NEWS

ဥပဒေမဲ့အလုပ်ထုတ်ခံရတဲ့ လုပ်သက် နှစ် ၂၀ ကျော်ရှိ အလုပ်သမားက အလုပ်ရှင်ကို တရားစွဲဆိုထားမှု တိုင်းအဆင့်ရောက်ရှိ

CoverLogo
397 Views

မှော်ဘီမြို့နယ်ရှိ Pepsi အချိုရည်စက်ရုံကတာဝန်ရှိသူတွေကို ဥပေဒမဲ့ အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမားက ခရိုင်တရားရုံးမှာတရားစွဲဆိုထားမှုကို ဇူလိုင်၂၆ ရက်နေ့မနက်က တတိယမြောက်ရုံးချိန်းစစ်ဆေးခဲ့ရာ တိုင်းတရားရုံးမှာ ညှိနှိုင်းဖို့ အမိန့်ချလိုက်တယ်လို့ အဲဒီအလုပ်သမားအရေးကူညီနေတဲ့သွေးစည်းညီညွတ် သောသမဂ္ဂများအဖွဲ့ချုပ်(STUM)ထံက သိရပါတယ်။ 

 

"တတိယ မြောက် ရုံးချိန်း ကို အလုပ်ရှင် အလုပ်သမား ၂ဖက် ခရိုင်တရားသူကြီး မှ လက်ခံစစ်မေးခြင်းပြုလုပ်သည်။လုပ်ငန်းရှင် မှ CEO နဲ့ HR ကိုယ်စား HR ကို တရားဝင် ကိုယ်စားလှယ် လွှဲအပ်ခဲ့သည်။တရားမ စေ့စပ်ညှိနှိုင်းရေးလုပ်ထုံးလုပ်နည်းအရ သြဂုတ်လ ၁၄ ရက် မနက် ၁၀ နာရီတွင် တိုင်းတရားရုံး၌ နှစ်ဘက် ညှိနှိုင်းရန် ရုံးချိန်းပေးသည်။လုပ်ငန်းရှင်ဘက်မှ ညှိနှိုင်းရန်မလို ဘဲ အမှူ ကို ဆက်စစ်ရန်တောင်းဆိုခဲ့သည်။

ခရိုင်တရားသူကြီး မှ တရားရုံး လုပ်ထုံး လုပ်နည်းအတိုင်း သွားရန် အမိန့်ချကာရှေ့လ ဩဂုတ်လ ၁၄ ရက်နေ့တွင်တိုင်းတရားရုံး၌ ၂ဘက် ညှိနှိုင်း ရလဒ်ကို စက်တင်ဘာ ၁၄ တွင် ပြန်လည်တင်ပြရန် အမိန့်ချမှတ်ပါသည်"လို့ STUM ကအသိပေးထားတာပါ။ 

 

အလုပ်သမားရဲ့တရားစွဲဆိုမှုနဲ့ပတ်သက်ပြီး တတိယမြောက် ရုံးချိန်းမှာ အလုပ်ရှင် အလုပ်သမား နှစ်ဖက်ကို ခရိုင်တရားသူကြီးက လက်ခံစစ်မေးခြင်းပြုလုပ်ခဲ့ရာ စက်ရုံဘက်က လုပ်ငန်းရှင်က တရားဆွဲဆိုခံထားရတဲ့စက်ရုံCEO နဲ့ HR ကိုယ်စား HR ကိုသာ တရားဝင် ကိုယ်စားလှယ်လွှဲအပ်ခဲ့ပြီး အလုပ်သမားဖြစ်သူဦးသောင်းဟန်က ကိုယ်တိုင်တက်ရောက်ခဲ့တာလို့သိရပါတယ်။ 

 

