ARTICLE

တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (နိုဝင်ဘာ၁၇-နိုဝင်ဘာ၂၃)

CoverLogo
357 Views
Myanmar Labour News မှာ နိုဝင်ဘာ (၁၇) ရက်ကနေ နိုဝင်ဘာ(၂၃) ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ သတင်းအချက်အလက်တွေကို အချိန်တိုတွင်း သိရှိနိုင်ဖို့ ပြည်တွင်း၊ ပြည်ပအလုပ်သမားရေးရာ၊ ပြည်ပရွှေ့ပြောင်းသတင်း၊ ဒေသတွင်းသတင်းတွေနဲ့ သတင်းဆောင်းပါးတွေကို အနှစ်ချုပ် ဖော်ပြပေးထားတာ ဖြစ်ပါတယ်။
 
နိုဝင်ဘာ၁၇
 
အလုပ်သမားအဖွဲ့စည်းများ လွတ်လပ်စွာ ဖွဲ့စည်း နိုင်တယ်လို့ စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးပြော လိုက်ပါတယ်။
ထိုင်းကနေ မလေးရှားသွားရန် ပွဲစားခ ဘတ် ၆ သောင်းကျော်အထိ ပေးခဲ့ရတဲ့ မြန်မာလုပ်သမား ၂၉ ဦး ထိုင်းမှာ အဖမ်းခံရ တယ်လို့ ထိုင်းသတင်းတွေကသိရပါတယ်။
မြန်မာ နိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်သူဦးရေ ၃ ဒသမ ၆ သန်းရှိဟု UNOCHA ထုတ်ပြန်ထားပါတယ်။
 
နိုဝင်ဘာ ၁၈
 
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာနိုင်ငံသား ၂၁ ဦး ကို နေရပ် ပြန်ပို့ ဖို့ မြန်မာဘက်လွဲပြောင်းပေးခဲ့တယ်လို့ မလေးရှားလူဝင်မှုကြီးကြပ်ရေးက သတင်းထုတ်ပြန်ထားပါတယ်။
အသက် ငါးနှစ်အောက် ကလေးငယ် လေးသိန်း ကျော် အာဟာရချို့တဲ့မှုနဲ့ ရင်ဆိုင်နေရ တယ်လို့
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA)က ထုတ်ပြန်ထားပါတယ်။
 
နိုဝင်ဘာ ၁၉
 
ထိုင်းနိုင်ငံ ဘန်ကောက်တွင် အလုပ်လုပ်ရန် နယ်စပ် ဖြတ်ကျော်တဲ့ မြန်မာလုပ်သား ၃၆ ဦး အဖမ်းခံရ တယ်လို့ ထိုင်းသတင်းတွေကသိရပါတယ်။
မြန်မာနိုင်ငံရဲ့ အလုပ်သမားအရေးကဏ္ဍမှာ အလုပ်သမားအခွင့်အရေး ရရှိမှုအခြေအနေ ၊ သမဂ္ဂတွေ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်နဲ့ လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးမှာ အလုပ်ရှင်တွေချုပ်ကိုင်မှုကြောင့် တဖက်စောင်းနင်းဖြစ်ရတာတွေ ၊ ဝန်ကြီးဌာနပြောကြားချက်နဲ့ မြေပြင်အခြေအနေကွာဟမှုတွေက အလုပ်သမားထုအတွက် ဆိုးဆိုးရွားရွားထိခိုက်တာတွေရှိနေပါတယ်။
ဒီအကြောင်းအရာတွေနဲ့ ပတ်သက်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ (STUM) ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး ကို Myanmar Labour News ကမေးမြန်းထားပါတယ်။(အင်တာဗျူး)
 
နိုဝင်ဘာ ၂၀
 
ဂျပန်၊ ကိုရီးယားနဲ့တရုတ်နိုင်ငံ မကာအိုဒေသမှ လာရောက်တဲ့ကမ္ဘာလှည့်ခရီးသည်များအတွက် ကမ္ဘာလှည့်ဆိုက်ရောက်ဗီဇာ ၁ နှစ် ထပ်မံ သက်တမ်းတိုးခွင့်ပြု လိုက်ကြောင်းစစ်ကော်မရှင် လက်အောက်ခံ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနမှ အသိပေးကြေညာထားပါတယ်။
ပြည်ပအလုပ်အကိုင်အတွက် EC စာချုပ် ချုပ်ပြီး တစ်နှစ်နီးပါးအထိ ထွက်ခွာခွင့်မရတဲ့အလုပ်သမားတွေ အခက်ကြုံနေတယ်လို့ သိရပါတယ်။
အကြောင်းအမျိုးမျိုးဖြင့် အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားများ နေရပ်ပြန်ပို့ရေး မြန်မာ-တရုတ် နှစ်နိုင်ငံ MOU ရေးထိုး ခဲ့တယ်လို့ စစ်ကော်မရှင်ရဲ့လက်အောက်ခံလူဝင်မှုကြီး ကြပ်ရေးဌာနကသိရပါတယ်။
ထိုင်းတွင် မြန်မာလုပ်သား တစ်ဦး ပလတ်စတစ်ကြိတ်စက်ထဲ ပြုတ်ကျ သေဆုံးမှုဖြစ်ပွား ခဲ့တယ်လို့ ထိုင်းသတင်းတွေရဲ့ဖော်ပြချက်အရသိရပါတယ်။
 
