NEWS

ဥပဒေမဲ့အလုပ်သမားအခွင့်အရေးချိုးဖောက်မှု့တွေကြောင့် JESSIE MYANMAR APPAREL စက်ရုံအလုပ်သမားတွေအခက်ကြုံနေရဟုဆို

CoverLogo
2.3K Views

လုပ်ငန်းခွင်အတွင်း တရုတ်လူမျိုးတွေကသူတို့သဘောမကျတဲ့အလုပ်သမားတွေကိုခြေထောက်နဲ့ကန်ကျောက် ပြီးအလုပ်ခိုင်းတာ၊စံချိန် မတရားတိုးတောင်းပြီး စံချိန်မပြည့်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့အလုပ်ကထုတ်ပယ်တာ၊ အသက်မပြည့်သေးတဲ့ကလေးငယ်တွေကိုလုပ်ခလစာနှိမ်ပြီးခိုင်းစေတာနဲ့များစွာသောအခွင့်အရေးချိုးဖောက်တာတွေခံနေရတဲ့အတွက် JESSIE MYANMAR APPAREL စက်ရုံကအလုပ်သမားတွေအခက်ကြုံနေရတယ်လို့သိရပါတယ်။

Jessie Myanmar Apparel အထည်ချုပ်စက်ရုံဟာရန်ကုန်တိုင်း၊  လှိုင်သာယာမြို့နယ်  စက်မှုဇုန်(၂)၊ ဆရာစံလမ်း မှာလုပ်သားဦးရေ ၅၀၀ နဲ့လည်ပတ်လုပ်ကိုင်နေတဲ့တရုတ်လူမျိုးပိုင်အထည်ချုပ်စက်ရုံတခုလဲဖြစ်ပါတယ်။

"စက်ရုံကစံချိန်ကိုအများကြီးတောင်းပြီး အရည်အသွေးမကောင်းလျှင် ၀မ်တိန်ထိုးခိုင်းပြီးအလုပ်မှထုတ်ပယ်ခံရသောအလုပ်သမားများလည်းရှိနေတယ် ပြီးတော့ ၃လအလုပ်ပိတ်တုန်းကလဲထောက်ပံ့ကြေးဆိုပြီး ၅သောင်းပဲပေးတယ်။ တချို့ဌာနတွေဆိုအလုပ်ပါးတယ်ဆိုပြီးလစာမဲ့တွေနဲ့ပိတ်ပစ်တာ"လို့အဆိုပါစက်ရုံမှအလုပ်သမားတဦးက Myanmar Labour News ကိုပြောပါတယ်။
 

စက်ရုံကယမန်နှစ် ၁၀လ ပိုင်း ၅ ရက်နေ့မှယခုနှစ်၁လပိုင်းအထိပိတ်ခဲ့ပေမယ့် အလုပ်ရှင်ဘက်မှထောက်ပံ့ကြေးမပေးခဲ့ဘဲ ၁၁  လပိုင်းမှသာထောက်ပံကြေးအဖြစ်(၅၀၀၀၀)ကျပ်သာပေးခဲ့တဲ့အပြင်အလုပ်ပါးသည်ဟုအကြောင်းပြကာအချို့သောဌာနများတွင်လစာမဲ့အလုပ်ပိတ်ရက်များကို တလထဲမှာပင်၅ရက်လောက်အထိပိတ်ခဲ့တဲ့အတွက်အလုပ်သမားများအနေနဲ့အခက်အခဲတွေ့ကြရတယ်လို့လဲသိရပါတယ်။

"အလုပ်သမားများ၏အလုပ်ပိတ်ရက်များကိုအလုပ်သမားများသဘောတူသည်ဖြစ်စေမတူသည်ဖြစ်စေ ရက်စားများအဖြစ်ခေါ်တယ်အလုပ်သမားများသဘောမတူပါကရက်မှန်ကြေးဖြတ်မယ်၊လစာမဲ့ဖြစ်မည်ဟုခြိမ်းခြောက်တယ်"လို့ အလုပ်သမားတဦးကဆိုပါတယ်။

အဆိုပါစက်ရုံမှာ(၃၀၀၀)ကျပ်နှင့်အချိန်ပို အိုတီ တစ်နာရီလျှင်(၆၀၀)ကျပ်နှုန်းဖြင့်ခေါ်းပြီး စက်ရုံ၀န်ထမ်းမျာကိုမူ အိုတီကြေး လုံး၀မခေါ်ယူတော့တဲ့အပြင် အလုပ်သမားများလုပ်သက်ခွင့်နှစ်ကြေးခံစားခွင့်များကို အထည်ပါသောရက်များတွင်လစာမဲ့ပိတ်၍လုပ်သက်ခံစားခွင့်များမှငွေကြေးကိုဖြတ်တောက်ပစ်တာတွေရှိနေသလို အသက်မပြည့်သေးသောနေ့စားအလုပ်သမားများကိုလူစားထိုး၍ခိုင်းလို့ရသောဌာနတွင်ထားရှိနေတယ်လို့ ဆိုပါတယ်။

