NEWS

၂၀၂၆ခုနှစ် နှစ်စပိုင်းတွင် ထိုင်းမှ မြန်မာ လုပ်သား ၇၅ဦး ကို စစ်ကော်မရှင်ထံ လွှဲပေး

CoverLogo
215 Views
 
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့ တွင် ထိုင်းနိုင်ငံ အတွင်း အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံ ပြီးတဲ့ မြန်မာလုပ်သား ၇၅ဦး ကို ထိုင်းဘက်မှ စစ်ကော်မရှင် ထံသို့ ပြန်လည် လွှဲပို့ပေးခဲ့ ကြောင်းရန်နောင်းလူဝင်မှုကြီးကြပ်ရေးရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
 
ပြန်ပို့ခံရသူတွေ ထဲ တွင် အမျိုးသား ၆၂ ဦးနှင့် အမျိုးသမီး ၁၃ ဦး ပါဝင်ပြီး ရန်နောင်းလူဝင်မှုကြီးကြပ်ရေးရုံးမှ ရေလမ်းကြောင်းမှတစ်ဆင့် မြန်မာနိုင်ငံ၊ ကော့သောင်းဘက်ရှိ အာဏာပိုင်များထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
 
အခုအကြိမ်မှာ ၂၀၂၆ခုနှစ် အတွက် ပထမဆုံး အကြိမ် နေရပ် ပြန်ပို့ ခြင်း ဖြစ်ကာ ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် အတွင်း မှာ လည်း မြန်မာလုပ်သား ၂၀၇၂ဦး ကို ထိုင်းအာဏာပိုင်တွေက စစ်ကော်မရှင် ထံ လွှဲပြောင်း ပေးခဲ့ တယ် လို့ သိရပါတယ်။
ထိုင်းအာဏာ ပိုင်တွေ ပြန်ပို့လိုက်တဲ့ လုပ်သားတွေထဲ မှ လူငယ် အများစု ကို စစ်ကော်မရှင်မှ စစ်မှုထမ်းရန် အတင်းအဓမ္မခေါ်ယူ ခြင်း တွေ ပြုလုပ် ပြီး စစ်မှုမထမ်း လိုပါက မိသားစု တွေမှ ငွေကြေးဖြင့် လိုက်လံ ရွေး ထုတ်ရတယ်လို့ နစ်နာသူ ပြည်သူတွေ ထံမှ သိရပါတယ်။
 
အခုလို လူငယ် လုပ်သား တွေကို စစ်မှုထမ်း အဓမ္မခေါ်ယူနေတာ ကြောင့်ထိုင်းနိုင်ငံ အတွင်း ပြစ်ဒဏ်ကျခံ ပြီးတဲ့ မြန်မာလုပ်သား တွေကို စစ်ကော်မရှင် ထံ ပြန်မပို့ ဖို့ ထိုင်းအစိုးရ ထံ ပြည်တွင်း၊ပြည်ပအဖွဲ့အစည်း အသီးသီးမှ တောင်းဆိုနေပေမယ့် ၂၀၂၄ခုနှစ် နဲ့ ၂၀၂၅ခုနှစ် အတွင်း မြန်မာလုပ်သား ၄၀၀၀ကျော် ကို စစ်ကော်မရှင်ထံ လွှဲပို့ပေးထားပြီး ယခု ၂၀၂၆ခုနှစ် အတွက် နှစ်စ ၅ရက် အတွင်းမှာပင် ၇၅ဦး စတင် လွှဲပို့ပေးတာ ဖြစ်ပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026