အမှုကို တရားမ စေ့စပ်ညှိနှိုင်းရေးလုပ်ထုံးလုပ်နည်းအရ ဩဂုတ်လ ၁၄ ရက် မနက် ၁၀ နာရီမှာ တိုင်းတရားရုံးမှာ နှစ်ဖက် ညှိနှိုင်းဖို့ ရုံးချိန်းပေးခဲ့တဲ့အပေါ် လုပ်ငန်းရှင်ဘက်က ညှိနှိုင်းမှုမပြုလုပ်ဘဲ အမှုကို ဆက်လက်စစ်ဆေးရန်သာ တောင်းဆိုခဲ့ပေမဲ့ ခရိုင်တရားသူကြီးက အလုပ်ရှင်တောင်းဆိုချက်ကိုလက်မခံဘဲ တရားရုံး လုပ်ထုံးလုပ်နည်းအတိုင်း ဩဂုတ်လ ၁၄ ရက်နေ့ တိုင်းတရားရုံးမှာ နှစ်ဖက် ညှိနှိုင်းဖို့နဲ့ ရလဒ်ကို စက်တင်ဘာ ၁၄ ရက်မှာ ပြန်လည်တင်ပြရန်သာ အမိန့်ချလိုက်တယ်လို့သိရပါတယ်။ 

 

အလုပ်သမားဦးသောင်းဟန်ဟာ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၃၁ ရက်က အလုပ်ခန့်ထားမှုဆိုင် ရာ သဘောတူစာချုပ်နှင့်မညီဘဲ အသက်အရွယ်ကြီးရင့်မှုကြောင့် အလုပ်ထုတ်ခံခဲ့ရတာဖြစ်လို့ မှော်ဘီ ခရိုင် တရားရုံးတွင် တရားမ နစ်နာကြေး ကျပ်သိန်း ၁၀,၀၄၀,၀၀၀ ရလိုမှုနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ 

 

အလုပ်ထုတ်ခံရသူဦးသောင်းဟန်က 

၂၀၂၂ ရက် နို၀င်ဘာလက (အလည) သို့တိုင်ကြားခဲ့ရာ မြို့နယ်ညှိနှိုင်းဖြန်ဖြေရေးသို့ လွှဲပြောင်းခဲ့လို့ ညှိဖြန်မှာ၃ကြိမ်ညှိနှိုင်းခဲ့ပြီး ခုံကောင်စီရဲ့ဆုံးဖြတ်ချက်ကိုခံယူခဲ့ပေမဲ့ အလညသို့ပြန်လည်လွှဲပြောင်းခဲ့တာကြောင့် အလညနှင့်တိုင်းရုံးတို့ ပေါင်းစပ်ညှိနှိုင်းမှု၃ကြိမ်ထပ်မံညှိနှိုင်းဖြေရှင်းခဲ့ရာ ပြေလည်မှုမရှိခဲ့ဘဲ ဦးစီးမှုးကနစ်နာသူကတရားစွဲဆိုရန် အမိန့်ညွှန်ကြားချက်ထုတ်ပေးဖို့ နစ်နာသူအလုပ်သမားက အကြိမ်ကြိမ်တောင်းဆိုခဲ့တာကြောင့် ၂၀၂၃ခုနှစ် မတ်လလယ်ရောက်မှသာ အလုပ်သမားကတရားစွဲစေဖို့ ညွှန်ကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။  

 

အဆိုပါအလုပ်သမားဟာ ပက်စီအချိုရည်စက်ရုံမှာ လုပ်သက် အနှစ်၂၀အထိလုပ်ကိုင်ခဲ့ရာမှ ၂၀၂၂ခုနှစ် ၁၀လ ၃၁ရက်က အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်နှင့်မညီဘဲ အလုပ်ထုတ်ခံခဲ့ရတာဖြစ်ပြီး လုပ်သက်အရ အလုပ်ထုတ်နစ်နာကြေးကျပ်သိန်း၅၀ကျော်ရရှိရမှာဖြစ်တယ်လို့လည်း သိရပါတယ်။ 

 

#MyanmarLabourNews


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026