"ကျတော်တို့ဒီကိစ္စဖြေရှင်းပြီးမှ စကစ ခန့်ထားတဲ့အလုပ်သမားသံအရာရှိကဖုန်းဆက်လာတာဗျကျွန်တော်တို့ကဒီစစ်ကောင်စီကခန့်ထားတဲ့သူတွေနဲ့ရောအလုပ်သမားသံရုံးနဲ့ကောမပူးပေါင်းဘူးအလုပ်မလုပ်ဖူး ဒါကိုသူတို့ကဓါတ်ပုံလေးတပုံရယုံနဲ့ဒီပလတ်စတစ်စက်ရုံကိစ္စမှာ လာအမြတ်ထုတ်သွားတာဒီကိစ္စကိုအလုပ်သမားတွေကလဲမကျေနပ်ဖူး"
ဦးဘရီ(ထိုင်းနိုင်ငံအခြေစိုက်ရွှေ့ပြောင်းအလုပ်သမားရေးကွန်ယက်-စုန်ခလာခရိုင်၊ဟတ်ယိုင်နယ်မြေ ရုံးခွဲတာဝန်ခံ)နှင့်တွေ့ဆုံခြင်း။
စစ်ကောင်စီသံရုံးမှ ထိုင်းရောက်မြန်မာအလုပ်သမားအရေးကိစ္စများမှာဘာမှဝင်ရောက်မဖြေရှင်းပေးပဲသူတို့ရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာဖြေရှင်းပေးသယောင်ယောင်နဲ့ဝါဒဖြန့်ချီတာတွေလုပ်နေတဲ့အတွက်ထိုင်းအခြေစိုက်မြန်မာ့အလုပ်သမားရေးတက်ကြွလှုပ်ရှားသူတွေနဲ့အလုပ်သမားထုကမကျေနပ်ကြပါဘူး။
မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းမှု့နောက်ပိုင်းအလုပ်အကိုင်ရှားပါးလာမှု့ကြောင့်မြန်မာလုပ်သားတွေဟာအိမ်နီးချင်းနိုင်ငံကိုတရားမဝင်ဝင်ရောက်မှု့တွေများစွာရှိလာပါတယ်။
ဒီကိစ္စတွေကိုထိုင်အစိုးရကကြပ်ကြပ်တည်းတည်းကိုင်တွယ်နေသလိုနေ့စဥ်နဲ့အမျှမြန်မာလုပ်သားဒါဇင်နဲ့အမျှ တရားမဝင်ဝင်ရောက်မှု့နဲ့ဖမ်းဆီးခံနေရတာတွေရှိလာပါတယ်။
"ထိုင်းအစိုးရကမြဝတီ၊ ဘုရားသုံးဆူဖက်ကိုစစ်တပ်နဲ့ပါချပြီးစစ်နေတာဖမ်းခံရတဲ့သူတွေကလဲများတယ် ကျတော်တို့အလုပ်သမားတွေကပွဲစားဆိုတဲ့သူတွေဟိုမြန်မာဖက်မှာထဲကပိုက်ဆံအကျေချေလာကြရတာ အဲ့လိုပေးပြီးဒီဖက်မှာက ခုထိမိသားစုတွေနဲ့အဆက်အသွယ်ပြတ်နေတဲ့သူတွေရှိတယ်"လို့ဦးဘရီက MLN ကိုပြောပါတယ်။
ဒီလိုတရားမဝင်ရွှေ့ပြောင်းသူတွေကိုထိုင်းအစိုးရဖက်ကဖမ်းဆီးတာတွေရှိနေသလိုတရားဝင်လုပ်ကိုင်သူတွေကိုလဲထိုင်းအလုပ်ရှင်တွေကခွဲခြားဆက်ဆံတာတွေရှိနေပါတယ်။
"မနေ့တနေ့ကပဲပြီးသွားတဲ့ပလတ်စတစ်စက်ရုံကိစ္စဆိုအလုပ်သမားကတုပ်ကွေးဖြစ်ပြီးအသက်ရှူကြပ်တာအဲ့ဒါကိုသက်ရုံလုပ်သားတွေကစက်ရုံတာဝန်ရှိသူတွေကိုသွားပြောတော့လူနာတင်ယာဥ်ခေါ်ပေးတာ၂နာရီလောက်ကြာသွားတော့သေရောအမှန်ကသူတို့ဆီမှာစက်ရုံကားတွေအများကြီးရှိတယ် သူတို့ပို့ပေးရင်အဲ့အလုပ်သမားသေစရာအကြောင်းမရှိဘူး။ အဲ့ဒါကိုအလုပ်သမားတွေကဒေါသထွက်တာအဲ့စက်ရုံကအရင်ထဲကအလုပ်သမားတွေအပေါ်တော်တော်ဆိုးပါတယ်"
အဆိုပါကိစ္စရပ်တွေဖြစ်ပွားခဲ့တဲ့