နိုဝင်ဘာ၂၁
 
ရန်ကုန်တိုင်းဒေသကြီး၊ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်က True Green City Co.,Ltd (ကော်စေ့စက်ရုံ)မှာ အပိုထောက်ပံ့ကြေး ၁၀၀၀ကျပ် မပေးလို့ တိုင်ကြားခံရခဲ့ပြီး ယခုအခါ အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းပြေလည်မှုရရှိ သွားပြီလို့
သွေးစည်ညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)က ထုတ်ပြန်ထားပါတယ်။
မြန်မာမှာ နိုဝင်ဘာ တတိယ ၁၀ ရက် ပတ်အတွင်း လာနီညာ ဖြစ်ပေါ် နိုင်ဟု မိုးဇလအသိပေး ထားခဲ့ပါတယ်။
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ စက်မှူဇုန် ၅ မှာရှိတဲ့ DAMEI အထည်ချုပ်စက်ရုံတွင် အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရပြီး အရွယ်မရောက်သူများပါ အလွန်အကျွံ ခိုင်းစေခံနေရကြောင်းမြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ထံကသိရပါတယ်။
မလေးရှားတွင်အထောက် အထားမရှိတဲ့မြန်မာလုပ်သား ၂၀၀ ခန့် အဖမ်းခံရ တယ်လို့ မလေးရှားသတင်းတွေကနေသိရပါတယ်။
ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်အတွင်း ဖော့ကလစ်ကား(forklift) ပိမိပြီး သေဆုံး သွားခဲ့တယ်လို့ အလုပ်သမားရဲ့ကျန်ရစ်သူမိသားစုကိုလျော်ကြေးကိစ္စကူညီပေး‌ေနတဲ့𝐌.𝐇.𝐀.𝐂မဟာမိတ်အဖွဲ့ ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားကူညီစောင့်ရှောက်ရေးကော်မတီ ထံ မှ သိရပါတယ်။
Myanmar Labour News ရဲ့ အပတ်စဥ် ကုန်ဈေးနှုန်းအကြောင်း ဖော်ပြချက်မှာ
ကုန်ဈေးနှုန်းမြင့်ကာ ထိုက်သင့်တဲ့ ၀င်​ငွေမရလို့ ပြည်သူတွေပိုကြပ်တည်းလာ ကြောင်းဖော်ပြထားပါတယ်။
 
နိုဝင်ဘာ ၂၂
 
ရန်ကုန်မြို့၊ ရွှေပြည်သာစက်မှုဇုန်(၃) ကသမဂ္ဂဖွဲ့ရန် ကြိုးပမ်းတဲ့SHENG TAI စက်ရုံလုပ်သားများ အလုပ်ထုတ်ခံရပြီး ခွဲခြားဆက်ဆံမှုများ ကြုံတွေ့ရ
ကြောင်းသွေးစည်းညီညွတ်သောအလုပ်သမားများအဖွဲ့ချုပ် - မြန်မာ (STUM) ထံ စက်ရုံအလုပ်သမားတွေကပြောထားပါတယ်။
“စစ်တပ် အာဏာမသိမ်းခင်က အလုပ်သမားသတင်းတွေ အလုပ်သမားအသံတွေက လက်ရှိ အချိန်လောက် မကြားရပါဘူး။”လို့ Federation of General Workers Myanmar" (မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်) တာဝန်ရှိ တစ်ဦးကို Myanmar Labour News က အသေးစိတ် မေးမြန်းထားရာမှာ ပြောပြခဲ့ပါတယ်။
(အင်တာဗျူး)
သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ (STUM) ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး ကို Myanmar Labour News ကမေးမြန်းထားပါတယ်။(အင်တာဗျူး) အပိုင်း ၂
တပတ်တာ သတင်းအနှစ်ချုပ်ကို မုဒြာက စုစည်းပေးထားတာပါ။
 

Related posts

Cover
ရွှေဈေးအတက်ပြပြီး စက်သုံးဆီဈေးပြန်ကျလာ
Jun 07, 2026
Cover
သွင်းကုန်လျော့ချမှုဂယက်ကြောင့် စက်သုံးဆီဈေးပြန်တက်လာ
May 30, 2026
Cover
ကုန်ဈေးနှုန်း မြင့်တက်ပေမယ့် အခြေခံလုပ်ခ နိမ့်ပါးနေ
May 23, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
တပတ်တာ ကုန်ဈေးနှုန်း စုစည်းချက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 31, 2026
Cover
စက်သုံးဆီ အကျပ်အတည်း နဲ့ တပတ်အတွင်း စျေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 23, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၁၁-‌‌ မတ်၁၆)
Mar 18, 2026
Cover
ဒေါ်လာဈေး ၄၀၀၀ ကျပ်အထိ တက်လာပြီး ရွှေနဲ့စက်သုံးဆီတွေလည်း ဈေးထပ်တက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 15, 2026