NEWS

၂၀၂၃ ခုနှစ် ဇူလိုင်လ အတွက် အလုပ်သမားရေးရာ သတင်းများ

CoverLogo
875 Views

၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အလုပ်သမားရေးရာသတင်း စုစည်းတင်ဆက်မှုကနေ ကြိုဆိုလိုက်ပါတယ်။ 

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းကဏ္ဍက အလုပ်သမားတွေအတွက် လူမှုဖူလုံရေးအကျိုးခံစားခွင့်တွေ မရရှိတော့ဘူးလို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် ဥက္ကဌဒေါ်ခိုင်ဇာအောင်က ပြောပါတယ်။

“ခွင့်ရက်ကို လစာပြည့်ရဖို့ကို စက်ရုံတွေဘက်က လူမှုဖူလုံရေးရုံးဆီက တောင်းဖို့ ပြောတယ်။ ဒီလို သွားဖို့က ရုံးဖွင့်ရက် ဖြစ်ရမယ်။ ရုံးဖွင့်ရက်ဆိုတာက စက်ရုံဖွင့်တဲ့ရက်ပဲ ။ အဲ့တော့ အလုပ်သမားက ပျက်ရက်အတွက် ပိုက်ဆံရဖို့ကို နောက်ထပ် အလုပ်ပျက်ခံပြီး သွားရမလို ဖြစ်နေပြီ ။ ဒါပေမဲ့ ပျက်ရက်အတွက် အလုပ်သမားတွေ က ဖိအားတွေနဲ့ ။ အလုပ်ပျက်မယ်ဆို မလာနဲ့တော့ ဆိုတဲ့ ဖိအားပေးတဲ့ စက်ရုံတွေတောင် ရှိပါတယ် ။” လို့ ဒေါ်ခိုင်ဇာအောင်က ပြောပါတယ်။

လက်ရှိ လစာပြည့်ခွင့်ခံစားရတာဆိုတာမရှိဘူး။ နောက်ပြီး အလုပ်ပိတ်ရက်တွေမှာ လုပ်ကိုင်နေရာတွေရှိတယ်။ ကိုယ်ဝန်ဆောင်တွေ အလုပ်ထုတ်ခံရတာတွေ ၊ခွဲခြားဆက်ဆံခံရတာတွေ ၊ ခံစားခွင့် ငြင်းပယ်ခံရတာတွေ အများအပြား တိုင်ကြားတာတွေ ရှိနေတယ်” လို့ ဒေါ်ခိုင်ဇာအောင်က ပြောပါတယ်။

မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ရဲ့အထွေထွေ အတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်ကို အမြန်ဆုံးလွှတ်ပေးဖို့ မြန်မာစစ်အာဏာပိုင်တွေကို တိုက်တွန်းတယ်လို့ အပြည်ပြည်ဆိုင်ရာအလုပ်ရေးရာအဖွဲ့ ILO (ဘန်ကောက်)ရုံးက ဇူလိုင်လ (၇) ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ပြည်တွင်းကအလုပ်သမားတွေရဲ့ အနိမ့်ဆုံးလုပ်ခလစာနှုန်းထားကို တစ်နေ့လျှင် ကျပ် ၁၀၀၀၀ (တစ်သောင်းကျပ်) အဖြစ် ဆက်လက်အဆိုပြုတယ်လို့ အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေတဲ့ STUM အဖွဲ့ကဆို ပါတယ်။ 
အလုပ်သမားတွေအတွက် အနိမ့်ဆုံးလုပ်ခလစာဟာ အမှန်တကယ်တိုးမြှင့်ပေးဖို့လိုအပ်နေပြီး အတည်ပြုသတ်မှတ်ပေးခြင်းမရှိပါက အလုပ်သမားတွေရဲ့ဘ၀ဟာ ပိုမိုဆုတ်ယုတ်လာဖို့ပဲရှိတယ်လို့ အလုပ်သမားရေးကူညီသူများက သုံးသပ်ပြောဆိုပါတယ်။

