NEWS

ဥရောပနှင့် ဂျပန်ကို အထည်ချုပ်လုပ်တင်ပို့နေတဲ့ စက်ရုံမှာ အချိန်ပိုအလွန်အကျွံဆင်းနေရ အမျိုးသမီးအလုပ်သမားတွေ မကြာခဏလုယက်ခံနေရပြီး၊ လုပ်ငန်းခွင်အတွင်း တရားဥပဒေကင်းမဲ့နေတယ်လို့ အလုပ်သမားတွေပြော

CoverLogo
2.3K Views

ရန်ကုန်တိုင်း လှိုင်သာယာမြို့ နယ် ရွှေလင်ဗန်းစက်မှုဇုန်မှာဖွင့်လှစ်ထားတဲ့ Myanmar Yangon Richang Apparel Co,Ltd. (NISHO) စက်ရုံမှာ လုပ်သား အခွင့်အရေးတွေမရရှိဘဲ အလုပ်လုပ်ကိုင်နေရပြီး လုပ်ငန်းခွင်မှာ အချိန်ပိုအလွန်အကျွံ လုပ်ကိုင်နေရတာနဲ့ လုပ်ငန်းခွင်အတွင်း တရားဥပဒေ ကင်းမဲ့နေတာတွေ ကြုံတွေ့ခံစားနေရတယ်လို့ အဲ့ဒီစက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေက ပြောပါတယ်။

တရုတ်နိုင်ငံသား လုပ်ငန်းရှင်ပိုင်ဆိုင်တာဖြစ်ပြီး အလုပ်သမားစုစုပေါင်း (၈၀၀) နီးပါးနဲ့  လုပ်ကိုင်နေသော စက်ရုံဖြစ်ပြီး  ဥရောပနှင့် ဂျပန်အထည် များချုပ်လုပ်တင်ပို့တာဖြစ်တယ်လို့ သိရပါတယ်။

အဓိက ချုပ်လုပ်တဲ့ Brands များမှာ CIAOPANIC TYPY, HONEYSUCKLE ROSE, grove, AZUL BY MOUSSY, RODEO CROWNS WIDE BOWL, RIGHT on brand, HanGTen, CANADA DUCK DOWN, H- ESSENTIAL၊ Fieldcore စတာတွေ ချုပ်လုပ်တင်ပို့နေတာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီစက်ရုံမှာ အဓိကချုပ်လုပ်နေရတဲ့ အလုပ်သမားတွေအနေနဲ့ အခက်အခဲတွေ ကြုံတွေ့နေရပြီး  မကြာခဏတိုင်ကြားတာတွေ ပြုလုပ်ပေမယ့် ခဏသာ အဆင်ပြေပြီး အရင်အတိုင်း အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

စက်ရုံတွင် အုပ်ချုပ်သော မြန်မာအလုပ်သမား ခေါင်းဆောင်များအပါအဝင် တရုတ်လူမျိုးဖြစ်သူ စက်ရုံမှူး အမျိုးသမီးမှ  မနက်မိုလင်းတာနှင့် အလုပ်သမားများကို  ရိုင်းဆိုင်းစွာဆက်ဆံ ပြောဆိုမှုများကို ပြုလုပ်နေလို့ အခက်တွေ့နေတယ်လို့ အမည်မဖော်လိုတဲ့ အလုပ်သမားတွေကပြောပါတယ်။

လုပ်ငန်းခွင်မှာ အချိန်ပိုဆင်းရပါက နေရာထိုင်ခင်းစီစဉ်ပေးတာမရှိဘဲ မိမိအစီအစဉ်ဖြင့်သာ ပြန်ရပြီး လုပ်ငန်းခွင်အတွင်း အမျိုးသမီးများနှင့် အမျိုးသားများ ရောနှောအိပ်ရတာတွေကြောင့် လူမှုရေးပြသနာတွေဖြစ်ပွားနေတာရှိတယ်လို့ လည်း အမည်မဖော်လိုတဲ့အလုပ်သမားတွေကပြောပါတယ်။

အချိန်ပို အလုပ်အတွက် ညအချိန်မတော်ပြန်ရပါကလည်း အမျိုးသမီး လုပ်သားတွေအတွက် အန္တရာယ် ရှိနေတဲ့ အခြေအနေတွေ ရင်ဆိုင်ကြုံတွေ့နေရပြီး မကြာခဏ ဖုန်းနှင့် ပိုက်ဆံအိတ်များအလုခံရတာတွေကိုလည်း စက်ရုံဘက်မှ မသိချင်ယောင်ဆောင်နေတာတွေရှိလို့ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာ ကြုံတွေ့နေရတဲ့ အခက်အခဲ ပြသနာတွေကို စက်ရုံထဲမှာ ဖွဲ့စည်းထားတဲ့ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီ   WCC ကို ဖြေရှင်းပေးရန်တိုင်ကြားသောလည်း ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိဘူးလို့ သိရပါတယ်။

လုပ်ငန်းခွင်ထဲမှာ နေ့စားအလုပ်သမားတွေကို  တစ်နေ့လျှင်  (၅၀၀၀) ကျပ်ဖြင့် တစ်ပတ်တစ်ခါရှင်းပြီး ဘာခံစားခွင့်များမရှိသလို ဥပဒေအတိုင်းခံစားခွင့်များမရှိကြဘဲ အော်ဒါပါးသည့်အချိန်တွင်  အလုပ်မှ ထုတ်ပယ်ခံနေရတာပါ။