ထိုင်းနိုင်ငံတောင်ပိုင်း၊ ၊စုန်ခလာခရိုင် ၊ ဟတ်ယိုင်နယ်မြေရှိ INNOVATIVE GLOVES CO, LTD လက်အိတ်စက်ရုံမှ အလုပ်သမားများသည် အလုပ်သမားတဦးသေဆုံးမှုအပါအ၀င် ကိုဗစ် ကွာရတင်းစင်တာအဆင်ပြေမှုမရှိခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုကောင်းမွန်စွာမရရှိခြင်း နှင့် အလုပ်သမားအခွင့်အရေး အပြည့်အ၀မရရှိခြင်းတို့ကြောင့် ဆန္ဒပြတောင်းဆိုမှုဖြစ်ပေါ်ခဲ့ပြီးလာရောက်ဖြေရှင်ပေးရန်အကူညီတောင်း ခံလာသဖြင့် MWRN (ဟတ်ယိုင်) ၊ နယ်မြေခံအလုပ်သမားကာကွယ်စောင့်ရှောက်ရေး (ဆ၀ဒီကန်)အဖွဲ့၊ ထိုင်းအလုပ်သမားသမဂ္ဂအဖွဲ့ (SERC)၊ ပလပ်အန်ဖေကဆုံမဟာထိုင် (ဟတ်ယိုင်) အဖွဲ့တို့ သွားရောက်ကူညီဖြေရှင်းပေးခဲ့ရာ အပြန်လှန်ဆွေးနွေးမှုဖြင့် အလုပ်သမားများတောင်းဆိုသည့် အချက် (၁၃) ချက်ထဲမှ (၁၂) ချက်ကိုသဘောတူညီမှုရရှိခဲ့တာပါ။
"အဲ့ဒါကိုဖြေရှင်းပြီးတော့မှစကစခန့်ထားတဲ့သံအရာရှိကကျတော့်ကိုမောက်မောက်မာမာနဲ့ဖုန်းဆက်လာတာကျတော်တို့ MWRN Page မှာလဲသူတို့နဲ့ပတ်သက်ထားတာမရှိဘူးဆိုတဲ့ကိစ္စလဲပါတယ်ကျတော်တို့ကထိုင်းရောက်ရွှေ့ပြောင်းအလုပ်သမားရေးဆိုပေမယ့်ထိုင်းကအလုပ်သမားတွေရဲ့လူမှု့ရေးစီးပွားရေးကိစ္စတွေကိုပါလုပ်ပေးနေရတာဆိုတော့ဒီစကစခန့်ထားတဲ့သူတွေနဲ့ကျတော်တို့မပူးပေါင်းဘူးပူးပေါင်းပြီးလဲလုပ်ထားတာမရှိတာကိုသူတို့ကဒီကိစ္စမှာလာပြီးပွဲခံတော့ အဲ့စက်ရုံကအလုပ်သမားတွေကမကျေနပ်ဖူး"လို့ ထိုင်းတောင်ပိုင်းပလတ်စတစ်စက်ရုံကိစ္စမှာစစ်ကောင်စီအလုပ်သမားသံရုံးက ဘာမှဝင်ရောက်ဖြေရှင်းမပေးပဲ ဓါတ်ပုံတပုံအသုံးပြုပြီးဝင်အမြတ်ထုတ်ခဲ့တဲ့အကြောင်းကိုဦးဘရီက MLN နဲ့တွေဆုံမေးမြန်းစဥ်မှာပြောပါတယ်။
ထိုင်းနိုင်ငံအခြေစိုက်ရွှေ့ပြောင်းအလုပ်သမားရေးကွန်ယက်-MWRN အနေနဲ့ရွှေ့ပြောင်းမြန်မာအလုပ်သမားအရေးကိစ္စတွေမှာအကူအညီပေးနေပြီးယခုလက်ရှိထိုင်းနိုင်ငံတွင်းကစက်ရုံတွေမှာမြန်မာလုပ်သားတွေကိုခွဲခြားဆက်ဆံတာတွေရှိနေတယ်လို့ဆိုပါတယ်။
"ခုပြသနာဖြစ်တဲ့စက်ရုံမှာဆိုအလုပ်သမား၈၀၀ ကျော်ကိုQဝင်ဖို့လုပ်တာလူတရာစာပဲလုပ်ပေးတာ အလုပ်သမားတွေကသူ့ဟာသူလုပ်နေရတယ်ဗျာစျေးဝယ်မထွက်ခိုင်းဘူး လာရောင်းတဲ့ဟာတွေကျတော့လဲစျေးကကြီးတဲ့အပြင်မလက်ဆက်တာတွေ ပြီးတော့ထိုင်းအလုပ်သမားတွေကျတော်အပြင်ထွက်ခွင့်မိသားစုနဲ့တွေ့ခွင့်ရတယ်ပြောရမယ်ဆိုရင်တော့အများကြီးပါ"လို့ဦးဘရီက MLNကိုဆက်ပြောပါတယ်။
ထိုင်းရောက်မြန်မာလုပ်သားတွေရာပေါင်းများစွာအခက်အခဲဒုက္ခတွေကြုံနေရပေမယ့်စစ်ကောင်စီရဲ့အလုပ်သမားသံရုံးနဲ့ထိုင်းကမြန်မာသံရုံးကတော့တုပ်တုပ်မှမလှုပ်ဖူးလို့အလုပ်သမားတချို့ပေးပို့လာတဲ့သတင်းအချက်အလက်တွေအရသိရပါတယ်။
November.5.2021
#Interview
#ရွှေ့ပြောင်းလုပ်သား
#ထိုင်း
#MyanmarLabourNews
ပုံစာ-ဦးဘရီ(ထိုင်းနိုင်ငံအခြေစိုက်ရွှေ့ပြောင်းအလုပ်သမားရေးကွန်ယက်-စုန်ခလာခရိုင်ဟတ်ယိုင်နယ်မြေ ရုံးခွဲတာဝန်ခံ)