လုပ်ခလစာ တိုးမြှင့်ဖို့ တောင်းဆိုတဲ့ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေ ကို စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက ဖမ်းဆီးထားတာ မဟုတ်ဘဲ အခြားကိစ္စနဲ့ စစ်ဆေး မေးမြန်းတာ ဖြစ်တယ်လို့ ဇူလိုင် ၁၄ ရက်က ဝန်ကြီးဌာန ဝက်ဆိုဒ်မှာ ထုတ်ပြန်ထားပါတယ်။ 

အထည်ချုပ်စက်ရုံက အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေနဲ့ အလုပ်သမားတွေ လုပ်ခတိုးမြှင့်ပေးဖို့ တောင်းဆိုတာ ကြောင့် ဖမ်းဆီးခံခဲ့ရတာနဲ့ ပတ်သက်ပြီး  အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO ရဲ့ ရန်ကုန်ရုံးက လူမှုကွန်ရက် မှာ ဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး မှန်ကန်မှုမရှိဘူး ဆိုပြီး အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ 
အလုပ်သမားတွေ ဖမ်းဆီးခံရမှုဟာ ပြဋ္ဌာန်းချက် အမှတ် ၈၇ နဲ့လည်း သက်ဆိုင်ခြင်းမရှိဘဲ လုပ်ခလစာ တိုးမြှင့် ပေးဖို့ တောင်းဆိုလို့ ဖမ်းဆီးတာ မဟုတ်ဘဲ အခြားအကြောင်းကိစ္စတွေနဲ့ စစ်ဆေးမေးမြန်းနေတာလို့ ဖော်ပြ ပါတယ်။ ဒါ့ပေမဲ့ လုပ်ခလစာတိုးမြှင့်ပေးဖို့ တောင်းဆိုရာမှာ ဦးဆောင်ခဲ့တဲ့ Sun Apparel စက်ရုံနဲ့ ဟိုစိန့် အထည်ချုပ် စက်ရုံက အလုပ်သမားခေါင်းဆောင်တွေ အပါဝင် Action Labour Rights က ကူညီရေးအဖွဲ့ဝင် ၃ ဦး စုစုပေါင်း ၁၀ ဦးကို စစ်ကောင်စီလက်အောက်ခံ ရဲ တပ်ဖွဲ့က ဇူလိုင်လ ၁၄ ရက်ကနေ ၁၇ ရက်အတွင်း ဖမ်းဆီးခဲ့ တာဖြစ်ပါတယ်။
ဥပဒေမဲ့အလုပ်ထုတ်ခံရတဲ့ လုပ်သက် နှစ် ၂၀ ကျော်ရှိ အလုပ်သမားက အလုပ်ရှင်ကို တရားစွဲဆိုထားမှု တိုင်းအဆင့်ရောက်ရှိခဲ့ပါတယ်။

မှော်ဘီမြို့နယ်ရှိ Pepsi အချိုရည်စက်ရုံကတာဝန်ရှိသူတွေကို ဥပေဒမဲ့ အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမားက ခရိုင်တရားရုံးမှာတရားစွဲဆိုထားမှုကို ဇူလိုင်၂၆ ရက်နေ့မနက်က တတိယမြောက်ရုံးချိန်းစစ်ဆေးခဲ့ရာ တိုင်းတရားရုံးမှာ ညှိနှိုင်းဖို့ အမိန့်ချလိုက်တယ်လို့ အဲဒီအလုပ်သမားအရေးကူညီနေတဲ့သွေးစည်းညီညွတ် သောသမဂ္ဂများအဖွဲ့ချုပ်(STUM)ထံက သိရပါတယ်။ 

မြန်မာပြည်တွင်းက အလုပ်သမားတွေဟာ ကိုဗစ်-၁၉ ကပ်ဘေးနဲ့ ၂၀၂၁ခုနှစ် စစ်တပ်ကအာဏာလွှဲပြောင်းယူတဲ့ နောက်ဆက်တွဲတွေကြောင့် စိန်ခေါ်မှုအခက်အခဲများစွာကို ရင်ဆိုင်နေရတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ဇူလိုင်လ (၂၇) ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒါကတော့ ပြီးခဲ့တဲ့ဇူလိုင်လအတွင်း ဖော်ပြခဲ့တဲ့ အလုပ်သမားရေးရာ သတင်းစုစည်းမှုပဲဖြစ်ပါတယ်။


Related posts

Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026