NEWS

ဥပဒေမဲ့အလုပ်ထုတ်ခံရလို့ Ooredoo Myanmar ကိုတရားစွဲဆိုထားတဲ့အမှု ဖေဖော်ဝါရီ ၂၅ ရက်သို့ ပြန်လည်ချိန်းဆို

CoverLogo
556 Views
 
ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း ဗဟန်းမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ Ooredoo Myanmar Limited တွင် ဝင်ရောက်လုပ်ကိုင်နေတဲအလုပ်သမားကိုနစ်နာကြေးမပေးဘဲ ရုတ်တရက်အလုပ်ထုတ်လိုက်လို့ အလုပ်သမားကတရားစွဲဆိုခဲ့ရာ ဖေဖော်ဝါရီ ၂၅ရက်နေ့သို့ ပြန်လည်ချိန်းဆိုထားတယ်လို့ သိရပါတယ်။
Ooredoo Myanmar ကို တရားစွဲဆိုလိုက်တဲ့ အလုပ်သမားဟာ FTTH Senior Manager ရာထူးဖြင့် အလုပ်လုပ်နေတဲ့ အလုပ်သမား ဝန်ထမ်းတစ်ဦးဖြစ်ပြီး ၎င်းကိုကြိုတင်အကြောင်းကြားခဲ့ခြင်းမရှိဘဲ ရုတ်တရက်အကြောင်းမဲ့အလုပ်ထုတ်လိုက်သလို ဥပဒေပါရပိုင်ခွင့်များကိုပါ ပေးအပ်ခြင်းမရှိဘဲ Ooredoo Myanmar မှ အလုပ်ထုတ်ခံခဲ့ရတာဖြစ်လို့ တရားစွဲဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
"၄ ရက်နေ့ ရုံးချိန်းမှာ ကျမ်းကျိန်လွှာနဲ့ ဖြေကြားဖို့ ချိန်းဆိုထားတာ။ တရားပြိုင်ဘက်က မေးခွန်းကို တရားလိုဘက်ကဖြေရတာ။ နောက်ရုံးချိန်းကိုတော့ ၂၅ ရက်နေ့ ပြန်လည်ချိန်းထားတယ်။ နောက်ရုံးချိန်းကျ တရားပြိုင်ကုမ္ပဏီဘက်က ချေလွှာတင်ရမှာ "လို့ အလုပ်သမားနဲ့နီးစပ်သူကဆိုပါတယ်။
အဲဒီလိုအလုပ်ထုတ်ခံရမှုကြောင့် သက်ဆိုင်ရာသို့တိုင်ကြားခဲ့ရာ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနနှင့် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနတို့ပါဝင်သော ပေါင်းစပ်အဖွဲ့ဖြင့် ရုံးချိန်း ၂ကြိမ် ၊ ဗဟန်းမြို့ နယ်ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ဖြင့်ရုံးချိန်း ၃ ကြိမ်၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန ဖြင့် ရုံးချိန်း ၁ ကြိမ် စုစုပေါင်း ၆ ကြိမ်ညှိနှိုင်းခဲ့သော်လည်း ညှိနှိုင်းမှုမပြေလည်ဘဲ တရားရုံးလမ်းကြောင်းအတိုင်းသာသွားမယ်လို့ Ooredoo Myanmar ဘက်က တုန့်ပြန်လာလို့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
အဆိုပါတရားစွဲဆိုမှုအတွက် ပြီးခဲ့တဲ့၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့က တရားရုံးမှာ ၈ကြိမ်မြောက် ရုံးချိန်းစတင်ခဲ့တာဖြစ်ပြီး ယခုလ ၂၅ရက်နေ့မှာတော့ ၁၂ကြိမ်မြောက်ရုံးချိန်းမှာ တရားပြိုင်ကုမ္ပဏီဘက်က ချေလွှာတင်ဖို့ ပြန်လည်ချိန်းဆိုထားတာလို့ သိရပါတယ်။
Ooredoo Myanmar Limited အနေဖြင့် ယခုလိုလုပ်သက် ၄ နှစ်ကျော် ၅ နှစ်နီးပါးလုပ်သက်ရှိတဲ့ ဝန်ထမ်းကိုအလုပ်မှထုတ်ပယ်ရခြင်းမှာ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် (EC) ပါစည်းကမ်းချက်များနှင့်အညီ ထုတ်ပယ်ခြင်းဖြစ်လို့ နစ်နာကြေးမပေးဘဲ အလုပ်သမားဝန်ထမ်းဘက်မှ အလုပ်ထွက်စာတင်ကာနှုတ်ထွက်မှသာ Notice ကြေး (၁)လစာသာပေးမယ်လို့ဆိုခဲ့တလို့လည်း သိရပါတယ်။
Ooredoo Myanmar ဟာ ကာတာနိုင်ငံအခြေစိုက် အဖွဲ့အစည်းဖြစ်ပြီး၊ မြန်မာနိုင်ငံမှာ တယ်လီကွန်းလုပ်ငန်းကို ပထမဆုံးစတင်ခဲ့သော ကုမ္ပဏီတစ်ခုဖြစ်သလို ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံတွင် တရားဝင် ဝင်ရောက် လုပ်ငန်းစတင်ခဲ့တာလို့ သိရပါတယ်။

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026