလီ ခေါ် အပ်ထည် တိုးကောက်ခြင်းများ ပြုလုပ်နေဆဲဖြစ်ပါတယ်။

၂။All night တွေလည်းပြန်ဆင်းခိုင်းနေပါတယ် audit အတွက် cash down ရှင်းပါတယ်။

၃။၁ နှစ်ပြည့်ဝန်ထမ်းများအားလစဉ် ၅၀၀၀ကျပ်၊၂ နှစ်ပြည့် ၆၀၀၀ကျပ်၊ ၃ နှစ် ၇၂၀၀ ကျပ်၊စသ​​ဖြင့်နှစ်အလိုက်လစဉ် ပေးသော ပိုက်ဆံများအား မပေးတော့ဘဲ သကြန် ၄ လပိုင်းရောက်မှ ဘောနပ်အနေနဲ့ ပေးပါတယ်။

ကြားကာလထွက်သွား resign ဖြစ်ရင်လစဉ်ရမည့် အဲ့ဒီ့နှစ်ပြည့် ကြေးတွေ အဆုံးအဲ့တော့ resign ဖြစ်သွားရင်ဖြစ်ဖြစ်ထုပ်လိုက်ရင်ဖစ်ဖစ် မပေးတော့တဲ့အတွက် ဝန်ထမ်းတွေအများကြီးနစ်နာပါတယ်။

၄။ယခင် သာရေးနာရေးကြေး ၃၀၀၀၀ ပေးခဲ့ပါတယ် ယခုလုံးဝမပေးတော့ပါ။

၅။ယခင်ဝန်ထမ်းများငွေရေးကြေးရေး အခက်အခဲဖစ်လျှင် အလုပ်ဆင်းထားရက်တွက်ပြီး ချေးငွေ တင်လို့ရတယ် လစာထုပ်တဲ့အခါပြန်ဖြတ် ယခုမရတော့ပါ။

၆။အထက်ပါအကြောင်းအရာတွေ မပေးတဲ့အပြင် ဖုန်းအရစ်ကျဝယ်ရန် (သို့မဟုတ်)အပြင် အတိုးနည်းချေးငွေများလျှောက်ရန်အတွက်ဝန်ထမ်းဖြစ်ကြောင်းထောက်ခံစာကို ယခင်ထုတ်ပေးပါတယ်။ ယခု လုံးဝမထုတ်ပေးသည်မှာ HR manager ရောက်လာကတည်းက မပေးတော့တာပါ။

စက်ရုံဝန်ထမ်းဖြစ်တဲ့အတွက် ဝန်ထမ်းဖြစ်ကြောင်းထောက်ခံစာတော့ ဝန်ထမ်းဖက်ကို ကြည့်သောအားဖြင့် ထုပ်ပေးသင့်တယ်လို့ယူဆပါတယ်။ယခုကာလ ကုန်စျေးနှုန်းတက်ခြင်း ငွေးရေးကြေးရေးကျပ်တည်းခြင်း အဆင်မပြေမှုများစွာ အနည်းငယ်ပြေလျှော့စေဖို့ အတွက်ဖုန်းလေး ၁ လုံးရဖို့အတွက်ကျွန်တော်တို့က လစာနည်းဝန်ထမ်းတွေဖြစ်တဲ့အတွက် အဆောင်စရိတ် စားစရိတ် မိဘထောက်ပံ့မှု အစရှိတဲ့ ငွေးကြေးတွေဖယ်ပီးမှ ဝယ်ယူရပါတယ် တစ်ပုံတည်းမဝယ်နိုင်ပါဘူး။

၇။H & M တို့ Kaibi တို့ စသဖြင့် audit တွေ လာရင်တော့ မပေးတဲ့အခွင့်အရေးတွေလည်း အမြဲပေးနေသလိုလို ဖြေခိုင်းပါတယ်။

ဟာဝါလီ တွေ တိုးကောက် ကိုယ့်လူမျိုးအချင်းချင်းဂုတ်သွေးစုတ်ဝန်ထမ်းဖက်ကျ co ltd ဝန်ထမ်းမလို့ ဝန်ထမ်းဖြစ်ကြောင်းထောက်ခံစာလေး ၁ စောင်ပေးဖို့တောင် လုံးဝ ခွင့်မပြုပါဘူး။

တစ်ကယ်ဆို ဒါဟာ ဝန်ထမ်းရပိုင်ခွင့်ပါ coltd ဝန်ထမ်းတိုင်းရသင့်တဲ့အခွင့်အရေးပါ။ အထက်ဖားအောက်ဖိတွေဒီကာလ ရောက်မှ ပိုပိုပြီးဖိနှိပ်လာတယ် မလုပ်နိုင်ရင်ထွက် ဆိုတဲ့စကားပဲအမြဲပြောပါတယ်။


၈။ finishing ဌာက ကို sewing အောက်မှာထားပီး iron leader 2 ယောက်ကို အလုပ်ဖြုတ်လိုက်ပါတယ်တစ်ကယ်ဆို အထက်က လူကြီးတွေက ဗီတိုအာဏာသုံးပြီး ဌာန ပြင်ဆင်လိုက်တာပါ။တစ်ကယ်ဆို ကာယကံရှင် iron ဝန်ထမ်းတွေကို အရင်ဆုံးညှိနှိုင်ရမှာပါ WCC ကလည်း သူတို့ချယ်လှယ်ချင်သလိုချယ်လှယ်လို့ရတဲ့ ရုပ်သေးရုပ် အခုဌာနပေါင်းတဲ့ကိစ္စ WCCလည်းမပါသလို labour ကိုလည်းအကြောင်းမထားပါဘူး။

အထက်ပါအကြောင်းအရာများကိုလူကြီးမင်းများသိစေရန်တင်ပြအပ်ပါတယ်။

အလုပ်သမားများ။
 


Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026