NEWS

၅နှစ်အကြာမှ ထောက်ပံ့ကြေး ကျပ် တစ်ထောင် တိုးပေးမှုအား အလုပ်သမားများ ဝေဖန်

CoverLogo
666 Views
 
နောက်ဆုံးအကြိမ် အနည်းဆုံး အခကြေးငွေ သတ်မှတ်ပြီး ၅နှစ်အကြာကာလမှာ ထောက်ပံ့ကြေးအနေနဲ့ ကျပ် တစ်ထောင်တိတိ တိုးမြှင့်ပေးတဲ့အပေါ် အလုပ်သမားတွေက ဝေဖန်ကန့်ကွက်နေကြပါတယ်။
 
၂၀၁၈ ခုနှစ်က သတ်မှတ်ခဲ့တဲ့ အလုပ်ချိန် ၈နာရီ တနေ့လုပ်ခအတွက် အနည်းဆုံး အခကြေးငွေ ၄,၈၀၀ ကျပ် အပြင် ထောက်ပံ့ကြေး ကျပ်တစ်ထောင် ထပ်ဆောင်းပေးဖို့ကို ပြီးခဲ့တဲ့ရက်က အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက ကြေညာခဲ့ပါတယ်။
 
အဲ့ဒီကြေညာချက်အရ အလုပ်သမားတွေအနေနဲ့ အနည်းဆုံးလုပ်ခနှုန်းအသစ် အနေနဲ့ တရက် ၅,၈၀၀ ကျပ် ရရှိမှာဖြစ်ပါတယ်။
 
ဒါပေမဲ့ အခြေခံလစာကို တိုးမြှင့်တာမျိုးမဟုတ်ဘဲ ထောက်ပဲ့ကြေးအနေနဲ့ တိုးမြှင့်ပေးတာ ဖြစ်လို့ အချိန်ပိုကြေးကို အနည်းဆုံးလုပ်ခငွေကြေး ၄,၈၀၀ကျပ်နဲ့ပဲ တွက်ချက်တာဖြစ်တာကြောင့် ထူးခြားတဲ့ ပြောင်းလဲမှု မရှိဘူးလို့ စက်ရုံ လုပ်သားတချို့က ပြောဆို ပါတယ်။
 
"၂၀၁၈တုန်းက ကန်စွန်းရွက်တစ်စီး ၁၀၀ ခုတစ်စီး ၃၀၀ဖြစ်နေပြီ။ ခုလည်း၂၀၁၈ခုနှစ်က ၄၈၀၀ ကို အခု ၅၈၀၀ ကျပ် တစ်ထောင်ပဲတိုးတယ်ဆိုတော့ အတော့်ကို နည်းလွန်းပါတယ်။ သုံးဆ မဟုတ်တောင် နှစ်ဆတော့ ဖြစ်သင့် တယ်။ အလုပ်သမားတွေအတွက် ဝမ်းနည်းစရာပါ။ ဒါတောင် ၅၈၀၀ ပဲတိုးတာ။ အချိန်ပိုကြေးမှာက မပြောင်းလဲ ဘူး ဆိုတော့ ဘာမှထူးမလာဘူး။ လုပ်ခတိုးတယ်ဆိုတဲ့နာမည်ပဲ အဖက်တင်တယ်"လို့ စက်ရုံလုပ်သားတဦးက ပြောပါတယ်။
 
ဒါ့အပြင် ထောက်ပံ့ကြေး ကျပ်တစ်ထောင် တိုးပေးတဲ့ဆိုတဲ့ ကြေညာချက်ထဲမှာ CMP စက်ရုံ၊ အလုပ်ရုံတွေလို့ ဖော်ပြထားလို့ တခြား လုပ်ငန်း ကဏ္ဍက အလုပ်သမားတွေ ခံစားခွင့်ရနိုင်၊ မရနိုင်ကိုလည်း ရှင်းရှင်းလင်းလင်း ဖော်ပြမထားလို့ အဲဒီ ထုတ်ပြန်ချက်အပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။
 
" ၅,၆၀၀ ပေးနေတဲ့စက်ရုံတွေကရော ဘယ်လိုပေးမယ် မသိဘူး။ အချိန်ပိုကလည်း ဘယ်လိုလဲမရဘူး ။ စာကို ဖြစ်သလို ထုတ်တယ်။ နောက် ဘယ်မှာလဲ အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ သုံးပွင့်ဆိုင် ဆွေးနွေးမှု။ ဒီသုံးပွင့်ဆိုင်ယန္တယားမရှိပါဘဲ သတ်မှတ်က ဥပဒေနဲ့ ညီရဲ့လား။ ဒါမှမဟုတ် အာဏာသိမ်းထားစဥ်ကာလမို့ အာဏာပြ တာလားဆိုတာ တကယ်သိချင်တာ" လို့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် တဦးက ပြောကြားပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ် အနိမ့်ဆုံးလုပ်ခထုတ်ပြန်စဉ်က တနေ့ ၄၈၀၀ ကျပ်ကို နေရာဒေသ၊ အလုပ်အမျိုးအစား မခွဲခြားဘဲ သတ်မှတ် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
 
အဲ့ဒီနှစ်ဝန်းကျင်က အနိမ့်ဆုံးလုပ်ခကို ၅၆၀၀ ကျပ်အထိ တောင်းခံသလို ၅ နှစ် အကြာမှာ တနေ့လုပ်ခ တသောင်းတောင်းဆိုခဲ့ရာမှာ ကျပ် တထောင်ပဲ တိုးမြှင့် သတ်မှတ် ခဲ့တာဖြစ်ပါတယ်။

Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026