NEWS

၂၀၂၂ ခုနှစ် တစ်နှစ်တာအတွင်း အလုပ်သမားအခွင့်ရေးချိုးဖောက်ခံရလို့အကူအညီ တောင်းခံလာတဲ့ အမှုပေါင်း ၃၀၀ ကျော်ရှိ

CoverLogo
940 Views

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တစ်နှစ်တာကာလအတွင်း အလုပ်သမား အခွင့်အရေး ချိုးဖောက်မှု့ များအား FGWM အဖွဲ့ချုပ် သို့အကူအညီ တောင်းခံ တိုင်ကြားလာရာ  အမှုပေါင်း ၃၀၀ ကျော်အထိရှိတယ်လို့ သိရပါတယ်။

" အများဆုံး ဖြေရှင်းပေးရတဲ့ အမှုတွေက ၊ အဓမ္မ ခိုင်းစေမှု ၊ အထည်စံချိန် မတရားတောင်းတာ ၊စူပါတွေက ဆဲဆို ခြိမ်းခြောက်တာ ၊လုပ်အားခေါင်းပုံဖြတ်ခံရတဲ့ အမှုတွေကို အများဆုံးဖြေးရှင်းပေးရတဲ့ အမှုတွေဖြစ် ပါတယ်" လို့ အလုပ်သမားများအားကူညီဆောင်ရွက်ပေးနေတဲ့ FGWM မှတာဝန်ရှိသူကဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေက ပိုမိုများပြားလာပြီး အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရလို့ အများဆုံးတိုင်ကြားလာတဲ့ အမှုတွေကတော့ - အဓမ္မ ခိုင်းစေမှုဆိုင်ရာချိုးဖောက်မှု့ များ ဖြစ်တဲ့ အထည်စံချိန် မတရားတောင်းခြင်း၊ စံချိန်မပြည့်ခဲ့ရင် အိုတီကြေးမရဘဲ အချိန်ပိုဆင်းပေးရခြင်း ၊ စူပါ လီတာ
များအော်ဟစ် ဆဲဆိုခြင်း ၊ ခြိမ်းခြောက်ခိုင်းစေခြင်း ၊ စံချိန်မပြည့်လို့ မတရား ဝမ်တိန်ထိုးရခြင်း ၊ ကိုယ်ထိ 
လက်ရောက် ရိုက်နှက်ပြီး အလုပ် ခိုင်းစေခြင်း ၊ အမြဲတမ်းဝန်ထမ်းတွေကို မတရားအလုပ်ဖြုတ်ပြီး နေ့စားသမားတွေ ကို အစားထိုး ခိုင်းစေခြင်း၊ အိုတီကြေးမရပဲ အိုတီများ ခိုင်းစေခြင်း၊ လုပ်အားခေါင်းပုံဖြတ်ခံရခြင်း၊ ကိုယ်ဝန်ဆောင်တွေကို အိုတီဆင်းခိုင်းပြီး မီးဖွားခွင့်ရက် အကျိုးခံစားခွင့် မပေးခြင်း၊ အလုပ်သမားများ ၏ ခွင့်ခံစားခွင့်များ မရတော့ခြင်း၊အများပြည်သူ ရုံးပိတ်ရက်မှာ အိုတီ (သို့မဟုတ်) ရက်စား ဆင်းပေးရတာတွေဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီလိုတိုင်ကြားလာတဲ့အမှုတွေထဲက အများဆုံးဖြေရှင်းပေးရတဲ့အမှုတွေဟာ လုပ်ငန်းခွင်အတွင်းအဓမ္မစေခိုင်းမှုတွေ၊ စံချိန်ကိုအဆမတန်တိုးတောင်းတာတွေနဲ့ လုပ်အားခေါင်းပုံဖြတ်ခံရတာတွေအပြင် ဆဲဆိုခြိမ်းခြောက်ခံရတဲ့အမှုတွေကို ဖြေရှင်းပေးရတာဖြစ်ပြီး အဲဒီလိုတိုင်ကြားလာတဲ့အမှုတွေကို ကျုးလွန်တဲ့စက်ရုံ  အများစုက အထည်ချုပ် စက်ရုံတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင်အထည်ချုပ်စက်ရုံတွေက ဥရောပ တင်ပို့ ဘရန်းများကို ချုပ်လုပ်နေတဲ့ နာမည်ကြီးဘရမ်းတွေဖြစ်တဲ့ ZARA , H&M , Bershka , Lefties , Sinsay ,PRIMARK ,Bianchi , JAKO , AIRCRAFT ,VERO ,MOOE စတဲ့ကုန်အမှတ်တံဆိပ်တွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

#MyanmarLabourNews 
#FGWM


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026