NEWS

ဥပဒေမဲ့အလုပ်ထုတ်ပယ်နေလို့ အလုပ်သမားတွေအခက်တွေ့နေ

CoverLogo
687 Views

အထည်ချုပ်စက်ရုံလုပ်ငန်းခွင်အတွင်းမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေပြုလုပ်နေပြီး အလုပ်ကနေ ဥပဒေမဲ့ထုတ်တာတွေ ကြောင့် အခက်အခဲဖြစ်နေရတယ်လို့   SAFETY CLOTHING (Myanmar) Co, LTD စက်ရုံအလုပ်သမားတွေကပြောပါတယ်။


ချုပ်လုပ်တဲ့အမှတ်တံဆိပ်တွေကတော့ Vis Team, ROLYWRE စတာတွေဖြစ်ပြီး စက်ရုံက ရန်ကုန်တိုင်းဒေကြီး၊ မြစိမ်းရောင်စက်မှုဇုန်၊ မြစံပယ်လမ်းမှာဖွင့်လှစ်ထားတာပါ။ 


တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး အလုပ်သမား ၂၀၀ ကျော်နဲ့လုပ်ငန်းလည်ပတ်နေတာပါ၊ ဒါ့အပြင် လုပ်ငန်းခွင်မှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိသလို WCC လည်းဖွဲ့စည်းထားတာမရှိဘူးလို့ ပြောပါတယ်။


စက်ရုံဖွင့်တာ ၂ လခန့်သာရှိသေးပြီး အလုပ်သမား ၆၀၀ လောက်နဲ့လုပ်ငန်းလည်ပတ်ခဲ့ပြီး လက်ရှိမှာ ၂၀၀ လောက်သာကျန်တော့တယ်လို့ အလုပ်သမားကပြောပါတယ်။ ဒါကြောင့်လည်း လက်ရှိမှာ အလုပ်သမားတွေကို ဥပဒေမဲ့အလုပ်ကနေ မထုတ်ဖို့ လိုလားနေတယ်လို့ ပြောပါတယ်။


စက်သမားတွေကို ဒေးကြေးက ၇၈၀၀ ရက်မှန်ကြေး ၇၀၀၀၀ ကျပ် အထည်တစ်ကတ်ကြေးသတ်မှတ်ပေးထားပြီး စက်သမားတွေတရက်အလုပ်တစ်ရက်ပျက်တာနဲ့ ရက်မှန်ကြေး ၃၀၀၀၀ ဒေးကြေး ၇၈၀၀ စုစုပေါင်း ၃၇၈၀၀ ဖြတ်တောက်ပြီး နှစ်ရက်ပျက်ပါက  ရက်မှန်ကြေးအကုန်ဖြတ်တောက်တယ်လို့ ဆိုပါတယ်။


စက်ချုပ်သမားမဟုတ်တဲ့ အခြားအလုပ်သမားတွေကတော့ ဒေးကြေး ၆၈၀၀ ကျပ်နဲ့ ရက်မှန်ကြေး ၄၀၀၀၀ ကျပ်၊ ကျွမ်းကျင်ကြေးတို့သာသတ်မှတ်ပေးထားပါတယ်။


"အဓိကအခက်အခဲကတော့ စက်ရုံဖွင့်ထားတာမကြာသေးဘူး အလုပ်သမားတွေကို အလုပ်ကနေ ထုတ်ချင်သလိုထုတ်နေတာ ခိုင်လုံတဲ့အကြောင်းပြချက်လဲမရှိဘူး ကြိုတင်အသိပေး အကြောင်းကြားတာ နို့တစ်ပေးတာလည်းမရှိ အလုပ်လုပ်ခဲ့တဲ့ ရက်ကို တွက်ပေးပြီးနောက်နေ့မလာနဲ့တော့လို့ပြောတာ"လို့ အလုပ်သမားကပြောပါတယ်။


