NEWS

ဥပေဒမဲ့ အလုပ်ထုပ်ပယ်တာကြောင့် နစ်နာမှုအတွက်အလုပ်သမားက အလုပ်ရှင်ကိုတရားစွဲ

CoverLogo
878 Views

ဥပေဒမဲ့ အလုပ်ထုပ်ပယ်တာကြောင့် နစ်နာမှုအတွက်အလုပ်သမားက အလုပ်ရှင်ကိုတရားစွဲ

ဖေဖော်ဝါရီ ၁၇
#Labour
#Myanmarcoup

YFA အထည်ချုပ်စက်ရုံပိုင်ရှင်ကို အလုပ်သမားနှစ်ဦးက ၎င်းတို့နစ်နာမှုအတွက် ရွှေပြည်သာမြို့နယ်တရားရုံးမှာ တရားစွဲဆိုလိုက်တယ်လို့ အဲဒီအလုပ်သမားတွေအရေးကူညီပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)မှ ကူညီဆောင်ရွက်ပေးနေသူကဆိုပါတယ်။

ယခင်နှစ်ကုန်ပိုင်းက ရွှေပြည်သာမြို့နယ်ရှိ Yangon Fukuyama Appeal (YFA)အထည်ချုပ်စက်ရုံ မှ အလုပ်ခန့်ထားမှုသဘောတူစာချုပ်နှင့် မညီဘဲ အလုပ်သမားမအိပိုပိုလှိုင်အား ဥပဒေမဲ့ အလုပ်မှထုတ်ပယ်ခဲ့တဲ့အတွက် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှာ သုံးကြိမ်တိတိညှိနှိုင်းဖြေရှင်းခဲ့ပေမယ့် ပြေလည်မှုမရရှိခဲ့ဘူးလို့သိရပါတယ်။

" ၀ါးတစ်ရာက YFA စက်ရုံက အီးစီမညီဘဲအလုပ်ထုတ်လိုက်တဲ့ကိစ္စဆိုရင်  အလညမှာသုံးကြိမ်ညှိနှိုင်းတာအဆင်မပြေဘူး။ မပြေလည်တော့ဦးစီးကနေပြီးတော့  နစ်နာတဲ့သူကတရားဆွဲဆိုပြီး စာထွက်တယ်။ ကျွန်တော်တို့တရားရုံးမှာ တရားစွဲဆိုထားတယ်။   ဒီနေ့ကပထမဆုံးရုံးချိန်းပဲ" လို့ ဆိုပါတယ်။

အဲ့ဒီလိုပြေလည်မှုမရရှိခဲ့တဲ့အပေါ် မြို့နယ်
ဦးစီးမှူးက တရားစွဲဆိုပေးရမှာ​ဖြစ်ပေမဲ့ တရားစွဲဆိုပေးရမဲ့အစား အလုပ်သမားကိုယ်တိုင်တရားစွဲဖို့ စာကိုသာထုတ်ပေးတဲ့အတွက် နစ်နာတဲ့အလုပ်သမားနှစ်ဦးကတရားစွဲခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

တရာစွဲဆိုမှုအတွက်ဖေဖော်ဝါရီ၁၅ရက်က ပထမဆုံးရုံးချိန်းစတင်ခဲ့တာဖြစ်ပြီး အဲဒီလို စက်ရုံပိုင်ရှင်အား အလုပ်သမားမှနစ်နာမှုအတွက်တရားစွဲဆိုခြင်းမှာ စက်ရုံလုပ်သားများအကြားပထမဆုံးဖြစ်လာတာလည်းဖြစ်သလိုအခုတရားစွဲဆိုရာမှာလည်း အမှန်တရားအတိုင်းအဆုံးဖြတ်ထွက်လာဖို့မျှော်လင့်ပြီး ထင်သလိုဖြစ်မလာပါက အမှန်တရားရဖို့အတွက် နိူင်ငံတကာတရားရေးအဆင့်ထိရင်ဆိုင်သွားမယ်လို့လည်းသိရပါတယ်။

YFAစက်ရုံဟာသာဓုကန်စက်မှုဇုန်နဲ့ ဝါးတရာစက်မှုဇုန်တို့မှာ ဖွင့်လှစ်ထားတာဖြစ်ပြီး သာဓုကန်စက်မှုဇုန်က YFA စက်ရုံမှာလဲ  အလုပ်သမား ၁၅၀ ခန့်နဲ့လည်ပတ်နေတာဖြစ်ပြီး အထည်အော်ဒါနည်းတဲ့အကြောင်းပြချက်နဲ့ အလုပ်သမားဥပဒေအရ စက်ရုံပိတ်ရန်ကြိုတင်အသိမပေးဘဲ အလုပ်သမားတွေကို နို့တစ်ကြေးမပေးဘဲ  ပြီးခဲ့တဲ့နိုဝင်ဘာလကုန်ကလည်း အလုပ်သမား ၁၅၀ နီးပါးကို အလုပ်ကရပ်စဲလိုက်တာနဲ့ပတ်သက်ပြီး အငြင်းပွားမှုဖြစ်ထားပြီး  အလုပ်သမားတွေရဲ့ ကျွမ်းကျင်းကြေးတွေ Grade ကြေးတွေနဲ့ရက်မှန်ကြေးတွေကိုပါ ဖြတ်ခဲ့တာကြောင့် အလုပ်ရုံနဲ့အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှာ တိုင်ကြားတောင်းယူခဲ့ရတယ်လို့လည်း
သိရပါတယ်။

#MyanmarLabourNews 
Photo-ပုံဟောင်း-စက်မှုဇုန်အလုပ်သမားများ


Related posts

Cover
စက်ရုံပိတ်မည် အကြောင်းပြ လူလျှော့ခြင်းအား ပွင့်လင်းမြင်သာစွာဆောင်ရွက်စေလိုဟုဆို
Sep 12, 2025
Cover
New Plus စက်ရုံတွင်း ခွဲခြားဆက်ဆံမှုနှင့် ဘက်လိုက်မှုများ
Sep 12, 2025
Cover
ပွဲစား ပစ်ထားခဲ့သည့် မြန်မာရွှေ့ပြောင်းလုပ်သား ၅၆ ဦး အဖမ်းခံရ
Sep 12, 2025
Cover
ပုသိမ် Dong Long အထည်ချုပ်စက်ရုံ လုပ်ငန်းခွင်အတွင်း ကိုယ်ထိလက်ရောက် ကျုးလွန်ခိုင်းစေ
Sep 11, 2025
Cover
ဖြတ်တောက်ထားတဲ့ လုပ်အားခတွေပြန်လည်တွက်ချက်ပေးဖို့ အလုပ်သမားတွေပြော
Sep 11, 2025
Cover
အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး အပါ ၈ ဦး အာမခံလျှောက်ထားမှု ပလပ်ခံရ
Sep 09, 2025
Cover
သီတင်းကျွတ် အကြောင်းပြပြီး စက်ရုံအများစုမှာ ငွေကောက်ခံနေ
Sep 09, 2025
Cover
Max Technology စက်ရုံ ကြိုပို့ယာဉ် အဆင်မပြေဘဲ၊ ယာဉ်စီစဉ်သူက ဆဲဆို
Sep 09, 2025