ARTICLE

တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (နိုဝင်ဘာ၃-နိုဝင်ဘာ၉)

CoverLogo
225 Views
 
Myanmar Labour News မှာ နိုဝင်ဘာ (၃) ရက်ကနေ နိုဝင်ဘာ(၉) ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ သတင်းအချက်အလက်တွေကို အချိန်တိုတွင်း သိရှိနိုင်ဖို့ ပြည်တွင်း၊ ပြည်ပအလုပ်သမားရေးရာ၊ ပြည်ပရွှေ့ပြောင်းသတင်း၊ ဒေသတွင်းသတင်းတွေနဲ့ သတင်းဆောင်းပါးတွေကို အနှစ်ချုပ် ဖော်ပြပေးထားတာ ဖြစ်ပါတယ်။
 
နိုဝင်ဘာ ၃
ထိုင်းအလုပ်သမားဝန်ကြီးဌာနကနေ အလုပ်သွင်းပေးဖို့ပိုက်ဆံတောင်းတဲ့ အေဂျင်စီများနဲ့ပွဲစားများကိုဥပ‌‌ဒေချိုး ဖောက်တာတွေ့ပါကအရေးယူမယ်လို့အသိပေးထားပါတယ်။
 
ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ရွှေသံလွင်စက်မှုဇုန်ထဲက မြန်မာ ဂျူလီ (Myanmar Jiale) အထည်ချုပ်စက်ရုံ (၁) မှာ လုပ်ငန်းခွင်ဆိုင်ရာ အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းကို CDM ကျန်းမာရေးဝန်ထမ်းများအား ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများတွင်အလုပ်မခန့်ရန် ခြိမ်းခြောက်တဲ့အတွက်၂၀၁၅ ခုနှစ်က ချီးမြင့်ခဲ့တဲ့ ပြည်သူ့ဂုဏ်ရည်ဆုကိုဆုရွေးချယ်ရေး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကရုပ်သိမ်းလိုက်ပါတယ်။
 
ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်လာတဲ့ မလေးရှားကို သွားမယ့် မြန်မာလုပ်သား ၁၆ ဦး အဖမ်းခံရ ပါတယ်။
 
မြန်မာနိုင်ငံအနှံ့တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် နိုဝင်ဘာ ၄ ရက်မှ ၆ ရက်အထိ မိုးကြီးမယ်လို့ သတိပေးချက် ဖော်ပြခဲ့ပါတယ်။
 
နိုဝင်ဘာ ၄
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာန ရဲ့ အခန်းဝယ်ယူခွင့် ပြုတဲ့ အကြောင်း ကြားစာ ကို အတုအပ ပြုလုပ်ပြီး ငွေကြေး လိမ်လည်တာတွေ ကြောင့်ရန်ကုန်မှာ တိုက်ခန်းဝယ်ယူခွင့် စာရွက်စာတမ်းအတုနဲ့ လိမ်လည်မှုတွေရှိလာ နေတယ်လို့သိရပါတယ်။
 
မလေးရှားကို နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသတဲ့ မြန်မာနိုင်ငံသား ၁၃ ဦးနဲ့ယာဉ်မောင်း ထိုင်းနိုင်ငံသား တို့ ကို မလေးရဲက ဖမ်းဆီးလိုက်ပါတယ်။
 
ရန်ကုန်တိုင်းဒေကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုန်မှာရှိတဲ့ STYLE SMART Myanmar CO,LTD Garment Factory အထည်ချုပ်စက်ရုံမှာ လုပ်သက်နည်းတဲ့အလုပ်သမားတွေကို ဥပဒေမဲ့ခိုင်းစေအလုပ်ထုတ်၊ အချိန်ပိုကြေး မပေးဘဲခိုင်းစေ ကာအလုပ်သမားဥပဒေပါအခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေလို့ ဖြေရှင်းပေးဖို့ လိုလားနေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။
 
တန်ဆောင်မုန်းလပြည့်ညမှာ ပံ့သကူကောက်သူများပြား ခဲ့ပါတယ်။
 
နိုဝင်ဘာ၅
 
တောင်ကိုရီးယား နိုင်ငံကို EPS စနစ်ဖြင့် မြန်မာလုပ်သား၂၀၀ စေလွှတ် ခဲ့ပါတယ်။
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ရန် နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၃၀ ကျော် အဖမ်းခံရ ပါတယ်။
 
မြန်မာ အာဏာသိမ်း စစ်တပ်က ကျင်းပမယ့် တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို နယူးဇီလန်အစိုးရက လက်ခံအသိအမှတ်ပြုသွားမည် မဟုတ်ကြောင်း သိရပါတယ်။
 
