ARTICLE

ရွှေဈေးပြန်ကျပေမယ့် ဒေါ်လာဈေးအနည်းငယ်တက်၊ အခြေခံကုန်စည်တွေဈေးတက်ဆဲ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)

CoverLogo
292 Views
 
အောက်တိုဘာလကုန်ရဲ့ ကုန်ဈေးနှုန်းအပြောင်းအလဲတွေကတော့ ယခုတစ်ပတ်မှာ ရွှေဈေးက ဆက်တိုက်ပြန်ကျလာရာ ၊ ဒေါ်လာနိုင်ငံခြားသုံးငွေကြေးကတော့ အရင်ထက်ဈေးနည်းနည်းပြန်တက်လာပါတယ်။
 
စက်သုံးဆီဈေးက အနည်းငယ်ပြန်တက်နေရာ စားသုံးဆီဈေးကတော့ ဈေးနှုန်းထုတ်ပြန်ချက်မရှိလို့ ယခင်တစ်ပတ်ကြာဈေးအတိုင်းပဲရှိနေရာ ၊ဆန်ကတော့ အချို့နေရာတွေမှာ ရိတ်သိမ်းချိန်ဖြစ်လာတော့မှာမို့ ဈေးပြန်ကျလာမယ်လို့ ကုန်သည်တွေခန့်မှန်းနေပေမယ့် မူလဈေးအတိုင်းအတက်အကျမရှိငြိမ်နေပါတယ်။
 
ဒါကြောင့် အောက်တိုဘာ၂၅ရက်က စလို့အောက်တိုဘာ ၃‌၁ ရက်အတွင်း ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့ ကုန်ဈေးနှုန်းတွေကို စုစည်းပြီး ဖော်ပြလိုက်ပါတယ်။
 
စက်သုံးဆီဈေးနှုန်း
အောက်တိုဘာ ၃၁ရက်နေ့ ရန်ကုန်လက်ကားအထိုင်ဈေးအနေနဲ့ ရောင်းချ နေတဲ့ စက်သုံးဆီဈေးနှုန်းတွေက ၉၂တစ်လီတာ ၂၇၀၅ကျပ် ၊ ၉၅ တစ်လီတာ ၂၈၀၀ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၄၅၅ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၉၉၀ကျပ်ဖြစ်ပါတယ်။
 
အဲဒီမတိုင်မီ အောက်တိုဘာ ၃၀ရက်နဲ့တစ်ပတ်အတွင်းက စက်သုံးဆီဈေးဟာ ၉၂တစ်လီတာ ၂၆၇၀ကျပ်၊ ၉၅ တစ်လီတာ ၂၇၆၀ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၃၈၀ကျပ်၊ ပရီမီယံဒီဇယ်တလီတာ ၂၉၀၀ကျပ် ဖြစ်ခဲ့တာကြောင့် စက်သုံးဆီဈေးဟာ တစ်ပတ်အတွင်း ဓာတ်ဆီဈေးက ၄၀ ကျပ်နှုန်း‌ ဈေးကျလာကာ နဲ့ ဒီဇယ်ဈေးက လည်း၇၅ကျပ်နှုန်းနဲ့ဈေးတက်လာတာပါ။
 
ပြင်ပစက်သုံးဆီဈေးက တော့တစ်လီတာ ၃၀၀၀ နဲ့အထက် ပတ်ချာလည်‌ ဈေးနဲ့ရောင်းချတာကို တွေ့ရပါတယ်။
 
ရွှေဈေးနှုန်း
ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များ အသင်းက သတ်မှတ်တဲ့ ရွှေ တကျပ်သားရဲ့ ဈေးနှုန်းက‌‌ ဒီကနေ့မှာ ကျပ် ၅၉,၇၀၀၀၀ ကျပ် ဈေးရှိလာပြီး အဲ့ဒီ့ဈေးဟာ ယခင် တစ်ပတ်ကြာကဈေးထက်တော့ ငွေကျပ်၁သောင်းနှုန်းဈေးလျော့သတ်မှတ်လာတာတာပါ။
 
ရွှေအသင်းရဲ့ဈေး သတ်မှတ်ချက်ဈေးလျော့လာသလို ပြင်ပပေါက်ဈေးမှာလည်း ၁၆ပဲရည်အခေါက်ရွှေတစ်ကျပ်သားကို ၈၄သိန်းပေါက်ဈေးမှာရှိပေမယ့် ဒီဈေးဟာ အရင်တစ်ပတ်ထက်တော့ဈေးလျော့လာတာပါ။
 
