NEWS

၁၅ နှစ်အရွယ် အိမ်အကူအား ဆေးရုံတက်ကုသရသည့်အထိ ရိုက်နှက်

CoverLogo
1.9K Views

ရွှေပြည်သာမြိုနယ်အတွင်း နေထိုင်တဲ့ မိသားစုက ၁၅ နှစ်အရွယ် အမျိုးသမီး အိမ်အကူလုပ်သားတဦးကို ဆေးရုံ ပြသရတဲ့အထိ ရိုက်နှက်ခဲ့တယ်လို ကျူးလွန်ခံရသူ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ 

ဒီလို ရိုက်နှက်တာကို ကျူးလွန်ခံရသူ မိသားစုဝင်တွေက မသိရဘဲ ဒီဇင်ဘာ ၁၃ ရက်မှာမှ သမီးဖြစ်သူကို ရပ်ကျေးအဖွဲတွေ လာရောက် ခေါ်ယူသွားတယ်ဆိုပြီး ဆက်သွယ်ပြောဆိုတာကြောင့် အဲဒီအိမ်ကို သွားရောက်ခဲ့တာလို့ ပြောပါတယ်။    

“ ၁၃ ရက်မှာ ကလေးမအမေကို ကျူးလွန်တဲ့ မိသားစုဝင်တဦးက ဖုန်းနဲ့လှမ်းခေါ်တယ်။ တွေ့တော့ ။ လိုအပ်တာလုပ်ပေးမယ်ဆိုပြီး မတိုင်ဖို့ ပြောတယ်။ အမေလုပ်သူကလည်း ကလေးကို မမြင်ရလို စဉ်းစားမယ်ပဲ ပြန်ပြောခဲ့တာ။ ကလေးမကတော့ အင်းစိန်ဆေးရုံကြီးမှာ ဒဏ်ရာတွေ ပြဖို ရောက်နေပြီ။ အမေဖြစ်သူက သမီးဆီလိုက်သွားမှာ ကလေးမှာ  ဒဏ်ရာတွေနဲ့ ဆိုတာ သိရတာ ” လို ပြောပါတယ်။ 

ဆေးရုံတက်ကုသနေရတဲ့ အိမ်အကူလုပ်သားမှာ  ဝဲချိုဆောင်း ပေါက်ပြဲ၊ ဝဲနားထင်ဖူးရောင်၊ ကျောကုန်းဖူးရောင် ညိုမဲစွဲ၊ ယာဘက်ပုခုံး ဒဏ်ရာ၊ ဝဲဘက် လက်မောင်းနာကျင် ဒဏ်ရာ၊ ယာဘက်  လက်ဖျံ ဒဏ်ရာ၊ ဝဲဘက် ဒူးခေါင်း ပေါက်ပြဲဒဏ်ရာ၊ ညာဘက်ခြေသလုံး ဒဏ်ရာတွေနဲ့ အင်းစိန်ဆေးရုံကြီးမှာ တက်ရောက်ကုသခဲ့ရတာလို ကျူးလွန် ခံရသူနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းဆီက သိရပါတယ်။ 

“အခု အရိုးအကြော ဆရာဝန်နဲ့ ထပ်ပြတော့ ညာဘက် လက်ညှိုးလေး ကျိုးနေတာကို တွေ့ရတယ်။ ရိုက်တဲ့ သူတွေ ကတော့ အိမ်ရှင်လင်မယားနဲ့ အဲ့အိမ်က လူယုံ အလုပ်သမားက ရိုက်တာလို့ ကလေးမက ပြောတယ်” လို မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။

ကျူးလွန်သူခံရသူမှာ စုစုပေါင်း  မိသားစုဝင် ၄ ဦးရှိပြီး ဒဂုံဆိပ်ကမ်းမြိုနယ်က ကျူးကျော် ရပ်ကွက်တခုမှာ နေထိုင်ကြသူလို သိရပါတယ်။ 

ကျူးလွန်ခံရတဲ့နေအိမ်ဆီကိုတော့ ၂၀၂၄ ခုနှစ် ဇူလိုင်လက ရောက်ရှိခဲ့တာလို့ သိရပါတယ်။ လုပ်ခလစာကို ပထမဆုံးလမှာ ကျပ် တစ်သိန်းပေးခဲ့ပေမဲ့ နောက်လတွေကစပြီး ကျပ် ခုနှစ်သောင်း  သာ ပေးခဲ့တယ်လိုလည်း မိသားစုနဲ့ နီးစပ်သူက ဆက်ပြောပါတယ်။ 

အိမ်အကူ လစာကို ကျူးလွန်ခံရသူရဲ့ မိခင်ဖြစ်သူ လစဉ် လာရောက် ထုတ်ယူခဲ့ပေမဲ့ သမီးဖြစ်သူနဲ့ တကြိမ်တခါမှ တွေ့ခွင့်မရခဲ့ဘူးလို နီးစပ်သူတွေက ပြောဆို  ပါတယ်။

ကျူးလွန်ခံရမှုကို လှော်ကားရဲစခန်းမှာ အမှုဖွဲတိုင်ကြားထားပြီး ပုဒ်မ၃၂၃ သာမာန်နာကျင်စေမှု၊ ပုဒ်မ ၃၂၅ အပြင်းထန် နာကျင်စေမှု၊ ပုဒ်မ ၃၅၄  ကာယိန္ဒြေပျက်စီးစေပြီး အနိုင်အထက်ပြုမှုနဲ့ ပုဒ်မ ၁၁၄ အားပေး  ကူညီမှု တွေနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ 

ကျူးလွန်ခံရသူကို ဆေးစစ်မှုတွေ ဆက်လက်လုပ်ဆောင်နေပြီး အမှုဖွင့်ခံထားရတဲ့ မိသားစုဝင််တွေကတော့ အာမခံနဲ့ လွှတ်ပေးထားတယ်လို သိထားရပါတယ်။

#MyanmarLabourNews


Related posts

Cover
အာမခံလုပ်သား သားသမီး ပညာသင်စရိတ်ထောက်ပံ့ငွေ စက်တင်ဘာ ၁၆ ရက်နောက်ဆုံးထားလျှောက်ရမည်ဟုဆို
Aug 26, 2025
Cover
လုပ်ခလစာမပေးဘဲ အလုပ်ကနေထုတ်ပယ်လို့ အလုပ်သမားတွေအခက်တွေ့နေရ
Aug 25, 2025
Cover
Sunrise အထည်ချုပ်စက်ရုံ နေ့စဉ် အချိန်ပိုတွေအပြင် နားရက်မရှိ လုပ်ကိုင်နေရ
Aug 24, 2025
Cover
LAT WAR (3) အထည်ချုပ် အချိန်ပို အလွန်အကျွံခေါ်၊ စစ်ဆေးရေးအဖွဲ့ ရုံးခန်းဝင်ပြီး ပြန်
Aug 23, 2025
Cover
Teng Hui Myanmar Knitting သိုးမွှေးထည်စက်ရုံ အလုပ်သမားများ အလုပ်ပျက်ဆိုပြီး အထုတ်ခံရ
Aug 23, 2025
Cover
SHWE MYINN ရေလျှော်စက်ရုံ အချိန်ပို ညလုံးပေါက် လုပ်ကိုင်ခိုင်း
Aug 22, 2025
Cover
Chi Mei အထည်ချုပ် အချိန်ပို အတင်းအကျပ် ခိုင်းစေ
Aug 22, 2025
Cover
Sky Fashion Myanmar လုပ်ခ လျှော့ပေးသည့်အပြင် လစာခွဲခြားပေး၊ အလုပ်ထုတ်
Aug 22, 2025