အခုလို အကြောင်းပြချက်မရှိ အလုပ်ကနေ ထုတ်ပယ်နေတာကြောင့် အလုပ်လုပ်ကိုင်ရတဲ့အလုပ်သမားတွေအနေနဲ့ အလုပ်အကိုင်အာမခံချက်မရှိတဲ့အပေါ် စိုးရိမ်စိတ်နဲ့လုပ်ကိုင်နေရသလို ဥပဒေမဲ့လုပ်ရပ်အတွက်လည်း အကူအညီပေးမယ့်သူမရှိတာကြောင့် အခက်အခဲဖြစ်ပေါ်နေတယ်လို့ ပြောပါတယ်။


"အလုပ်ထုတ်တာ ခဏခဏကိုလုပ်နေတာ ဥပမာ လက်ရှိလုပ်နေတဲ့  စာရေးမတွေ၊ စက်ချုပ်တွေ ပိတ်ဖြတ်တွေကို နောက်နေ့ အလုပ်မလာဖို့ ပြောတယ် မဖြုတ်ခင်တစ်ရက်အလိုမှာ အပြင်က အလုပ်သမားနေရာအစားထိုးခန့်ဖို့ ခေါ်ပြီးသား  လုပ်ငန်းလိုအပ်ချက်အရ အလုပ်ထုတ်တာ မဟုတ်ပဲ ဖြုတ်ချင်းလို့ကို ဖြုတ်နေတာ စက်ရုံဖွင့်တာမကြာသေးလို့ ခွင့်ပြုစာမရသေးလို့ သတင်းတင်တာတို့ တိုင်ကြားတာတို့လုပ်ရင်  စက်ရုံကို ပိတ်ပစ်မယ်လို့လည်း သူဌေးကခြိမ်းခြောက်ထားသေးတယ်။ မှန်မှန်ကန်ကန်လုပ်ရင် ဘယ်အလုပ်သမားကတိုင်မှာလဲ"လို့ ယင်းကပြောဆိုပါတယ်။


လုပ်ငန်းခွင်ထဲမှာ နေ့စားအလုပ်သမားတွေခေါ်ကာ ဒေးကြေး ၆၈၀၀ ကျပ်နဲ့ရှင်းပေးပြီး စနေ၊ တနင်္ဂနွေနေ့တွေ အလုပ်လုပ်ရပါက အချိန်ပိုကြေးမပေးဘဲခိုင်းတာ ၊ အသက်မပြည့်သေးတဲ့အလုပ်သမားတွေ အငှားမှတ်ပုံတင်နဲ့လုပ်ကိုင်ခိုင်းစေတာ စတာတွေပြုလုပ်နေပြီး အချိန်ပိုကြေးမပေးဘဲ ခိုင်းသလို အလုပ်ကနေ ထုတ်ချင်သလို ဥပဒေမဲ့ထုတ်တာတွေလုပ်ဆောင်နေတာလို့ ဆိုပါတယ်။


ဒါ့အပြင် လုပ်ငန်းခွင်အတွင်းမှာ သောက်သုံးရေ ၊ ဆေးဝါးစတာတွေ အဆင်မပြေမှုတွေဖြစ်ပေါ်နေတယ်လို့လည်း ပြောပါတယ်။
အလုပ်သမားတွေရဲ့တောင်းဆိုချက်အနေနဲ့ 


၁။ အလုပ်သမားများကို အကြောင်းပြချက်မရှိ ၊ မခိုင်လုံပဲ အလုပ်မှ ထုတ်ပယ်ခြင်းမပြုရန်။
၂။ အလုပ်ထုတ်ခံရသူများကို အလုပ်ပြန်ခန့်ရန်။
၃။ သောက်ရေကို ရေသန့်တိုက်ရန်။
၄။ နေ့စားအလုပ်သမားများကို အများနည်တူ ခံစားခွင့်ပေးရန်။ စနေ၊ တနင်္ဂနွေ ပိတ်ရက်များအတွက် အချိန်ပိုကြေးကို ဘက်ဒိတ်ဖြင့် တွက်ချက်ပေးရန်။စတဲ့အချက်တွေ ဖြေရှင်းပေးစေလိုတယ်လို့ ပြောထားပါတယ်။
#MyanmarLabourNews


Related posts

Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026