ငွေလဲဈေးနှုန်း
အခုတစ်ပတ်အတွင်း နိုင်ငံခြား ဒေါ်လာ ငွေလဲလှယ်နှုန်းတွေ ကတော့ ဈေးတက်လာပါတယ်။
ယခင်တစ်ပတ်ကြာက ငွေလဲနှုန်းမှာ အမေရိကန်၁ဒေါ်လာကို ငွေကျပ် ၃၉၀၀ ပတ်ချာလည် ဝန်းကျင်မှာဈေးကွက်ဖြစ်နေခဲ့ပေမယ့် အခုလက်ရှိကတော့ ငွေကျပ်၄၂၀၀ကျော်ဈေးမှာရှိနေတာဖြစ်လို့ ဒေါ်လာဈေးတက်လာပါတယ်။
 
အမေရိကန်ဒေါ်လာ၁‌ ဒေါ်လာဈေးက အောက်တိုဘာ ၃၁ရက်မှာ ရောင်းဈေး ၄၂၅၀ကျပ်၊ ဝယ်ဈေး ၃၉၈၀ကျပ်ဖြစ်ရာထိုင်းဘတ်ငွေကတော့ ရောင်းဈေး ၁၂၃ကျပ်ကျော်၊ ဝယ်ဈေး ၁၂၅ကျပ် ကျော် ၊ ယွမ်းငွေကရောင်းဈေး၅၅၇ကျပ်၊ ဝယ်ဈေး ၅၆၀ကျပ်၊ ဂျပန်ယန်းဈေးက ရောင်းဈေး၂၆၀နဲ့ဝယ်ဈေး၂၇၅ကျပ်တွေမှာ ငွေလဲဈေးကွက်ဖြစ်ပေါ်နေတာပါ။
 
စင်ကာပူ ငွေလွှဲဈေးကလည်း အမြင့်ဆုံး စင်ကာပူတစ်ဒေါ်လာကိုရောင်းဈေး ၃၀၆၀ကျပ်အထိ ဈေးပေါက်ခဲ့ပြီး ဝယ်ဈေးကတော့၃၂၀၀ကျပ်ဈေးမှာတည်ရှိကာစင်ကာပူ‌ ဒေါ်လာလည်းဈေးပြန်တက်လာပါတယ်။
 
အခြေခံစားသောက်ကုန်ဈေးနှုန်းများ
စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းကိုတော့ ယခုတစ်ပတ်ကြာမှာ အသင်းကထုတ်ပြန်နိုင်ခြင်းမရှိတဲ့အတွက် ယခင်တစ်ပတ်ကထုတ်ထားတဲ့ဈေး စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆၅၈၅ကျပ်အဖြစ်‌ေအာက်တိုဘာ၂၀ရက်မှ အောက်တိုဘာ၂၃ရက်အထိသတ်မှတ်ထားတဲ့ဈေးနဲ့ပဲ အသင်းရဲ့ဈေးကဖြစ်နေရာမှာ အဲ့ဒီ့ဈေးကိုအခြေခံပြီး ပြင်ပဈေးကွက်မှာလည်း တစ်ပိဿာ ကျပ် ၁၀ဝ၀၀ ကျော် အထိပေါက်ဈေးနဲ့ရောင်းချနေကြပါတယ်။
 
ပဲဆီ၊ နေကြာဆီနဲ့ အခြားဆီဈေးနှုန်းတွေကတော့ ငွေကျပ်၂၀၀၀၀ ဝန်းကျင်မှာပဲ ဈေးအစားစားရှိနေတယ်လို့ဆိုပါတယ်။
 
