NEWS

စံချိန်တင်မြင့်တက်ဆဲ အခြေခံကုန်စည် ဈေးနှုန်းများ

CoverLogo
530 Views

၂၀၂၅ နှစ်သစ်မှာလဲ  အခြေခံစားသောက်ကုန်ဈေးနှုန်းတွေဟာ ကျဆင်းမှုမရှိဘဲ စံချိန်တင် အမြင့်ဆုံးဈေးနှုန်းတွေ နဲ့သာဆက်ရှိနေပါတယ်။ 

ဒီလိုအမြင့်ဈေးမှာရှိနေတဲ့အတွက် ကြောင့် ဝင်ငွေနည်းပါးတဲ့အခြေခံပြည်သူတွေ စားဝတ်နေရေး ပိုမိုအခက်တွေ့နေရဆဲပါ။

ပြည်တွင်းက ဈေးတွေမှာ ပြည်ပထုတ်ကုန်အချို့ပစ္စည်းပြတ်တာ၊ ဝယ်ယူမရတာအထိ ရှိနေပြီး ပြည်တွင်း ထုတ်ကုန်တွေ အစားထိုးဝင်ရောက်နေပေမယ့် ဈေးနှုန်းကတော့ အမြင့်မှာသာရှိနေတာပါ။

အခုလို မြင့်တက်နေတဲ့ ကုန်ဈေးနှုန်းအခြေအနေကို နှိုင်းယှဉ်သိရှိနိုင်ဖို့ ဇန်နဝါရီ ၆ ရက်နေ့ ကေန ဇန်နဝါရီ ၁၂ ရက်နေ့အတွင်း ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့ ရွှေဈေး ငွေဈေးနဲ့ အခြေခံကုန်ဈေးနှုန်းတွေကို Myanmar Labour News က စုစည်းဖော်ပြပေးလိုက်ပါတယ်။

ဇန်နဝါရီ ၆ရက်နေ့ကနေ  ၁၂ ရက်အထိ စက်သုံးဆီဆိုင်များတွင် ရောင်းချလျက်ရှိတဲ့ ဈေးနှုန်းများဟာ ၉၂တစ်လီတာလျှင် ၂၉၈၅ကျပ် ၉၅ တလီတာ ၃၀၉၅ကျပ်၊ ရိုးရိုးဒီဇယ် တလီတာ ၂၆၁၅ ကျပ်၊ ပရီမီယံဒီဇယ်တလီတာ ၃၂၂၅ ကျပ်အဖြစ်သတ်မှတ်ထားပါတယ်။

ဇန်နဝါရီ ၁၀ရက်ကနေ  ၁၂ ရက်အထိ ဈေးနှုန်းကတော့ ၉၂တစ်လီတာလျှင် ၃၀၇၅ကျပ် ၉၅ တစ်လီတာ ၃၁၆၀ကျပ်၊ ရိုးရိုးဒီဇယ်တလီတာ ၂၇၁၀ ကျပ်၊ ပရီမီယံဒီဇယ်တလီတာ ၃၃၄၀ ကျပ်ဖြစ်သတ်မှတ်ထားတာဖြစ်လို့ ယခင်ကထက်အနည်းငယ်မြင့်တက်လာတာတွေ့ရပါတယ်။ 

စက်သုံးဆီဈေးနှုန်းဟာအပတ်စဉ် သောကြာနေ့တိုင်းမှာ ပြောင်းလဲမှုရှိနေတာပဲဖြစ်ပြီး စက်သုံးဆီပြင်ပပေါက် ဈေးကတော့ ၉၂ တလီတာ ၃၂၀၀ ကျပ်နဲ့အရောင်းဝယ်ဖြစ်နေတာတွေ့ရပါတယ်။ 

တစ်ပတ်အတွင်းပြည်တွင်းရွှေဈေးနှုန်းတွေကတော့ ဇန်ဝါရီ ၆ရက်နေ့ရဲ့ကမ္ဘာ့ ရွှေဈေးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ၂၆၈၉ ရှိပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းကတော့ အခေါက်ရွှေပေါက်ဈေး ကျပ် ၅၃ သိန်း ၆ သောင်း အဖြစ် ဇန်နဝါရီ ၉ ရက်အထိသတ်မှတ်ခဲ့ပါတယ်။

