NEWS

၁ နှစ်ကျော်ကြာ အိုတီကြေးများ ဖြတ်တောက်ခံရမှု ဘက်ဒိတ်ဖြင့်  ပြန်လည်ရရှိလိုကြောင်း အလုပ်သမားတွေပြော

CoverLogo
971 Views

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ငွေပင်လယ်စက်မှုဇုန်မှာ ဖွင့်လှစ်ထားတဲ့ ကိုရီးယားနိုင်ငံသားပိုင် Universal Apparel Co,Ltd အထည်ချုပ် စက်ရုံမှာ တနင်္ဂနွေနေ့ဆင်းထားတဲ့ အိုတီကြေးတွေကို ၈ နာရီစာပေးချေရမဲ့အစား ၄ နာရီစာသာ ပေးချေထားတဲ့အတွက် ဘက်ဒိတ်ဖြင့် ပြန်လည်တွက်ချက်ပေးစေလိုတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။ 

အလုပ်သမား ဦးရေ ၁၀၀၀ ကျော်နဲ့ နိုင်ငံတကာအမှတ်တံဆိပ် ELCORTE, MOORES စတာတွေချုပ်လုပ်ကာ အထည်များကို အမေရိကန်၊ ကနေဒါ၊ ကိုရီယားနိုင်ငံတို့ကို တင်ပို့နေတာဖြစ်ပြီး လုပ်ငန်းခွင်အတွင်း အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘဲ WCC အဖွဲ့ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။ 

"တနင်္ဂနွေနေ့ကို အချိန်ပို အိုတီဆင်းရတာ ၈ နာရီအပြည့်ဆင်းရပေမယ့် ၄ နာရီစာပဲပေးပါတယ်။ အရင်ကတော့ ၈ နာရီစာတွက်ပေးပါတယ် အခုလို ၄ နာရီစာပဲပေးတာ တစ်နှစ်ကျော်ပါပြီ" လို့ အချိန်ပိုကြေး ပြန်လည်တွက်ချက်ပေးစေလိုတဲ့အလုပ်သမားကပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ အချိန်ပိုကြေး အပြည့်အဝမရလို့ အချိန်ပိုမဆင်းပါက ကြီးကြပ်သူတွေက ခေါ်ယူဖိအားပေးတာ ရရှိထားတဲ့ ဂရိတ်ကြေးတွေကို လျှော့ချပြစ်တာ တွေ ပြုလုပ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့မှာ စက်ရုံသို့ စစ်ဆေးရေးများ လာရောက်စစ်ဆေး ချိန်မှာ ဥပဒေနှင့်အညီအိုတီကြေးရရှိကြောင်း  အလုပ်သမားတွေကို ကြိုတင်သင်ပေးထားတာ WCC အဖွဲ့ဝင်အလုပ်သမားတွေနဲ့ တစ်ခန်းထဲထားပြီးဖြေဆိုခိုင်းတာတွေကြောင့် အခြေအနေမှန်ကို ပြောနိုင်ခြင်းမရှိဘူးလို့ အလုပ်သမားကပြောပါတယ်။ 

အလုပ်သမားတွေအနေနဲ့ အမှန်တကယ်ရရှိသင့်တဲ့ အချိန်ပိုကြေးကို ဘက်ဒိတ်ဖြင့် ပြန်လည်တွက်ချက်ပေးရန် တောင်းဆိုလိုတယ်လို့ ဆိုပါတယ်။ 

#MyanmarLabourNews


Related posts

Cover
စက်ရုံပိတ်မည် အကြောင်းပြ လူလျှော့ခြင်းအား ပွင့်လင်းမြင်သာစွာဆောင်ရွက်စေလိုဟုဆို
Sep 12, 2025
Cover
New Plus စက်ရုံတွင်း ခွဲခြားဆက်ဆံမှုနှင့် ဘက်လိုက်မှုများ
Sep 12, 2025
Cover
ပွဲစား ပစ်ထားခဲ့သည့် မြန်မာရွှေ့ပြောင်းလုပ်သား ၅၆ ဦး အဖမ်းခံရ
Sep 12, 2025
Cover
ပုသိမ် Dong Long အထည်ချုပ်စက်ရုံ လုပ်ငန်းခွင်အတွင်း ကိုယ်ထိလက်ရောက် ကျုးလွန်ခိုင်းစေ
Sep 11, 2025
Cover
ဖြတ်တောက်ထားတဲ့ လုပ်အားခတွေပြန်လည်တွက်ချက်ပေးဖို့ အလုပ်သမားတွေပြော
Sep 11, 2025
Cover
အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး အပါ ၈ ဦး အာမခံလျှောက်ထားမှု ပလပ်ခံရ
Sep 09, 2025
Cover
သီတင်းကျွတ် အကြောင်းပြပြီး စက်ရုံအများစုမှာ ငွေကောက်ခံနေ
Sep 09, 2025
Cover
Max Technology စက်ရုံ ကြိုပို့ယာဉ် အဆင်မပြေဘဲ၊ ယာဉ်စီစဉ်သူက ဆဲဆို
Sep 09, 2025