ဆန်ဈေး
ဆန်ဈေးနှုန်းတွေကတော့ စပါးပေါ်ချိန်ကိုနီးကပ်လာတဲ့အတွက် ဆန်ဈေးကျမယ်လို့ ဈေးကွက်မှာ အသံတွေထွက်နေပေမယ့် ယခင်တစ်ပတ်ကြာက ဈေးအမြင့်တွေအတိုင်းသာဆက်ရှိနေလို့ရွှေဘိုပေါ်ဆန်းတစ်ပြည်ကို ၉၅၀၀ကျပ်မှ ၁၀၀၀၀ကျပ်အထိ ရှိပြီး အခြားဆန်တွေကတော့တောင်ပျံရှယ် တစ်ပြည် ၈၅၀၀၊ မြောင်းမြ ပေါ် ဆန်းတစ်ပြည် ၈၀၀၀၊ ဆင်းသွယ်တစ်ပြည် ၅၅၀၀၊ မနောသုခတစ်ပြည် ၄၅၀၀ စတဲ့ ပေါက်ဈေးအတိုင်း ရှိနေပါတယ်။
 
စားဖိုဆောင်သီးနှံတွေ အနေနဲ့ကတော့ကြက်သွန်နီတစ်ပိဿာ ၂၅၀၀ နဲ့၃၀၀၀ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာ ၁၆၀၀၀ ကျပ်နဲ့အထက် အာလူးတစ်ပိဿာ ၄၀၀၀ကျပ်၊ ဂျင်းတစ်ပိဿာ ၃၃၀၀ကျပ်၊လက်ဖက်စို တစ်ပိဿာ ၁၂၀၀၀ကျပ်၊လက်ဖက်ခြောက်တစ်ပိဿာ၂၄၀၀၀ကျပ်၊ နှစ်ပြန်ကြော် တစ်ပိဿာ၁၄၀၀၀ကျပ် ဈေးတွေအတိုင်းပဲရှိနေပါတယ်။
 
ကြက်ဥ၊ဘဲဥ ဈေးတွေကတော့ ပုံမှန်အတိုင်း ကြက်ဥတစ်လုံး၄၅၀ကျပ်ကနေ၅၅၀ကျပ် နဲ့ ဘဲဥတစ်လုံး ၆၀၀ ၊ဆေးဘဲဥတစ်လုံး ၈၀၀ကျပ်နဲ့ ငုံးဥ ၁၀လုံးကို ‌၁၀၀၀ကျပ်ဈေးရှိနေပါတယ်။
 
မနက်ခင်း အဆာပြေစားသုံးနေကြတဲ့ ပဲပြုတ်ဈေးမှာလည်း၅၀၀ကျပ်အနည်းဆုံးဝယ်လို့ရနေကာ ၁၀သားကို ငွေကျပ်၁၂၀၀နဲ့ရောင်းပေးပြီး မုန့်ဟင်းခါး၊ အသုပ်များက တစ်ပွဲကိုအနည်းဆုံး၁၅၀၀ကျပ် မှ အများဆုံး ၃၅၀၀ကျပ်အထိဈေးရှိနေပါတယ်။
 
အခြေခံဟင်းသီးဟင်းရွက်ဈေးနှုန်းတွေထဲမှာတော့ ချဉ်ပေါင်ရွက်တစ်စီးလျှင် ၅၀၀ ၊ ကန်စွန်းရွက်တစ်စီး ၁၀၀၀၊ ဗူးရွက်တစ်စီး ၇၀၀၊ စူးပုတ်ရွက်တစ်စီး ၇၀၀ကျပ်နဲ့ ခရမ်းချဉ်သီးတစ်ပိဿာလျှင်ကျပ် ၄၀၀၀ ကျပ် ၊ ခေါက်ဆွဲခြောက်တစ်ထုပ်လျှင် ၁၀၀၀ကျပ်၊ ၊ ပဲလွန်းတစ်စည်း ၁၂၀၀၊ ခရမ်းသီးတစ်လုံး ၅၀၀၊ မျှစ်တစ်ပိဿာ ၄၀၀၀ ၊ ခဝဲသီး တစ်လုံး ၇၀၀ ကျပ်၊ ငြုပ်သီးစိမ်းနဲ့ နံနံပင်၊ရှမ်းနံနံစတာတွေကတော့ ၅၀၀ ကျပ်အနည်းဆုံးပေး၀ယ်နေရတာဖြစ်ပါတယ်။
 
ငါးဈေးနှုန်းတွေကတော့ ၂၀၀၀၀ မှ ၂၅၀၀၀ အထိရှိပြီး မည်သည့်ငါးမဆိုအနည်းဆုံး ၅၀၀၀ ဖိုး၀ယ်ယူမှသာ တစ်နပ်စာစားသုံးလို့ရနေတာဖြစ်ပါတယ်။
 