ဇန်နဝါရီ  ၁၁ ရက်နဲ့  ၁၂ရက်နေ့မှာတော့ ၅၄ သိန်းဖြစ်ကာ ၁၄ ရက်နဲ့ ၁၅ ရက်နေ့မှာတော့ ၅၃ သိန်း ၃သောင်းအဖြစ်သတ်မှတ်ထား တယ်လို့ရွှေလုပ်ငန်းရှင်များအသင်းရဲ့ သတ်မှတ်ဈေးနှုန်းအရ သိရပါတယ်။ 

ပြင်ပရွှေဈေးကွက်မှာတော့ ဇန်နဝါရီ  ၆ရက်နေ့ ပြင်ပအခေါက်ရွှေဈေးနှုန်းတွေဟာ ၆၂သိန်း ၃သောင်းကျပ်ဖြစ်ပြီး ဇန်နဝါရီ  ၇ ရက်နေ့မှာတော့ ၆၃ သိန်း ၃ သောင်း၊ ဇန်နဝါရီ  ၈ ရက်နေ့မှာတော့ ၆၄ သိန်း၂သောင်းဖြစ်ကာ  ၉ ရက်နေ့မှာတော့ ၆၄ သိန်းဖြစ်ကာ ဇန်နဝါရီ  ၁၀ ရက်ကနေ  ၁၂ရက်နေ့မှာတော့ ၆၄ သိန်း ၄ သောင်းဖြစ်တယ်တာကြောင့် ယခုတစ်ပတ်တာရွှေဈေးနှုန်းဟာဆိုရင် တစ်ရက်လျှင်တစ်သိန်းနှုန်း မြင့်တက်နေတာကို ပြင်ဈေးကွက်ပေါက်ဈေးအရ သိရပါတယ်။

ယခုတစ်ပတ်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းတွေဟာ စစ်ကောင်စီက တစ်ဒေါ်လာလျှင်၂၁၀၀ ကျပ်အဖြစ် သတ်မှတ်ထားပေမဲ့ ပြင်ပပေါက်ဈေးများမှာ ဇန္နဝါရီ ၆ရက်မှ ဇန္နဝါရီ ၁၂ရက်အထိ တပတ်တာလုံးမှာ တစ်ဒေါ်လာလျှင် ၄၄၃၀ ကနေ  ၄၆၀၀ ကျပ်နှုန်းဖြင့်ပေါက်ဈေးရှိနေတာဖြစ်ပြီး အနည်းငယ်ဈေးတက်လာတာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာတစ်လလုံးမှာတော့ ၄၄၃၀ ပေါက်ဈေးနဲ့ဈေးငြိမ်နေတာတွေ့ခဲ့ရပါတယ်။ 

နိုင်ငံခြားငွေပြင်ပပေါက်ဈေးတွေဟာ အကောင့်အချင်းချင်းလွှဲပြောင်းမှုနဲ့အရွက်ရောင်းဝယ်မှုအရ ပေါက်ဈေးကွာဟမှုအနည်းငယ်ရှိနိုင်ပါတယ်။ ပြည်တွင်းဘဏ်တွေကတော့ တစ်ဒေါ်လာလျှင် ၃၅၉၇ကျပ်လို့သာ အတိအလင်းပြသထားပေမဲ့ ၄၃၀၀ကျော် နှုန်းနဲ့ဖြတ်နေတာဖြစ်တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီလက်အောက်ခံ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ယခုတပတ်တာ  ဒီဇင်ဘာ ၃၀ ရက်မှ ဇန္နဝါရီ ၅ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၇၂၈၀ ကျပ် ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားတာကြောင့် ယခင်ကနှုန်းထားအတိုင်း အတက်အကျမရှိသတ်မှတ်ထားတာ တွေ့ရပါတယ်။ 