နိုင်ငံခြားသားတရုတ်လူမျိုးမှခြေထောက်ဖြင့်ကန်ခြင်း အရှက်ရအောင်ပြုလုပ်သည့်အတွက်  ကျူးလွန်ခံရသော အလုပ်သမားမှာအရှက်ရစေသည့်အပြင်  ချက်ခြင်းအလုပ်ထုတ်သည်အထိပါ အလုပ်သမားအခွင့်အရေးချိုးဖောက်မှု့တွေကျူးလွန်နေကြတယ်လို့လဲသိရပါတယ်။

"အလုပ်ချိန်သတ်မှတ်ချက်က နံနက်၈ နာရီအချိန်ဖြစ်သော်လည်းဖယ်ရီကားများကိုလုပ်ငန်းခွင်အတွင်း (၇နာရီ၄၀မိနစ်အတွင်းအရောက်လာခိုင်းခြင်း၊ ခုနှစ် နာရီ ၁၀ မိနစ် အရောက်မောင်းခိုင်းပြီးနောက်ကျပါက ဖယ်ရီကားသမားလစာများကိုလည်းနောက်ကျမှပေးခြင်း၊ ဖယ်ရီကားသမားများအလုပ်မှထုတ်ပယ်ခြင်းလုပ်မည်ဟုခြိမ်းခြောက်ပြောဆိုအကြပ်ကိုင်တာတွေလည်း ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။

"ဖယ်ရီကားအင်ချက်နှင့်ဌာနရှိခေါင်းဆောင်များ(၇နာရီ ၁၀)မိနစ်အရောက်လာခိုင်းခြင်းကိုအလုပ်သမားများကိုယ်စား(HR)ထံတွင်အဆင်မပြေကြောင်းသွားရောက်ပြောသောအခါသူဌေးမဆုံးဖြတ်တာဟုပြောသောကြောင့်အဆင်ပြေမှုမရရှိခဲ့ပါ"လို့နစ်နာသူအလုပ်သမားကဆက်ပြောပါတယ်။

ဆက်လက်ပြီးအဆိုပါ  Jessie Myanmar Apparel စက်ရုံမှာ
အထည် ဈေးနှုန်းများကိုလျော့ချကာ အထည်စံချိန်တွေတောင်းနေတဲ့အပြင် အလုပ်သမားတွေမှာ နံနက်အစော(၆)နာရီ(၆)နာရီမထိုးခင်(၇)စသည်ဖြင့်စောစောလာရောက်ပြီအလုပ်လုပ်ကြပြီးနေ့လည် ထမင်းစားချိန် အထည်ချုပ်ရပြီးတော့စံချိန်မမှီသဖြင့် အိုတီ မခေါ်ခြင်း၊ ခံ၀န်လက်မှတ်ထိုးခိုင်းခြင်းများပြုလုပ်နေရတဲ့အတွက်အလုပ်သမားများမှလည်းကြောက်ရွံ့၍လုပ်ကိုင်ကြရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အလုပ်ဆင်းချိန်(၄:၄၅)တွင်လည်းအလုပ်သမားများက(၄:၄၄)မိနစ်အချိန်(လက်ဗွေ)နှိပ်၍ဆိုပြီးခံ၀န်ထိုးခိုင်းပြီးတော့ ခံ
၀န်လက်မှတ်(၃)ခါအများဆုံး(၄)ခါပြည့်သောအခါစူပါနှင့်လိုင်းတာ၀န်ခံများမှတာ၀န်မယူလျှင်အလုပ်ဖြုတ်ပစ်ပြီးသူဌေးမကြိုက်သူဖြစ်လျှင်တစ်ခါထဲအလုပ်ထုတ်ပစ်တယ်လို့အလုပ်သမားတွေဘက်ကပြောပါတယ်။

ဆက်လက်ပြီးစက်ရုံတွင်းဖိနှိပ်မှု့အခြေအနေများနှင့်ပတ်သတ်ပြီးတော့-အလုပ်သမားမျာကိုနေ့စဉ်ခံ၀န်လက်မှတ်ထိုးခိုင်းတာ၊ ခံ၀န်လက်မှတ်ဟုပြောပြီနေ့စဉ်နေ့တိုင်းစိတ်ဖိစီးမှုများ၊စိတ်ဒုက္ခများနှင့်စိတ်ပိုင်းဆိုင်ရာဖိနှိပ်ချုပ်ချယ်မှုများနှင့်ခြောက်လှန့်လျှက်ရှိနေတဲ့အပြင် ဖယ်ရီကားများစောရောက်၍အလုပ်သမားများအလုပ်ဌာနအတွင်းသို့စောစော၀င်အလုပ်မလုပ်သူကိုသူဌေးမမှလက်ညှိုးထိုး၍၀င်ခိုင်းခြင်း၊ ဌာနခေါင်းဆောင်များ၊ ကားအင်ချက် (In charge) များကိုပါလာရောက်ပြောဆိုတာတွေလုပ်ငန်းခွင်အတွင်တွင်းအသက်မပြည့်သောနေစားခလေးလုပ်သားများကိုလည်းဈေး‌ပေါပေါဖြင့်ခိုင်းစေနေတာတွေရှိနေတဲ့အပြင်စက်ရုံကိုဧည့်သည်များ၊စစ်ဆေးရေးများလာသောနေ့တွင်ခလေးလုပ်သားများကိုပိတ်ရက်အဖြစ်သတ်မှတ်ထားပြီးဥပ​ဒေကိုလက်တလုံးကြားလုပ်နေတာတွေလဲရှိနေတယ်လို့သိရပါတယ်။

