NEWS

ဥပဒေချိုးဖောက် အချိန်ပိုအလုပ်ဆင်းရသည့်အကြောင်း အွန်လိုင်းပေါ်တင်သည်ဟု စွပ်စွဲပြီး အလုပ်သမား ၅၀ ကျော်အား အလုပ်ထုတ်

CoverLogo
496 Views

အလုပ်သမား ၅၀ ကျော်ကို စက်ရုံက ဥပဒေချိုးဖောက် အချိန်ပိုအလုပ်ဆင်းခိုင်းတာကို အွန်လိုင်းပေါ် တင်တယ်လို့ စွပ်စွဲပြီး Myanmar Bestfortune Garment စက်ရုံတာဝန်ရှိသူတွေက အလုပ်သမား တွေကို အလုပ်ထုတ်တာကြောင့် နှစ်ဖက် ညှိနှိုင်း မှုတွေ ဆောင်ရွက်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

 

ရွှေပြည်သာမြို့နယ်အတွင်းက အဲဒီ စက်ရုံမှာ အချိန်ပို အောလင်း၊ အောနိုက် အလုပ်ဆင်းခိုင်းခဲ့တာနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်မှာက ဖော်ပြခဲ့ရာ အဲဒီ ကိစ္စကို စက်ရုံအတွင်း လုပ်ကိုင်နေတဲ့ အလုပ်သမားတွေက သတင်း ပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အလုပ်သမား ၅၂ ဦးကို အကြောင်းပြချက် မခိုင်လုံဘဲ အလုပ်က ထုတ်ခဲ့တာလို့ ပြော ပါတယ်။ 

 

ပြီးခဲ့တဲ့လတွေက စက်ရုံတာဝန်ရှိသူတွေဟာ အလုပ်သမားတွေရဲ့ ဆန္ဒကို မေးမြန်းခြင်းမရှိဘဲ အချိန်ပို အောလင်း၊ အောနိုက်တွေကို ခေါ်ခဲ့တာကြောင့် အလုပ်သမားတွေ ကျေနပ်မှုမရှိလို့ ပြောဆိုခဲ့ရာကနေ လူမှုကွန်ရက်မှာ ဖော်ပြ ရေးသားထားကို တွေ့ခဲ့ရတာလို့ ဆိုပါတယ်။ 

 

အောက်တိုဘာ ၄ ရက်မှာတော့ HR မန်နေဂျာ ဒေါ်သန္တာဦး၊ သူဌေး စကားပြန် မသန်းသန်းတို့က WCC အဖွဲ့ဝင် တွေနဲ့ အတူ စက်လိုင်း အမှတ် ၁၀ က အလုပ်သမား ၂၆ ဦးကို အထည်မှာယူမှု (order) နည်းပါးတာကြောင့် နို့တစ်ကြေး တလစာနဲ့ အလုပ်ရပ်စဲမယ်ဆိုပြီး ခေါ်ယူ ပြောဆိုခဲ့တာလို့ သိရပါတယ်။ 

 

စက်ရုံအတွင်း နေ့စား အလုပ်သမားတွေ ရှိနေသလို အော်ဒါ တခုတည်းချုပ်တဲ့ လိုင်း ၃ လုံးထဲက လိုင်းအမှတ် ၁၀ အလုပ်သမား ၂၆ ဦးကိုပဲ ရွေးချယ် အလုပ်ထုတ်တာကို လက်မခံဘဲ WCC အဖွဲ့က ညှိနှိုင်းပေးဖို့ တောင်းဆိုခဲ့ တယ်လို့ ဆိုပါတယ်။ 

 

WCC အဖွဲ့က ညှိနှိုင်းမှုတွေ မပြုလုပ်ပေးခဲ့ဘဲ အလုပ်ရပ်စဲမှုကို အတည်ပြုခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

 

အချိန်ပို အောလင်း အောနိုက် ခိုင်းစေတာကို အွန်လိုင်းပေါ်တင်ဖို့ သတင်းပေးတယ်ဆိုတဲ့ စက်ရုံဘက်က ထင်မြင် ချက်၊ အလုပ်သမား ၂၆ ဦးထဲမှာ အလုပ်သမားအဖွဲ့အစည်းက အလုပ်သမားခေါင်းဆောင်တွေ ပါဝင်နေတာ ကြောင့်လည်း စက်ရုံဘက်က အလုပ်ထုတ်ချင်နေတာလို့ အလုပ်သမားတွေက ယူဆထားပါတယ်။ 

 

ညှိနှိုင်းမှု မပြေလည်လို့ အလုပ် ဆက်ဆင်းခွင့်ပြုခဲ့ပေမဲ့ အောက်တိုဘာ ၅ ရက် စပြီး လိုင်း ၁၀ အလုပ်သမားတွေ ကို အထည်ပေးချုပ်တာမရှိတော့ဘူးလို့ သိရပါတယ်။ 

 

အောက်တိုဘာ ၉ ရက်မှာတော့ အလုပ်ရှင်ရဲ့ ကိုယ်စားလှယ် ဒေါ်သဉ္ဇာဦးက လိုင်း ၁၀ က အလုပ်သမား ၅၂ ဦးကို ခေါ်ယူပြီး အခြားဌာနတွေကို ပြောင်းရွေ့ဖို့၊ ပြောင်းရွေ့ဖို့ မပြုလုပ်နိုင်ပါက နို့တစ်ကြေးအပါအဝင် လုပ်သက် ၁ နှစ်ကျော် ၁၅ ဦးနဲ့ တနှစ်အောက် အလုပ်သမားတွေကို EC စာချုပ်အတိုင်း နစ်နာကြေးပေး အလုပ်ထုတ်မယ်လို့ ထပ်မံပြောကြားခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ်။ 

 

လက်ရှိ အလုပ်သမားတွေကတော့ စက်ရုံဘက်က ပြောဆိုမှုတွေကို လက်မခံဘဲ ဆက်လက်ညှိနှိုင်း သွားမယ်လို့ ပြောဆိုထားပါတယ်။ 

 

Myanmar Bestfortune Garment Co. Ltd စက်ရုံကတော့ ရန်ကုန်မြို့၊ ရွှေပြည်သာစက်မှုဇုန်မှာ အလုပ်သမား ၁၅၀၀ ဝန်းကျင်နဲ့ လည်ပတ်နေပြီး လက်ရှိ AMISU၊ CRAFT၊ CLIQUE၊ Springfield ၊ LC WAIKIKI CLASSIC တံဆိပ်တွေ ချုပ်လုပ်နေတယ်လို့ Myanmar Labour News က သိထားပါတယ်။ 

#MyanmarLabourNews


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026