"အရင်တုန်းက အချိန်ပိုကို ည ၇ နာရီကနေ မနက် ၄ နာရီထိ ခေါ်ရင် ထမင်းစရိတ်နဲ့ လမ်းစရိတ် ၃၀၀၀ ကျပ်ပေးတယ် အခု ည ၇ နာရီကနေ မနက် ၂ နာရီထိုင်းခိုင်းတဲ့အခါကျတော့ ဘာမှမပေးတော့တဲ့အတွက် အဆင်မပြေဘူး"လို့ အလုပ်သမားတစ်ဦးကပြောပါတယ်။

စက်ရုံအနေဖြင့် အထည်အရေးကြီးသည်ဖြစ်စေ၊ အရေးမကြီးသည်ဖြစ်စေ အချိန်ပိုများကို ညစဥ် ၊ ညတိုင်း လူခွဲ၍ ည ၇ နာရီမှ၊ မနက် (၂) နာရီ သို့မဟုတ်၊ မနက် (၄) နာရီထိကို ခေါ်ယူလုပ်ကိုင်လျက်ရှိနေတာကြောင့် သက်ဆိုင်ရာက ခွင့်ပြုထားတယ်ဆိုပြီး နေ့ ည မပျက် အချိန်ပိုတွေ အလွန်အကျွံခေါ်ယူလုပ်ကိုင်နေတာလို့လည်း အလုပ်သမားတွေက ပြောဆိုပါတယ်။

စက်ရုံကခေါ်တဲ့ အိုတီ ( အချိန်ပို) ဆင်းရန် အလုပ်သမားတွေအနေနဲ့ ငြင်းဆန်ခွင့်မရှိဘဲ ဖိအားပေးခိုင်းစေခံနေရပြီး ရှောင်တခင်ခွင့် လို ခွင့်တွေလည်း ရရှိခြင်းမရှိဘူးလို့ သိရပါတယ်။

ယခုလိုလုပ်ရပ်တွေက စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ ပိုမိုဆိုးရွားလာတာဖြစ်ပြီး တိုင်ကြားမှုတွေ ဆက်တိုက်ပြုလုပ်ပြီးနောက်ပိုင်း အလုပ်သမားအားလုံးကို နေ့ရော ညပါ ခိုင်းစေနေရာကနေ တလှည့်စီ ခိုင်းစေနေတာဖြစ်တယ်လို့ ဆိုပါတယ်။

အလုပ်သမားတွေအနေနဲ့ အလုပ်သမားများရဲ့ အခြေခံရပိုင်ခွင့်ဖြစ်တဲ့ ခွင့်ကိစ္စတွေ အချိန်ပို ကိစ္စတွေနဲ့ ပတ်သက်ပြီး သတင်းဌာနကို ဆက်သွယ် တဲ့အခါမှာလည်း ပိုက်စိပ်တိုက်ရှာတာမျိုးတွေပြုလုပ်ကာ ခြိမ်းခြောက်မှုတွေနဲ့ အကျပ်ကိုင်တာတွေ ပြုလုပ်တယ်လို့ အမည်မဖော်လိုတဲ့ အလုပ်သမားတွေကပြောဆိုပါတယ်။


လုပ်ငန်းခွင်ထဲက အလုပ်သမားတွေအနေနဲ့ အချိန်ပိုများကို ဥပဒေအရ သတ်မှတ်ချက်များအတိုင်သာ ခေါ်ယူရန်။
တခါတစ်လေ အချိန်ပိုခေါ်မည်ဆိုပါက အချိန်ပို ညပိုင်းလုပ်သည်နှင့် (က) ကြိုပို့ယာဥ်စီစဥ်ပေးရန်။
(ခ) ထမင်းစရိတ် ၃၀၀၀ ကျပ်ပေးရန်။(ဂ) အမျိုးသမီးသီသန့် ၊ အမျိုးသားသီသန့် နေရာထိုင်ခင်းများ စီစဥ်ပေးရန်။
လုပ်ငန်းခွင်အတွင်း ဆေးပေးခန်းတွင် ဆေးထားပေးရန်နှင့် သူနာပြုဆရာမထားပေးရန်။ အလုပ်သမားဥပဒေပါ ခွင့်ရက်များ ခံစားခွင့်ပေးရန်။နေ့စားအလုပ်သမားများကို အမြဲတမ်းဝန်ထမ်းခန့်ပေးရန်နှင့် အလုပ်သမားဥပဒေများအတိုင်း ခံစားခွင့်ပေးရန်။စက်ရုံတွင် အုပ်ချုပ်သော မြန်မာခေါင်းဆောင်များအပါအဝင် တရုတ်လူမျိုးဖြစ်သူ စက်ရုံမှူး အမျိုးသမီးမှ ကြမ်းတမ်းစွာ အော်ဟစ် ပြောဆိုခြင်းများ မပြုလုပ်ရန်နှင့် ပြုလုပ်ပါက ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်မှုများပြုလုပ်ပေးရန်လိုလားနေတယ်လို့ Myanmar Yangon Richang Apparel Co,Ltd. (NISHO) အထည်ချုပ်အလုပ်သမားက တောင်းဆိုလိုတယ်လို့ ဆိုပါတယ်။

#MyanamrLabourNews

 

 

 

 


Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026