ထိုင်းနိုင်ငံ အတွင်း အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံရကာ လွတ်ရက်စေ့ တဲ့ မြန်မာလုပ်သား ၄၇ဦးကို နိုဝင်ဘာ ၅ရက် မနက်၁၁ နာရီ ခန့်ကထိုင်းအာဏာပိုင်တွေကစစ်ကော်မရှင်လက်အောက်ခံ ဝန်ထမ်းများ ထံ လွှဲပြောင်းပေးခဲ့ကြောင်းရနောင်းလူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ထုတ်ပြန်တဲ့စာရင်းအရ သိရပါတယ်။
 
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ဒေါ်ဖွားရှင်လမ်း မှာဖွင့်လှစ်ထားပြီး ကိုရီးယားနိုင်ငံသားပိုင်ဖြစ်တဲ့ SHINS SUNG (6) အထည်ချုပ်မှာအလုပ်သမားအခွင့်အရေးသိရှိသူနည်းပါး‌ နေကာ၊ ချိုးဖောက်မှုများကိုဖြေရှင်းပေးရန် လိုလားနေ တယ်လို့မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် IWFM ကိုအလုပ်သမားတွေက တိုင်ကြားစာပေးပို့ထားပါတယ်။
 
နိုဝင်ဘာ၆
ပန်းရောင်ကတ်ပြန်ဖွင့်ရန်ထိုင်း ပြည်ထဲရေးဝန်ကြီးဌာနက စီစစ်နေတယ်လို့သိရပါတယ်။
ရန်ကုန်မှာ ပြည်တွင်း လုပ်သား ၄၀၀၀ ခန့်အလုပ်အကိုင်ပေးနိုင်မယ့်ရင်းနှီးမြုပ်နှံမှု ၄ ခုခွင့်ပြုထားဟု စစ်ကော်မရှင်ရဲ့သက်ဆိုင်ရာရုံးဌာနက‌ နေထုတ်ပြန် ထားပါတယ်။
 
နိုဝင်ဘာ ၅ ရက်အတွင်း ထိုင်းနိုင်ငံ သို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာ ၆၀ ကျော် အဖမ်းခံရ ကြောင်း ထိုင်းသတင်းတွေကနေသိရပါတယ်။
 
ထိုင်းနိုင်ငံ အယုဒ္ဓရရှိ ကားအပိုပစ္စည်းစက်ရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ၁၈ဦး ကို အကြောင်းရင်းမရှိပဲ အလုပ်မှ ထုတ်ပယ်တဲ့ အတွက် အလုပ်ရှင်ကို တရားစွဲဆိုမယ်လို့ ၎င်းအမှုကိစ္စ ကို ကူညီပေးနေတဲ့ 𝐌.𝐇.𝐀.𝐂(မဟာမိတ်အဖွဲ့) က သတင်းထုတ်ပြန်ထားပါတယ်။
 
တိုင်ဖွန်းမုန်တိုင်း “ခန့်မေဂီ” အရှိန်ကြောင့် နိုဝင်ဘာ ၈ ရက်မှ ၁၀ ရက်အတွင်း မိုးထစ်ချုန်းရွာမယ်လို့ မိုးဇလဌာနရဲ့ ထုတ်ပြန်ထားချက်အရသိရပါတယ်။
 
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှူဇုန်၊ ယောအတွင်းဝန်ဦးဖိုးလှိုင်လမ်း တွင်ဖွင့်လှစ်ထားသော JiangSu Soho Myanmar Industry Co.,Ltd အထည်ချုပ်မှာလုပ်ငန်းခွင်ဆိုင်ရာ အခွင့်အရေးချိုးဖောက်မှုများ ဖြေရှင်းပေးစေလို ကြောင်း အလုပ်သမားတွေကပေးစာပို့ကာ မြန်မာနိုင်ငံကုန်ထုတ် နှင့်စက်မှုလက်မှု အလုပ်သမားများအ ဖွဲ့ချုပ် (IWFM) ထံအကူအညီတောင်းခံထားပါတယ်။
 
နိုဝင်ဘာ၇ထိုင်းမှာ ကားအနောက်ဘက်တွင် တာလပတ်ဖြင့် ဖုံးအုပ် ခေါ်ဆောင်လာတဲ့အထောက်အထားမဲ့ မြန်မာလုပ်သား ၁၆ ဦး အဖမ်းခံရပါတယ်။
 
