NEWS

၂၀၂၆ ခုနှစ်တွင် အများပြည်သူ အလုပ်ပိတ်ရက် ၃၂ ရက် ရှိမည်

CoverLogo
791 Views
 
လာမယ့် (၂၀၂၆) ခုနှစ် ပြက္ခဒိန်နှစ်အတွင်း အများပြည်သူ အလုပ်ပိတ်ရက်ပေါင်း ၃၂ ရက် ရှိ‌ကြောင်းထုတ်ပြန်ကြေညာလိုက်ပြီး အလုပ်ရုံနှင့်အလုပ်သမား စစ်ဆေးရေး ဦးစီးဌာနက သက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံ နဲ့ အလုပ်ဌာနတွေကို အကြောင်းကြားထားပါတယ်။
 
အများပြည်သူပိတ်ရက်တွေမှာ အစားထိုးပိတ်ရက်ရှည် တွေကိုပါထည့်သွင်းကြေညာထားပြီး သင်္ကြန်ပိတ်ရက် (၉) ရက်အပါအဝင် အလုပ်ပိတ်ရက်တွေအနေနဲ့ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊တရုတ်နှစ်သစ်ကူး၊ တောင်သူလယ်သမားနေ့၊ တပေါင်းလ ပြည့်နေ့၊ တပ်မတော်နေ့၊ အလုပ်သမားနေ့၊ ကဆုန်လပြည့်နေ့၊ အာဇာနည်နေ့ ၊ဝါဆိုလပြည့်နေ့၊ အမျိုးသားနေ့၊ ခရစ္စမတ်နေ့တွေကို၂၀၂၆ခုနှစ်ပြက္ခဒိန်မှာ(၁) ရက်စီပိတ်ဖို့နဲ့ (၂)ရက်စီပိတ်ဖို့သတ်မှတ်ပေးထားတာ‌တွေရှိပါတယ်။
 
"အစားထိုးပိတ်ရက်တွေတစ်ခါတည်းထည့်ထားလိုက်ပြီး ပြည်ထောင်စုနေ့ ၂ ရက် ဖြစ်သွားသလို တရုတ်နှစ်သစ်ကူးလည်း (၂) ရက်ဖြစ်သွားတယ် ပိတ်ရက်နဲ့ကပ်သွားလို့ တစ်ဆက်တည်းဖြစ်အောင်လို့ယူဆရတယ်။ဖေ​ဖော်၀ါရီလမှာ​တော့ (၁၂ရက်​နေ့ နဲ့ ၁၃ ရက်​နေ့က ) ပြည်ထောင်စု‌​နေ့ပိတ်ရက် ဖြစ်ပြီး ၁၆ ရက်​နေ့နဲ့ ၁၇ ရက်​နေ့တို့က တရုတ်နှစ်သစ်ကူးပိတ်ရက်​တွေဆိုတော့၀န်ထမ်းတွေအတွက်ကတော့ ခွင့်ရက်ရှည်တစ်ခုဖြစ်လာမှာပဲဖြစ်ပါတယ်။" လို့ ရန်ကုန်မြို့နေ စက်မှုဇုန် အလုပ်သမားတစ်ဦးကပြောပါတယ်။
 
၂၀၂၆ခုနှစ်အတွက်အများပြည်သူအလုပ်ပိတ်ရက်ကြေညာပေးခြင်းကို နိုင်ငံတစ်ဝန်း ရုံးတွေအနေနဲ့ အလုပ်ပိတ်ရက် နဲ့ လွှဲပြောင်းနိုင်တဲ့ စာချုပ် စာတမ်းများ အက်ဥပဒေပုဒ်မ ၂၅ အရ အများပြည်သူအလုပ်ပိတ်ရက်တွေမှာ ခွင့်ရက် နဲ့ အလုပ်ပိတ်ရက် အက်ဥပဒေ နည်းဥပဒေ နဲ့ အညီ ခံစားခွင့် ပေးသွားဖို့ကို ညွှန်ကြားလိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်။
အများပြည်သူအလုပ်ပိတ်ရက်ရှည်အနေနဲ့ မြန်မာနှစ်သစ်ကူး သင်္ကြန်ရုံးပိတ်ရက် (၉) ရက်၊ သီတင်းကျွတ် ရုံးပိတ်ရက် (၃) ရက် နဲ့ တန်ဆောင်တိုင် ရုံးပိတ်ရက် (၂) ရက် ဖြစ်ကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
 
၂၀၂၆ခုနှစ်အတွင်း အများပြည်သူရုံးပိတ်ရက်ထဲမပါဝင်တဲ့နေ့တွေအနေနဲ့ကရင်နှစ်သစ်ကူးနေ့ ကျရောက်တာ မရှိဘဲ ကုရ်ဘာနီ အီးဒ်နေ့ နဲ့ ဒီပါဝလီနေ့တွေအတွက် ကျရောက်မယ့် နေ့ရက်တွေကိုလည်း သီခြားကြေညာသွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။
မုဒြာ
 

Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026