အလုပ်သမားရင်ဖွင့်စာကဏ္ဍ
MyanmarLabourNews
နိုဝင်ဘာ ၁၀
အခုလက်ရှိ ညီမတို့မိသားစု စားဝတ်နေရေးအတွက် ( လှိုင်သာယာ မြို့နယ် ငွေပင်လယ်စက်မှုဇုန် ကျိုစိန့်သိုးမွေး စက်ရုံ ) မှာ ညီမတို့အလုပ်ဆင်းနေပါတယ်။
ညီမတို့နဲ့ ဘာမှတိုင်ပင်ဆွေးနွေးခြင်းမရှိပဲ စက်ရုံပိတ်မယ်လုပ်ပြီး ညီမတို့ ကို အတင်းအကြပ် လက်မှတ်ထိုးခိုင်း ပါတယ်။
လက်မှတ်မထိုးပေးရင်အလုပ်ထုတ်မယ်ဆိုပြီးလဲပြောပါသေးတယ်။ အတင်းအကြပ်လက်မှတ်ကိုရအောင်ယူပါတယ်။ စူပါ နဲ့ အလုပ်သမား အဖွဲ့အစည်း ကိုလဲ လာတ်ထိုးထားပါတယ်။
သူတို့အရင်က ပြောစကား ရှိပါသေး အလုပ်သမားလေဘာရုံးလဲပိုက်ဆံနဲနဲ ပေးလိုက်ရင်ရပါတယ်ဆိုပြီးတော့ လက်မှတ်ထိုးခိုင်းတဲ့စာရွက်အပေါ်မှာကြတော့စက်ရုံနာမည်တောင်မပါ ပါဘူး။
တစ်လ ကို ၅သောင်း ၆ သောင်းထောက်ပံ့ပေးဖို့တောင်းဆိုတော့လဲ စူပါ တွေ အလုပ်သမားအဖွဲ့အစည်းတွေနဲ့ပေါင်းပြီး မရဘူးပဲငြင်းဆိုနေပါတယ်ရှင့်။
အခုလိုအကူညီတောင်းရတာအားနာပေမယ့် စက်ရုံထဲ ဝန်ထမ်း နှစ်ထောင်ကျော် အလုပ်လက်မဲ့ စားဝတ်နေရေးကိုကြည့်ပြီးတော်တော်လေးစိတ်မကောင်းဖြစ်မိလို့အကူညီတောင်းရခြင်းပါ။ အခုလို ရင်ဖွင့်စာကို လက်ခံပေးလို့ အထူးပင် ကျေးဇူးတင်ရှိပါတယ် ရှင့်။
ဝန်ထမ်းများ