ရပ်ကွက်ဈေးများထဲ အစားအများဆုံးအသားဖြစ်တဲ့ကြက်သားက တော့ ပွင့်လင်းရာသီ အလှူအတန်းတွေရှိလာလို့ အသားဈေးတက်မှုတွေထဲပါလာကာ ယခင်တစ်ပိဿာကို ငွေကျပ် ၂၅၀၀၀ ကနေ ၃၅၀၀၀ ကျပ်အထိကနေ ထပ်မံပြီး တစ်ပိဿာကိုငွေကျပ်၃၀၀၀၀ ကနေ ၄၀၀၀၀နှုန်းအထိ စံချိန်တင်မြင့်တက်နေပါတယ်။
 
အမဲသားနဲ့၀က်သားဈေးနှုန်းတွေဟာဆိုရင် ကျပ် ၃၀၀၀၀ ကျပ်ဈေးကိုရောက်ရှိနေပြီး ဆိတ်သားဈေးနှုန်းတွေဟာဆိုရင် ၃၂၀၀၀ ကျပ်ဖြစ်တာကြောင့် အခြေခံအလုပ်သမားတွေအတွက် စားသုံးနိုင်ဖို့ခက်ခဲလာတဲ့နှုန်းထားတွေဖြစ်တယ်လို့ သိရပါတယ်။
 
ဈေးကွက်ထဲမှာ လက်ရှိ လူအဝယ်များနေတဲ့လူသုံးများတဲ့ ကုန်ပစ္စည်းတွေ က ကထိန်လိုအလှူအတန်းတွေကြောင့် ဆပ်ပြာမှုန့်လို၊ အအေးကဒ်လိုပစ္စည်းတွေမှာ ပါကင်လိုက်ဈေး အရင်ထက် ‌ငွေကျပ် ၅၀၀၀လောက်ဈေးတက်နေရာ ပွဲလမ်းသဘင်များပြီးပါက ဈေးပြန်ကျနိုင်မယ်လို့ ကုန်သည်တွေဘက်ကပြောကြားမှုတွေရှိနေပါတယ်။
 
အချိုမှုန့် နဲ့ ပြည်ပကတင်သွင်းလာတဲ့ ဟင်းခတ်ပစ္စည်း အချို့ကတော့ ဈေးကွက်ထဲယခင်ထက်နှစ်ဆဈေးနဲ့ပေးဝယ်နေရဆဲလို့ အိမ်ရှင်မတွေကပြောပါတယ်။
 
ဆေးဝါးတွေအနေနဲ့ကတော့ အိမ်သုံးဆေးဝါးတွေလိုမရှိမဖြစ်ဆောင်ထားရမယ့်ဆေးတွေက တစ်ကဒ်ကိုငွေကျပ်၃၀၀၀ မှ ငွေကျပ် ၁၀၀၀၀ ကျော်ပမာဏအထိဈေးအမျိုးမျိုးရှိနေရာနာတာရှည်ရောဂါတွေအတွက် ရှားပါးဆေးဝါးတွေကတော့‌ဈေးအဆမတန်မြင့်ဆဲလို့သိရပါတယ်။
 
တပတ်တာကုန်ဈေးနှုန်းတွေကို မုဒြာ က စုစည်းပေးထားတာပါ။

Related posts

Cover
သွင်းကုန်လျော့ချမှုဂယက်ကြောင့် စက်သုံးဆီဈေးပြန်တက်လာ
May 30, 2026
Cover
ကုန်ဈေးနှုန်း မြင့်တက်ပေမယ့် အခြေခံလုပ်ခ နိမ့်ပါးနေ
May 23, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
တပတ်တာ ကုန်ဈေးနှုန်း စုစည်းချက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 31, 2026
Cover
စက်သုံးဆီ အကျပ်အတည်း နဲ့ တပတ်အတွင်း စျေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 23, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၁၁-‌‌ မတ်၁၆)
Mar 18, 2026
Cover
ဒေါ်လာဈေး ၄၀၀၀ ကျပ်အထိ တက်လာပြီး ရွှေနဲ့စက်သုံးဆီတွေလည်း ဈေးထပ်တက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 15, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၂-‌‌ မတ်၉)
Mar 10, 2026