ရည်ညွှန်းဈေးအနိမ့်ဆုံးသက်သားသောနှုန်းထားဖြင့် သမဝါယမစနစ်နဲ့ စားဆီဝယ်ယူနိုင်ဖို့စီစဉ်ထားပေ မဲ့လည်းစားဆီ ပြင်ပဈေးကွက်တွင်လည်း တစ်ပိဿာ ၁၂၀၀၀ ကျပ်အမြင့်ဈေးမှာသာ ဆက်လက်တည်ရှိ နေပြီး စားဆီကုန်သည်များကလည်းဖုန်းကြိုတင်ဆက်မှာယူခြင်းဖြင့် ရောင်းချပေးနေတာတွေပြု လုပ်နေတာဖြစ် ပေမဲ့လည်း စားအုန်းဆီပြင်ပပေါက်ဈေးဟာ အမြင့်ဈေးသာဆက်လက်ရှိနေတာပဲဖြစ်ပါတယ်။ 

ဆန်ဈေးနှုန်းတွေကတော့ ရွှေဘိုပေါ်ဆန်းမွှေးတစ်ပြည် ၈၅၀၀၊ တောင်ပျံရှယ် တစ်ပြည် ၇၅၀၀၊ မြောင်းမြပေါ် ဆန်းတစ်ပြည် ၆၅၀၀၊ ဆင်းသွယ်တစ်ပြည် ၅၅၀၀၊ မနောသုခတစ်ပြည် ၄၅၀၀ စသဖြင့်အစားစားရှိရာ အခြေခံ အလုပ်သမားတွေနဲ့အများစု၀ယ်ယူစားသုံးတာကတော့ မြောင်းမြပေါ်ဆန်းနဲ့တောင်ပျံရှယ်၀ယ်ယူတာဖြစ်သလို ရွှေဘိုပေါ်ဆန်းနဲ့ ဆန်ကြမ်းနဲ့ရာနှော၀ယ်ယူကြတယ်လို့လည်း သိရပါတယ်။

အခြေခံဟင်းသီးဟင်းရွက်ဈေးနှုန်းတွေကတော့ ချဉ်ပေါင်ရွက်တစ်ထောင်ဖိုး ၃ စီး၊ ဗူးရွက်တစ်စီး ၁၀၀၀ ကျပ်၊ ကန်စွန်းရွက်တစ်စီး ၈၀၀ ကျပ်၊ ဆူးပုတ်ရွက်အနုတစ်စီး ၁၀၀၀ကျပ်၊ မျှစ်အနည်းဆုံး ၁၀၀၀ကျပ်၊ ၊ ငြုပ်သီးစိမ်း အနည်းဆုံး ၅၀၀ကျပ်(တစ်ခါခပ်သာ)၊ နံနံပင် တစီး ၅၀၀ကျပ်၊ ကြက်ဥ တလုံး ၅၀၀အလုံးသေး၊ ဘဲဥတလုံး  ၇၀၀၊မုံလာဥတစီး ၁၀၀၀၊ ခဝဲသီးတစ်တောင့် ၈၀၀၊ ဂေါ်ရခါးညွန့် တစီး ၁၃၀၀ကျပ်၊ ဂေါ်ရခါးသီး တလုံး ၅၀၀၊ ပဲသီး ၁၂၀၀(အစီးသေး)၊ အာလူး တစ်ပိဿာ ၆၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ၆၀၀၀၊ ပဲပင်ပေါက် အနည်းဆုံး ၁၀၀၀ ဖိုးသာ၊ ခရမ်းချဉ်သီး တစ်ပိဿာ ၃၀၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာ ၂၅၀၀၀၊ ဂျင်းအနည်းဆုံး ၁၀၀၀ ကျပ် ဖြစ်ပါတယ်။ 

အသားဈေးနှုန်းတွေအနေနဲ့ ကြက်သားတစ်ပိဿာ ၁၇၀၀၀ကျပ်(စီပီကြက်)၊ အမဲသား တစ်ပိဿာ ၂၅၀၀၀၊ ဝက်သား ၁ ပိဿာ ၃၀၀၀၀ ကျပ်နဲ့ ဝက်သား၊ ဆိတ်သား၊ ဘဲသား ၊ ငါးအနည်းဆုံး ၅၀၀၀ ကျပ်ဖိုးသာ၀ယ်ယူရတယ်လို့ ဈေးကွက်အရ သိရပါတယ်။ 