STUM ခေါင်းဆောင် ဒေါ်မျိုးအေး ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်မှာ အင်းစိန်ထောင်ကနေ လွတ်မြောက်လာခဲ့ပေမဲ့ ဒီ လွတ်မြောက်မှုကို လက်ခံဖို့ ခက်ခဲ့တယ်လို့ ထိန်းသိမ်းခံရခြင်း ရက် ၁၀၀ ပြည့်မှာ သွေးစည်းညီညွတ်သော သမဂ္ဂများ အဖွဲ့ချုပ် မြန်မာ (STUM) နှင့် နိုင်ငံတကာ သွေးစည်းညီညွတ်ရေး အဖွဲ့တွေရဲ့ ပူးတွဲ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
ထိုင်းနိုင်ငံ ပါကျင်ဘူရီခရိုင် ရှိ စက်ရုံ တစ်ခု တွင် ဓါတုသိုလှောင်ကန် ပေါက်ကွဲမှုကြောင့် ဓါတုပေါင်းအိုး အတွင်း ပြုတ်ကျသေဆုံးခဲ့တဲ့ မြန်မာလုပ်သားနှစ်ဦး အတွက် နစ်နာကြေး ဘတ်၂သန်းကျော်ရရှိခဲ့တယ်လို့ ၎င်းအမှုကိစ္စ ကို ကူညီပေးနေတဲ့ ထိုင်းရောက်မြန်မာလုပ်သားကူညီစောင့်ရှောက်ရေးကော်မတီ 𝐌.𝐇.𝐀.𝐂 မဟာမိတ်အဖွဲ့ ထံ က သိရပါတယ်။
 
ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည် စခန်းမှ မြန်မာလုပ်သား ၂၀၀ ကျော် ထိုင်းနိုင်ငံအတွင်း ပထမဆုံး အကြိမ် တရားဝင် အလုပ်လုပ်ကိုင် ဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနကခွင့်ပြုမှုနဲ့ လုပ်ကိုင်နေပြီလို့ ထိုင်းသတင်းတွေအရသိရပါတယ်။
Myanmar Labour Newsရဲ့အပတ်စဥ်‌ေဖာ်ပြ‌ေနတဲ့ ကုန်ဈေးနှုန်းကဏ္ဍမှာတော့စပါးပေါ်၊ ပဲပေါ် ပွင့်လင်းရာသီရောက်လာပေမယ့် ဆန်ဈေးငြိမ်ပြီး၊ ရွှေ၊ ဒေါ်လာဈေးကျနေပါတယ်။
 
နိုဝင်ဘာ၈
လှိုင်သာယာမြို့နယ်ရှိ Victor House Co., Ltd စက်ရုံတွင် လုပ်ငန်းခွင်ထဲမှာ အလုပ်သမားများရဲ့အခွင့်အရေးများကို များစွာ ချိုးဖောက်ခံရနေကြောင်း အဆိုပါစက်ရုံက အလုပ်သမားတွေကမြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် IWFM ထံတိုင်ကြားချက်အရသိရပါတယ်။
 
နိုဝင်ဘာ၉
လာအိုနိုင်ငံ က Everlao အထည်ချုပ်စက်ရုံ မြန်မာအလုပ်သမားများအား ခွဲခြားဆက်ဆံနေကြောင်း စက်ရုံမှာအလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေက Myanmar Labour Newsကို ပေးစာပေးပို့ထားပါတယ်။
 
လာအိုနိုင်ငံ FUANLAI Laos ခြေအိတ်စက်ရုံကပြည်ပ‌ေရာက်အလုပ်သမား‌ေတွ လျော်ကြေးတောင်းဆိုမှု မြန်မာသံရုံး ဖြေရှင်း မပေးဘူးလို့ အလုပ်သမားတွေက Myanmar Labour Newsကတစ်ဆင့်သူတို့ရဲ့အခက်ခဲတွေကို ပေးစာပေးပို့ တောင်းဆိုထားပါတယ်။
 
တပတ်တာ သတင်းအနှစ်ချုပ်ကို မုဒြာက စုစည်းပေးထားတာပါ။

Related posts

Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၂-‌‌ မတ်၉)
Mar 10, 2026
Cover
စက်သုံးဆီအခက်၊ ကုန်ဈေးနှုန်း ၃ဆတက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 09, 2026
Cover
စက်သုံးဆီ နဲ့ အခြေခံစားသောက်ကုန်အချို့ ဈေးအတက်ကြမ်း (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 02, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၁၇-‌‌ ဖေဖော်ဝါရီ၂၂)
Feb 24, 2026
Cover
ဈေးထပ်မတက်ဘဲ ရပ်တန့်နေတဲ့ စက်သုံးဆီ၊ ရွှေ နဲ့ နိုင်ငံခြားသုံးငွေ ဈေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 21, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၉-‌‌ ဖေဖော်ဝါရီ၁၅)
Feb 18, 2026
Cover
ရွှေ နှင့် စက်သုံးဆီလုပ်ငန်းရှင်ကြီးများ ဖမ်းဆီးခံရပြီးနောက် ကုန်စျေးနှုန်းများ အနည်းငယ်ပြန်ကျ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 17, 2026
Cover
ရွှေအသင်းခေါင်းဆောင်ပိုင်းတွေ အဖမ်းခံရပြီးနောက် ရွှေအရောင်းအဝယ်တန့်ပြီး ဈေးပြန်ကျသော်အခြေခံကုန်ပစ္စည်းတွေ ဈေးနှုန်းတက်နေဆဲ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 07, 2026