NEWS

၂၀၂၃ ခုနှစ် စက်ရုံ အလုပ်ရုံ ဆိုင်နှင့် အလုပ်ဌာနများအတွက် အများပြည်သူ အလုပ်ပိတ်ရက်များ စစ်ကောင်စီ အလုပ်သမားရုံးထုတ်ပြန်

CoverLogo
7K Views

လာမယ့် (၂၀၂၃) ခုနှစ် ပြက္ခဒိန်နှစ်အတွင်း အများပြည်သူ အလုပ်ပိတ်ရက်တွေကို ထုတ်ပြန်ကြေညာလိုက်ပြီးအလုပ်ရုံနှင့်အလုပ်သမား ဉပဒေ စစ်ဆေးရေး ဦးစီးဌာနက သက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံ နဲ့ အလုပ်ဌာနတွေကို အကြောင်းကြားထားတယ်လို့ဆိုပါတယ်။

ပိတ်ရက်ရှည် သင်္ကြန်ပိတ်ရက် (၉) ရက်အပါအဝင်အလုပ်ပိတ်ရက်တွေအနေနဲ့ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ တောင်သူလယ်သမားနေ့၊ တပေါင်းလ ပြည့်နေ့၊ တပ်မတော်နေ့၊ အလုပ်သမားနေ့၊ ကဆုန်လပြည့်နေ့၊ အာဇာနည်နေ့ ၊ဝါဆိုလပြည့်နေ့၊ အမျိုးသားနေ့၊ ခရစ္စမတ်နေ့တွေကို၂၀၂၃ခုနှစ်ပြက္ခဒိန်မှာ(၁) ရက်စီသတ်မှတ်ပေးထားတာတွေ့ရပါတယ်။

 

၂၀၂၃ ခုနှစ်အတွင်း အများပြည်သူရုံးပိတ်ရက်ထဲမပါဝင်တဲ့နေ့တွေအနေနဲ့ကရင်နှစ်သစ်ကူးနေ့ ကျရောက်တာ မရှိဘဲ ကုရ်ဘာနီ အီးဒ်နေ့ နဲ့ ဒီပါဝလီနေ့တွေအတွက် ကျရောက်မယ့် နေ့ရက်တွေကိုလည်း သီခြားကြေညာသွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။

၁၉၅၁ ခွင့်ရက်နှင့်အလုပ်ပိတ်ရက်အက်ဉပဒေ အရ အလုပ်သမားတွေကို သက်ဆိုင်ရာအခကြေးငွေ အပြည့်နဲ့ အများပြည်သူအလုပ်ပိတ်ရက်အဖြစ်ခွင့်ပြုပေးရမှာဖြစ်ပြီး ထိုနေ့တွင် အလုပ်ခိုင်းစေပါက အလုပ်သမား၏သဘောဆန္ဒကို ရယူရမှာဖြစ်ပြီး သက်ဆိုင်ရာ အလုပ်သမားရုံးကို ကြိုတင်အကြောင်းကြားပြီး ခွင့်ပြုချက်ရမှာသာ ခိုင်းစေခွင့်ရရှိမှာဖြစ်ပါတယ်။

 

အဆိုပါ အများပြည်သူအလုပ်ပိတ်ရက်မှာ အလုပ်သမားအားအလုပ်ခိုင်းစေပါက လုပ်ခ၏ ၂ ဆ( လုပ်ခ + ၂ဆ) ကိုပေးချေရမှာဖြစ်တယ်လို့ သိရပါတယ်။ထိုအကျိုးခံစားခွင့်မှာ လစား၊ နေ့စား၊ ယာယီအလုပ်သမားနဲ့  ပုတ်ပြတ်အလုပ်သမားတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

MyanmarLabourNews


Related posts

Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026