NEWS

ဥပဒေပါခွင့်ခံစားခွင့်တွေမရရှိဘူးလို့အလုပ်သမားတွေပြော

CoverLogo
2.7K Views

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ၊ အမှတ်၁၃ရပ်ကွက်ရှိ DONGLONG(Pathein)အထည်ချုပ်စက်ရုံမှာ အလုပ်သမားများတွေအနေနဲ့  ဥပဒေပါခွင့် ခံစားခွင့်တွေမရရှိဘူးလို့ အလုပ်သမားတွေထံက သိရပါတယ်။

"နေမကောင်းလို့ ခွင့်ယူရင်ခွင့်မရဘူး အပြောအဆိုခံရတယ်။ အလုပ်သမားတွေကလည်း သူတို့ရဲ့ဥပဒေပါခွင့်တွေကို မသိလို့မယူတဲ့သူရှိသလို သိလို့ယူရင်လဲအပြောအဆိုခံရတယ်။ နေမကောင်းလို့ ခွင့်တိုင်မရတော့ အလုပ်ကိုလာတယ် အလုပ်ကျတော့မသက်သာလို့ ဂိတ်ပတ်တောင်းရင်တောင်မရဘူး ၊ မိုးလင်းကမိုးချုပ် Leader/Super တွေအဆဲခံရတယ် တချို့ Super/Leader တွေဆို နာမည်တောင်မခေါ်ဘူး ဖာ- မ ၊ ဖေ- မ လို့တောင်ခေါ်တယ် ၊ အလုပ်သမားတချို့ဆိုရင် Leader/Superတွေရဲ့ ခေါင်း​​ ခေါက်တာတို့ပေါင်တွေ ကျောကုန်းတွေရိုက်တာတို့ခံရတယ်၊ အထည်ပဲကျရင်လည်း လစာထဲကဖြတ်တယ်၊ Super တွေက လိုင်းသားတွေကို အထည်တွေနဲ့ပေါက်တာလဲတွေ့တယ် " လို့အဆိုပါစက်ရုံမှ အလုပ်သမားတစ်ဦးကပြောပါတယ်။

အဆိုပါစက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး လူဦးရေ နှစ်ထောင်ကျော်နဲ့ Muji တံဆိပ်ကိုချုပ်လုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါကဲ့သို့ လုပ်ငန်းခွင်အတွင်း အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရတာ ဉပဒေပါ ခွင့်ခံစားခွင့်တွေ ခံစားခွင့်မရတာ အပြင် လုပ်ငန်းခွင်ထဲမှာ ရိုင်းစိုင်းစွာ ဆဲဆိုနေတာတွေကို တာဝန်ရှိသူတွေဖြေရှင်းပေးစေလိုတယ်လို့ အဲ့ဒီစက်ရုံက အမည်မဖော်လိုတဲ့ အလုပ်သမားတွေကပြောဆိုပါတယ်။

#MyanmarLabourNews
 


Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026