ဆေးဈေးနှုန်းတွေထဲမှာတော့ အသုံးများ တဲ့ ပါရာစီတေမာ တစ်ကတ် ၁၃၀၀ ( တလုံး ၁၅၀) ၊ချောင်းဆိုးပျောက်ငုံဆေးတစ်လုံး ၅၀၀၊ သန္ဓတားဆေး တစ်ကတ် ၄၅၀၀ ကျပ် ၊ သွေးပေါင်ကျဆေးတစ်ကတ် ၂၇၀၀ ၊ အစာကြေဆေး တစ်ကတ် ၃၀၀၀ ၊ အမျိုးသမီးသုံးပစ္စည်း တစ်ထုတ် ၂၇၀၀ ကျပ်ဖြစ်နေပါတယ်။

ပြည်တွင်းမှာသတ်မှတ်ထားတဲ့ အနည်းဆုံးအခကြေးငွေကတော့ ၄၈၀၀ ကျပ် (ထောက်ပံ့ကြေး ၂၀၀၀ ) ကျပ်သာဖြစ်နေဆဲပါ။ အလုပ်သမားတစ်ယောက်ရဲ့တစ်နေ့တာ ကုန်ကျစရိတ်ဟာ လျှပ်စစ်မီတာခ၊ ရေဖိုး၊ ဂတ်ဖိုး၊ အဆောင်လခ နဲ့ သွားလာရေးစရိတ်တွေအပါ တရက်လျှင် ကျပ် ၁၀၀၀၀ နှင့်အထက် ကုန်ကျနေတာဖြစ်လို့ စားဝတ်နေရေးအခက်အခဲတွေတိုးလို့သာ ခက်ခဲနေဆဲဖြစ်တယ်လို့ အခြေခံလုပ်သားတွေထံက သိရပါတယ်။

တပတ်တာကုန်ဈေးနှုန်းတွေကို ယွန်းဆက်က စုစည်းပေးထားတာပါ။


Related posts

Cover
စစ်အာဏာသိမ်းမှု ၅ နှစ်အောက် ပိုဆိုးရွားလာနေသော အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရမှုများ တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဇန်နဝါရီ၂၇-‌‌ ဖေဖော်ဝါရီ၁)
Feb 02, 2026
Cover
ရွှေဈေးသိန်းရာကျော်ခဲ့ပြီး ရွှေဆိုင်တွေအရောင်းရပ်ထားရ၊ အခြေခံကုန်ဈေးနှုန်း လိုက်တက်နေ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 31, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက်(ဇန်နဝါရီ၁၉-ဇန်နဝါရီ၂၅)
Jan 27, 2026
Cover
ရွှေဈေးသိန်း ၁‌၀၀ကျော်မှာ လုပ်ခလစာမတိုးတဲ့ လုပ်သားပြည်သူတွေ အခက်ပိုကြုံ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 27, 2026
Cover
စစ်ကော်မရှင်ရဲ့ အဝင်ခက်အထွက်ခက် အလုပ်သမားမူဝါဒအသစ် နဲ့ ပိုပိုဆိုးရွားနေလာတဲ့ စက်ရုံအလုပ်သမားများ အခွင့်အရေးချိုးဖောက်ခံမှုများ အပါအဝင် တစ်ပတ်တာသတင်း အနှစ်ချုပ်
Jan 18, 2026
Cover
နိုင်ငံခြားငွေဈေးပြန်တက်လာပြီး၊ ရွှေဈေးနဲ့ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်လာ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 17, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဇန်နဝါရီ ၅-ဇန်နဝါရီ၁၁)
Jan 11, 2026
Cover
ပြည်ပက တင်သွင်းရတဲ့ ဆေးဝါးနဲ့ သွင်းကုန်ပစ္စည်းပြတ်လပ်ပြီး ကုန်ဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 11, 2026