NEWS

၂၀၂၅ ခုနှစ်အတွင်း အငြင်းပွာ အမှု ၂၁ မှု အား အလုပ်သမားဝန်ကြီးဌာန ဖြေရှင်းမပေး

CoverLogo
357 Views
 
Solidarity Trade Union of Myanmar (STUM) ရဲ့ ထုတ်ပြန်မှုတွေအရင် ၂၀၂၅ ခုနှစ်အတွင်း စက်ရုံ လုပ်ငန်းခွင်တွေ ဖြစ်ပွားခဲ့တဲ့ အငြင်းပွားမှုတွေကို အလုပ်သမား ဝန်ကြီးဌာနကို တိုင်ကြားပေမဲ့ မဖြေရှင်းပေးနိုင်တဲ့ အမှုပေါင်း (၂၁)မှု ရှိတယ်လို့ သိရပါတယ်။
 
အဲံဒီ အငြင်းပွားမှုတွေက Bontech, GYSen, Waninda, Rainbow Tex, Xusen Garment, Dong Sheng Xing, GTIG-2, True Green, Max Technology, Kingsright, MGOU Myanmar နဲ့ JIMMY Garment တို့မှာ ဖြစ်ပွားခဲ့ပြီး ကုန်ထုတ်လုပ်ရေး၊ အီလက်ထရောနစ်စက်ရုံတွေ ပါဝင်ပြီး အများစုက အထည်ချုပ်လုပ်ငန်းတွေ ဖြစ်ကြပါတယ်။
 
တိုင်ကြားမှုအခြေအနေ အများစုက နေပြည်တော် ဝန်ကြီးဌာနဆီ စာတင်ထားဆဲအဆင့်၊ အထက်ဆီ စာတင် ထားဆဲ ဒါမှဟုတ် တိုင်ကြားစာတင်ဆဲ့ အဆင့်တွင်ဖြစ်နေတာကို တွေ့ရပါတယ်။
 
အငြင်းပွားမှုတွေကို ၂၀၂၅ ခုနှစ် မေလမှ ဒီဇင်ဘာလတွင်း ဖြစ်ပွားခဲ့တာဖြစ်လို့ တိုင်ကြားချိန်က အများဆုံး ၇ လကနေ အနည်းဆုံး ၁ လကြော် ရှိနေတာကိုလည်းတွေ့ရပါတယ်။
 
ဒီအမှုတွေက တိုင်းဒေသကြီးအဆင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (အလည)၊ အလုပ်ရုံနှင့် အလုပ်သမာ ဥပဒေစစ်ဆေးရေးဦးစီးဌာန (အလရ)၊ လူမှုဖူလုံရေးအဖွဲ (လမဖ) နဲ့ တိုင်းတရားရုံးတွေဆီ အဆင့်ဆင့် တင်ပြထားပေမဲ့ ထိရောက်တဲ့ ဖြေရှင်းပေးမှုတွေ ဖြစ်ပေါ်လာတာ မရှိဘဲ ကြန့်ကြာနေတာလို့ STUM က ထုတ်ပြန်ထားပါတယ်။
 
နစ်နာမှုတွေကို သက်ဆိုင်ရာဌာနတွေက အချိန်မီဖြေရှင်းပေးနိုင်တာမရှိလို့ အလုပ်သမားတွေ အခက်အခဲများစွာ ကြုံတွေ့နေရတယ်လို့ STUM ရဲ့ အစီရင်ခံစာ မှာ ရေးသားထားပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026