ယခုလိုJessie Myanmar Apparel စက်ရုံဖက်မှကျူးလွန်နေတဲ့ဥပဒေမဲ့လုပ်သားအခွင့်အရေးချိုးဖောက်မှု့တွေအပေါ်မှာစက်ရုံအလုပ်သမား၅၀၀ ကျော်အနေနဲ့- အလုပ်ရှင်ဘက်မှသက်မှတ်ထားသောအလုပ်ချိန်နံနက်(၈)နာရီ အချိန်ပြည့်မှသာအလုပ်ခိုင်းစေခြင်းနှင့်အပြစ်တစ်စုံတစ်ရာမရှိပဲဝမ်တိန်ထိုးခိုင်းခြင်းမပြုလုပ်ရန်၊နိုင်ငံခြားသားများမှရိုင်းစိုင်းစွာဆက်ဆံခြင်းမပြုလုပ်ရန်၊ အသက်မပြည့်သောခလေးငယ်များကိုလုပ်သားစျေးပေါပေါဖြင့်ခိုင်းစေခြင်းများမပြုလုပ်ရန်၊ အလုပ်ရှင်ဘက်မှတစ်စုံတစ်ရာချမှတ်လျှင်အလုပ်သမားများသဘောဆန္ဒမပါပဲအပြုလုပ်ရန်၊ အကြောင်းမဲ့အလုပ်ထုတ် ခြင်းများမပြုလုပ်ရန်အစရှိတဲ့အချက်တွေကိုတောင်းဆိုထားကြပါတယ်။

အဆိုပါစက်ရုံမှာလုပ်သားအခွင့်အရေးအတွက်သမဂ္ဂဖွဲ့ပြီးလုပ်ကိုင်ခွင့်မရတာကြောင့် သမဂ္ဂမရှိဘူးလို့လဲအလုပ်သမားတွေဖက်ကပြောပါတယ်။

Jessie Apparel Myanmar အထည်ချုပ်စက်ရုံဟာ Next အမှတ်တံဆိပ်အထည်တွေချုပ်လုပ်ပြီစျေးကွက်ကိုတင်ပို့တဲ့ကုမ္ပဏီတခုလဲဖြစ်တယ်လို့ သိရပါတယ်။


 


Related posts

Cover
Myanmar Handsome အထည်ချုပ် EC စာချုပ် ပေးမထားလို့ အလုပ်သမားအခွင့်အရေးများ နစ်နာနေရ
Mar 09, 2026
Cover
Hope One Co.,Ltd အထည်ချုပ်စက်ရုံ ခွင့်ပြုအချိန်ပိုထက် ပိုမိုလုပ်ကိုင်ခိုင်း
Mar 09, 2026
Cover
Sky Fashion Myanmar အထည်ချုပ် လုပ်သက်တစ်နှစ်နီးပါး လုပ်သားများအား အသက်မပြည့်လို့ဆိုပြီး နေ့စားလုပ်သားအဖြစ် ပြောင်းခိုင်း
Mar 09, 2026
Cover
လှိုင်သာယာ အနော်ရထာ စက်မှုဇုန် ရှိ ဆန်စက်အတွင်း ဆန်အိပ်ပုံပြိုကျရာမှ အလုပ်သမား ၂ဦးသေဆုံး
Mar 07, 2026
Cover
လူမှုဖူလုံရေး အာမခံလုပ်သား ၁ ဒသမ ၃၄ သန်းကျော်အထိ ရှိလာဟုဆို
Mar 07, 2026
Cover
Jinli Garment စက်ရုံမှ အချိန်ပို အောလင်း၊ အောနိုက် ဆဲဆို ဆင်းခိုင်းလို့ တစ်ပတ် ၃ ရက် လုပ်ကိုင်ပေးရ
Mar 07, 2026
Cover
စက်ရုံ၊အလုပ်ရုံ ကြိုပို့ယာဉ်များနှင့် လုပ်ငန်းသုံးယာဉ်များ ခိုင်လုံသည့် အထောက်အထားပါရှိမှ သာနေ့စဉ်ယာဉ်ပြေးဆွဲခွင့်ရမည်
Mar 07, 2026